နာမည်ကြီးပန်းပုပညာရှင်တစ်ဦးရဲ့လူငယ်စုံတွဲကြေးရုပ်တု

3-10-2022-yyl35.jpg

ပုံမှာမြင်နေရတဲ့ ရုပ်တုကို ဖန်တီးခဲ့သူကတော့ ပန်းပုပညာရှင်ဂျော့ဂျ် လွန်ဒီပါ။ အဲဒီရုပ်တုက ရထားဘူတာမှာ ထိုင်နေပြီး ရထားလာတာကို စောင့်ဆိုင်းနေတဲ့ လူငယ်စုံတွဲတစ်တွဲပါ။ ဂျော့ဂျ် လွန်ဒီဟာ နေ့စဉ်ဘဝက မြင်ကွင်းတွေကို သူ့ရဲ့ပန်းပုရုပ်အဖြစ် မကြာခဏ ပြောင်းလဲပစ်တတ်တဲ့သူဖြစ်တဲ့အတွက် အီတလီရထားဘူတာရုံမှာ စောင့်ဆိုင်းနေတဲ့ စုံတွဲတစ်တွဲကို မြင်ပြီး ပုံကြမ်းရေးဆွဲခဲ့တာပါ။ အဲဒီနောက် အဲဒီပုံကြမ်းကို လူအရွယ်အစားကြေးရုပ်တုအဖြစ် အသက်သွင်းခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ ဒီရုပ်တုကို စတင်ပြုလုပ်ခဲ့ပြီး (၂) နှစ်ကျော်အကြာမှာ ပြီးစီးခဲ့တာပါ။ ဒီရုပ်တုက ဂျော့ဂျ် လွန်ဒီ ပြုလုပ်ခဲ့တဲ့ ပထမဆုံးလူအရွယ်အစားရုပ်တုလည်းဖြစ်ပါတယ်။ ဒီရုပ်တုက Departure လို့ အမည်ရပြီး ကော်လိုရာဒိုပြည်နယ်၊ လက်ဗ်လန်းမြို့ရှိ ပန်းခြံတစ်ခုမှာ တည်ရှိပါတယ်။

Ref: Departure by George Lundeen

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top