ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို သူ့ရဲ့ဒီဂျစ်တယ်ပုံတူရောင်းချတယ်ဆိုတဲ့သတင်းကို ငြင်းဆိုလိုက်တဲ့ ဘရုစ်ဝီလီ

3-10-2022-yyl34.jpg

ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကကနေ အနားယူလိုက်တဲ့ မင်းသားကြီး ဘရုစ်ဝီလီဟာ ဉာဏ်ရည်တုစနစ်နဲ့ ဗီဒီယို၊ အသံနဲ့ ပုံရိပ်တွေကို ဖန်တီးတဲ့ Deepcake ထုတ်လုပ်ရေးကုမ္ပဏီကို သူ့ရဲ့ဒီဂျစ်တယ်ပုံတူလုပ်ပိုင်ခွင့်ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းကို ငြင်းဆိုလိုက်ပါတယ်။ ဘရုစ်ဝီလီက Deepcake ကုမ္ပဏီနဲ့ပါတနာမဟုတ်သလို ဘာသဘောတူညီချက်မှလည်း မရှိပါဘူးလို့ ဘရုစ်ဝီလီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Hollywood သတင်းဌာနကို ပြောကြားခဲ့တာပါ။

လက်ရှိ ပျံ့နှံ့နေတဲ့ ဘရုစ်ဝီလီရဲ့ဒီဂျစ်တယ်ပုံတူဟာ Deepcake က ၂၀၂၁ ခုနှစ် ကြော်ငြာကမ်ပိန်းအတွက် ဖန်တီးခဲ့တာဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ အနာဂတ်မှာ သူ့ရဲ့ဒီဂျစ်တယ်ပုံတူကို ဘယ်လို အသုံးပြုတာမျိုးပဲဖြစ်ဖြစ် လက်မခံဘဲ ဖယ်ရှားသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Deepcake ကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး ဒီဂျစ်တယ်ပုံတူလုပ်ပိုင်ခွင့်ဆိုတဲ့ အသုံးအနှုန်းက မှားယွင်းပါတယ်၊ ဘရုစ်က ဘယ်သူကိုမှ မရောင်းပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဘရုစ်ဝီလီက ရုပ်ရှင်နဲ့ ဈေးကွက်ရှာဖွေရေးပရောဂျက်တွေမှာ ထည့်ဖို့အတွက် Deepcake ကို သူ့ရဲ့ဒီဂျစ်တယ်ပုံတူလုပ်ပိုင်ခွင့် ရောင်းချခဲ့တဲ့ ပထမဆုံးဟောလိဝုဒ်သရုပ်ဆောင်ဖြစ်တယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာပြီးတဲ့နောက်မှာ အခုလို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

အက်ရှင်မင်းသားကြီး ဘရုစ်ဝီလီက Aphasia ရောဂါကို ခံစားနေရပြီး သရုပ်ဆောင်အလုပ်ကနေ နှုတ်ထွက်တော့မယ်ဆိုတာကို အခုနှစ်မတ်လကုန်လောက်က ကြေညာခဲ့တာပါ။ Aphasia ရောဂါဆိုတာက ရောဂါခံစားနေရတဲ့သူကို ဘာသာစကားနားလည်နိုင်စွမ်းနဲ့ ပြောဆိုဆက်ဆံနိုင်စွမ်းအားနည်းသွားစေတဲ့ ကျန်းမာရေးအခြေအနေပါ။

Ref: 8daysSingapore “Bruce Willis Denies Reports He Sold His Digital Likeness To Deepfake Company”

NZ(ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top