တစ်နာရီ ၉၂ မိုင်ကျော် နှုန်းမောင်းနိုင်မယ့် ကမ္ဘာ့အမြန်ဆုံးအရုပ်ကား တီထွင်နိုင်ခဲ့တဲ့ အင်ဂျင်နီယာကျောင်းသား

7.3.24-yyl-7.jpg

ဂျာမန်အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဟာ အရုပ်ကားတစ်စီးကို ၁၀ လကြာ အချိန်ယူ ပြင်ဆင်မွမ်းမံပြီး ကမ္ဘာ့အမြန်ဆုံး အရုပ်ကားကို တီထွင်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ မာဆယ်ပေါလ်ဟာ ကလေးစီး အရုပ်ကား(Bobby Cars)တွေကို အလွန်သဘောကျသူပါ။ သူဟာ ကလေးစီးအရုပ်ကားပြိုင်ပွဲတွေလည်း ပါဝင်ဆင်နွှဲခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆု ၁၄ ကြိမ်၊ ဥရောပချန်ပီယံဆု ၉ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး အရုပ်ကားပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံး ကားမောင်းသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ချန်ပီယံဆုတွေနဲ့တင် မတိမ်းတိမ်တဲ့ မာဆယ်ပေါလ်က ကမ္ဘာ့အမြန်ဆုံး ကလေးစီးပြိုင်ကား တီထွင်ဖို့ အကြံရခဲ့ပြီး ၁၀ လကြာ အချိန်ယူ တည်ဆောက်ခဲ့ပြီးနောက်မှာတော့ သူ ဖန်တီးတဲ့ကားက ယခင်စံချိန်ဟောင်း (တစ်နာရီ ၈၈ မိုင်)ကို ချိုးဖျက်ကာ တစ်နာရီ ၉၂.၂၄ မိုင်အထိ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

မာဆယ်ပေါလ်က ကလေးစီးတဲ့ Baby Porsche 911 ကားကို ဝယ်ယူခဲ့ပြီး အလူမီနီယမ်ကိုယ်ထည်နဲ့ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ အဲဒီကားမှာ အသုံးပြုမယ့် လျှပ်စစ်မော်တာနဲ့ ဘက်ထရီကိုတော့ ကုမ္ပဏီတစ်ခုမှာ အပ်ခဲ့ပါတယ်။ ဒီကားဖန်တီးဖို့ သူဟာ ဒေါ်လာ ၁၀၀၀၀ ဘတ်ဂျက် လိုအပ်ခဲ့ပြီး ဘတ်ဂျက်ရှာဖွေရတာလည်း သူ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘတ်ဂျက်ရလို့ ကားကို အပြီးသတ်တည်ဆောက်နိုင်ခဲ့ပြီး ဂျာမနီနိုင်ငံမှ ဟော့ကန်ဟိုင်ရင်းကားမောင်းကွင်းမှာ ဂင်းနက်စ်စံချိန် ချိုးခဲ့တာပါ။

Ref: German Student Creates the World’s Fastest Toy Car

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top