The Central ဘက်စုံသုံး အိမ်ရာစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ‘The Central Ginza’ အမည်ရ အဆင့်မြင့် ဈေးဝယ်နေရာစီမံကိန်းအား စတင်မိတ်ဆက်

yyl-16-036.jpg

Marga Landmark မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဘက်စုံသုံးအိမ်ရာ စီမံကိန်း The Central မှ ‘The Central Ginza’ ဟု အမည်ပေးထားသည့် အဆင့်မြင့် ဈေးဝယ်နေရာ စီမံကိန်း အသစ်တစ်ခုအား စတင်မိတ်ဆက်ခဲ့ပြီး မိတ်ဆက်ပွဲအခမ်းအနားအား ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်ကုမ္ပဏီများ၊ စီမံကိန်းတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် အတူ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ The Central Gallery Showroom တွင် ယနေ့ ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါ အဆင့်မြင့် ဈေးဝယ်နေရာ ‘The Central Ginza’ တည်ဆောက်ရေး စီမံကိန်းအား ကန်ဘဲ့လမ်းပေါ်တွင် ယခုစတင်နေပြီ ဖြစ်ကာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်သူလူထုအား ဖွင့်လှစ်ပေးသွားနိုင်ရန် ရည်မှန်းထားသည်။

“အခြားနိုင်ငံတကာက အထင်ကရ မြို့ပြကြီးတွေကို ကြည့်မယ်ဆိုရင် ခမ်းနားကြီးကျယ်လှတဲ့ ဒီဇိုင်းနဲ့ အဆင့်မြင့် ဈေးဝယ်နေရာတွေကို တွေ့ရှိနိုင်တဲ့နည်းတူ ရန်ကုန်မြို့မှာလည်း ဈေးဝယ်ဖို့အတွက် သီးသန့်မဟုတ်ပဲ လာရောက် လည်ပတ်သူတိုင်း အဆင့်မြင့် လူနေမှုအဆင့်အတန်းကို ရရှိခံစားနိုင်စေမယ့် အပန်းဖြေနေရာတစ်ခုကို ကျွန်တော်တို့ ဖန်တီးပေးသွားတော့မှာ ဖြစ်ပါတယ်။ အခု Marga Landmark ကနေတာဝန်ယူတည်ဆောက်နေတဲ့ The Central အဆင့်မြင့် ဘက်စုံသုံးအိမ်ရာ စီမံကိန်းကို အကောင်းမွန်ဆုံး လူနေမှုဘဝပုံစံအတွက် ထောင့်ပေါင်းစုံကနေ အသေအချာ စဉ်းစားရေးဆွဲတည်ဆောက်နေတာနဲ့အညီ The Central Ginza အဆင့်မြင့် ဈေးဝယ်နေရာဟာလည်း ရန်ကုန်မြို့ရဲ့ လူနေမှု အဆင့်အတန်းကို ပိုမိုမြင့်မားလာစေမှာ အသေအချာပါပဲ” ဟု Marga Group ၏ ဒါရိုက်တာ John Barnes မှ ပြောကြားသည်။

ရန်ကုန်မြို့၏ ခေတ်မီလှပသော အချက်အခြာပုံရိပ်တစ်ခု

ဈေးဝယ်ထွက်လိုသူများ၊ အစားအသောက် သုံးဆောင်လိုသူများနှင့် အပန်းဖြေလိုသူများ အားလုံးအတွက် လိုအပ်သော ဝန်ဆောင်မှုများအား တစ်နေရာတည်းတွင် ရရှိနိုင်သည့် တိုကျိုမြို့၏ နာမည်အကျော်ကြားဆုံးသော နေရာဒေသတစ်ခု၏ အမည်အား ထည့်သွင်းမှည့်ခေါ်ထားသည့် ‘The Central Ginza’ တွင် အထပ်ပေါင်း ၁၂ ထပ် ပါရှိမည် ဖြစ်သည့်အတွက် ရန်ကုန်မြို့၏ အမြင့်မားဆုံးသော ဈေးဝယ်စင်တာ တစ်ခုအဖြစ် ရပ်တည်သွားနိုင်ပြီဖြစ်ကာ အဆင့်မြင့် ဈေးဝယ်နေရာများ၊ ရုပ်ရှင်ရုံကြီးများနှင့် စားသောက်ဆိုင်များ ပါဝင်မည် ဖြစ်သည်။ Marga Group ၏ စိတ်ကူးစိတ်သန်းတစ်ရပ်ဖြစ်သော ‘The Central Ginza’ စီမံကိန်းအား ရန်ကုန်မြို့၏ ခေတ်မီလှပသော အချက်အချာ တည်နေရာတစ်ခုအဖြစ် ပေါ်ပေါက်လာစေရန် မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည့် LWK partners မှ တာဝန်ယူ တည်ဆောက်ပေးသွားမည် ဖြစ်သည်။ ရန်ကုန်မြို့၏ အချက်အခြာကျသော ကန်ဘဲ့လမ်းပေါ်တွင် တည်ရှိသည့် ‘The Central Ginza’ တွင် စုစုပေါင်း နေရာအကျယ်အဝန်း ဧရိယာ ၁၉,၀၀၀ စတုရန်းမီတာခန့် ပါရှိမည် ဖြစ်ပြီး ဈေးဝယ်ထွက်လိုသူများ၊ အစားအသောက် သုံးဆောင်လိုသူများနှင့် အပန်းဖြေလိုသူများ အားလုံးအတွက် အသင့်တော်ဆုံးသော အဆင့်မြင့် လူနေမှုပတ်ဝန်းကျင်တစ်ခုအဖြစ် ပုံဖော် တည်ဆောက်သွားမည် ဖြစ်သည်။

ခေတ်နှင့်အညီ လိုက်လျောညီထွေမှုရှိသော အပန်းဖြေနေရာများအား ကြိုက်နှစ်သက်ကြသည့် ရန်ကုန်မြို့တဝန်းမှ ပြည်သူလူထုအား ဆွဲဆောင်နိုင်စေရန် ထောင့်ပေါင်းစုံမှ စဉ်းစားရေးဆွဲ တည်ဆောက်ထားသည့် လူနေမှု ပတ်ဝန်းကျင် တစ်ခု

‘The Central Ginza’ ၏ မြေညီထပ်မှ ဒုတိယထပ်အထိတွင် ဈေးဝယ်ဆိုင်ခန်းများ ထည့်သွင်းပေးထားပြီး နိုင်ငံတကာနှင့် ပြည်တွင်းမှ အမှတ်တံဆိပ်များအား စုံလင်စွာ ပြသရောင်းချပေးသွားမည် ဖြစ်သည်။ ‘The Central Ginza’ သည် လာရောက်လည်ပတ်သူများအတွက် အဆင်ပြေလွယ်ကူမှု အပြည့်ရှိသည့် လူနေမှု ပတ်ဝန်းကျင်တစ်ခုဖြစ်လာမည့် အပြင် နာမည်ကျော် နိုင်ငံတကာ အမှတ်တံဆိပ်များစွာမှလည်း ဆိုင်ခန်းများ ဖွင့်လှစ်သွားမည် ဖြစ်သည့်အတွက် အဆင့်အတန်းမြင့်မားသော ဈေးဝယ်ယူမှု အတွေ့အကြုံများအား ရရှိ ခံစားသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ‘The Central Ginza’ ၏ ၉ လွှာနှင့် ၁၀ လွှာတွင်လည်း ရုပ်ရှင်ရုံများကို ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည့် အတွက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ရုပ်ရှင်ရုံများထဲမှ တစ်ခု အဖြစ် ရပ်တည်သွားနိုင်မည်ဖြစ်သည်။

ထို့အပြင် ‘The Central Ginza’ ၏ အထပ်ပေါင်း ၆ ထပ် (၃ လွှာ၊ ၅ လွှာမှ ၈လွှာနှင့် ၁၁ လွှာ) တွင် အမျိုးအစား အစုံလင်ဆုံးသော အစားအစာများနှင့် သောက်သုံးဖွယ်ရာများကို ရယူသုံးဆောင်နိုင်မည့် စားသောက်ဆိုင်များ၊ ဘားများ၊ အပန်းဖြေနေရာများပါရှိမည် ဖြစ်သည်။ အဆောက်အဦး၏ အပေါ်ဆုံးထပ် (၁၁ လွှာ) တွင် တည်ရှိသည့် အမိုးပွင့်ဘား မှတဆင့်လည်း ရန်ကုန်မြို့၏ ရင်သပ်ရှုမောဖွယ် ကောင်းလှသော မြင်ကွင်းအား အပေါ်စီးမှ မျက်စိတစ်ဆုံး ကြည့်ရှုခံစားသွားနိုင်မည် ဖြစ်သည်။

“ပိုမိုများပြားတဲ့ ဆိုင်ခန်းအရေအတွက်ပါရှိအောင် ‘The Central Ginza’ ကိုအလွှာပေါင်းများစွာနဲ့ ခေတ်မီလှပအောင် ဒေါင်လိုက်ချဲ့ထွင် တည်ဆောက်ထားတဲ့အတွက် လာရောက်လည်ပတ်သူတွေအနေနဲ့ စုံလင်လှတဲ့ ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာ အလွယ်တကူ ရယူသွားနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့ပြနဲ့ သဘာဝ အလှတရားတွေကို အပြည့်အဝ ပေါ်လွင်စေနိုင်မယ့် ကမ္ဘာ့အဆင့်မီ ဘက်စုံသုံးအိမ်ရာ စီမံကိန်းတစ်ခုကို တည်ဆောက်သွားနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ Marga Landmark အနေနဲ့ အနာဂတ်မှာလည်း ပိုမို ခေတ်မီ တိုးတက်တဲ့ လူနေမှုဘဝတွေကို ပေးအပ်နိုင်မယ့် စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ဆက်လက် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု Marga Group ၏ ဒါရိုက်တာ John Barnes မှပြောကြားသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top