ဘရုစလီရဲ့အစ်မအကြီးဆုံး ကွယ်လွန်

အမ.jpg

ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုယ်ခံပညာအကျော်အမောမင်းသားကြီး ဘရုစလီရဲ့အစ်မအကြီးဆုံး ဖီဘီလီဟာ ဇွန် ၈ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပါပြီ။

ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် သူတာဝန်ထမ်းဆောင်ခဲ့တဲ့ The Bruce Lee Club က ဒီသတင်းကို ဇွန် ၁၄ ရက်နေ့ကမှ ကြေညာပေးခဲ့တာပါ။ “လီဟွိုင်ချွမ်ရဲ့အကြီးဆုံးသမီး၊ ဘရုစလီရဲ့အစ်မအကြီးဆုံးဖြစ်တဲ့ ဖီဘီလီက နွေးထွေးမှု၊ ဉာဏ်ပညာနဲ့ ခေါင်းဆောင်နိုင်စွမ်းတွေကို ကျွန်တော်တို့အသိုင်းအဝိုင်းဆီ ယူဆောင်လာပေးခဲ့ပါတယ်။ ဒီဆုံးရှုံးမှုအတွက် လီမိသားစုနဲ့အတူ ဝမ်းနည်းပူဆွေးနေရပါတယ်။ အခုအချိန်မှာ မိသားစုက ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို တောင်းဆိုထားပါတယ်။ နာရေးစီစဉ်နေတဲ့အတွက် သူတို့ရဲ့ကိုယ်ရေးကိုယ်တာကို လေးစားပေးကြဖို့ အများပြည်သူကို တောင်းဆိုပါတယ်။ အောက်မေ့ဖွယ်အခမ်းအနားနဲ့ပတ်သက်တဲ့နောက်ထပ်သတင်းတွေရရှိလာတာနဲ့ မျှဝေပေးပါမယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘရုစလီရဲ့သမီးဖြစ်သူ ရှန်နွန်ကလည်း အဒေါ်ဖြစ်သူကို “ငြိမ်းချမ်းစွာအနားယူပါ..အန်တီဖီဘီလီ၊ အန်တီရဲ့ဝိညာဉ်က ငြိမ်းချမ်းမှုကို သိပါစေ”လို့ ရေးသားခဲ့ပါတယ်။

ဘရုစလီနဲ့ ဖီဘီလီတို့က မွေးချင်းမောင်နှမ ၅ ယောက်ထဲမှာ ၂ ယောက်ဖြစ်ပါတယ်။ အစ်ကိုအကြီးဆုံး ပီတာက ၂၀၀၈ ခုနှစ်မှာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီး ဒုတိယတစ်ယောက်က ပြီးခဲ့တဲ့နှစ်မှာ သေဆုံးခဲ့ပါတယ်။ အခုဆို မွေးချင်းမောင်နှမမှာ အငယ်ဆုံးတစ်ယောက်ဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် ရော့ဘတ်ပဲ အသက်ရှင်နေပါသေးတယ်။

Ref: Bruce Lee’s sister Phoebe dies aged 88

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top