Aphasia ရောဂါခံစားနေရပေမဲ့ သမီးဖြစ်သူ ရိုလာစကိတ်စီးတာကို ကူညီပေးခဲ့တဲ့ မင်းသားကြီးဘရုစ်ဝီလီ

9-5-2022-yyl26.jpg

မင်းသားကြီးဘရုစ်ဝီလီက Aphasia ရောဂါ (ဘာသာစကားနားလည်နိုင်စွမ်းနဲ့ ပြောဆိုဆက်ဆံနိုင်စွမ်းအားနည်းသွားစေတဲ့ ကျန်းမာရေးအခြေအနေ) ကို ခံစားနေရတဲ့အတွက် အနုပညာလောကကနေ အနားယူတော့မယ်လို့ ပြီးခဲ့တဲ့လအစောပိုင်းမှာ သူ့ရဲ့ဇနီးဖြစ်သူ အမ်မာ ဟမ်းမင်းက ကြေညာထားခဲ့တာပါ။ Aphasia ရောဂါကို ဘရုစ်ဝီလီ ခံစားနေရပေမဲ့ အသက် ၈ နှစ်အရွယ် သမီးဖြစ်သူ အက်ဗီလင်ကို ရိုလာစကိတ်စီးတာ ကူညီပေးဖို့တော့ မပျက်ကွက်ခဲ့ပါဘူး။ စကိတ်စီးနေတဲ့သမီးဖြစ်သူနဲ့ ဘရုစ်ဝီလီရဲ့ဗီဒီယိုအတိုလေးကို အမ်မာက အင်စတာဂရမ် Story မှာ မျှဝေခဲ့ပါတယ်။

အက်ဗီလင်က ကားဂိုဒေါင်မှာ ရိုလာစကိတ်စီးတာသင်ယူနေတဲ့အတွက် မင်းသားကြီးဘရုစ်က သူ့သမီးအတွက် အချိန်ပေးဖြစ်ခဲ့ပါတယ်။ အမ်မာ တင်ထားတဲ့ ဗီဒီယိုမှာ စကိတ်စီးနေတဲ့ သမီးဖြစ်သူရဲ့လက်ကို ကိုင်ပြီး ဘေးကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်လိုက်ပေးနေတဲ့ ဘရုစ်ကို မြင်တွေ့ရပါတယ်။

ရောဂါခံစားနေရပေမဲ့ မင်းသားကြီးဘရုစ်က ဗီဒီယိုထဲမှာ ပျော်နေတဲ့ပုံရပါတယ်။ မီးခိုရောင်တီရှပ်၊ မီးခိုးရောင်ရင့်ဘောင်းဘီနဲ့ အနက်ရောင်ရှုးဖိနပ်တို့ကို ဝတ်ဆင်ထားတဲ့ ဘရုစ်က သမီးဖြစ်သူအပေါ် အတော်လေးအလေးထားဂရုစိုက်ပြီး အချိန်ပေးနေတာကို တွေ့ရပါတယ်။

Aphasia ရောဂါကို ဘရုစ်ဝီလီ ခံစားနေရတဲ့အတွက် အနုပညာလောကကနေ အနားယူတော့မယ်ဆိုတာကို အမ်မာ ဟမ်းမင် ကြေညာခဲ့စဉ်က သူ့ရဲ့ပရိသတ်တွေ ထိတ်လန့်သွားခဲ့ရပါတယ်။ သူ့ရဲ့ရောဂါက ဉီးနှောက်အပေါ် များစွာ သက်ရောက်မှုရှိစေတာကြောင့် သရုပ်ဆောင်ပိုင်းမှာ အခက်အခဲတွေရှိလာမှာဖြစ်တဲ့အတွက် အနားယူလိုက်ရတာဖြစ်ပါတယ်။

Ref: Hollywoodlife “Bruce Willis Helps Daughter Evelyn, 8, Learn To Rollerskate Amid Aphasia Battle”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top