Iron Cross ၏ Born To Rock ဂီတဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့တွင် ကျင်းပမည်

IC-B2R.jpg

မြန်မာနိုင်ငံ၏ Rock Legends များ ဖျော်ဖြေတင်ဆက်မည့် Born to Rock Concert ကြီးကို အောက်တိုဘာလ (၁၂) ရက်နေ့ ညနေ (၄)နာရီမှစပြီး ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park ၌ Iron Cross တေးဂီတချစ်မြတ်နိုးသူ သောင်းချီ ပျော်ပျော်ပါးပါး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲကို We Events မှ Rock ဂီတ နှစ်သက်သူတို့ သီတင်းကျွတ်ပိတ်ရက်တွင် အကြမ်းစား သံစဉ် အမိုက်စား ဖျော်ဖြေမှုတို့ကို ထိတွေ့ခံစားနိုင်စေရန် ရည်ရွယ်လျက် ကြီးမှူးကျင်းပခြင်းဖြစ်ပြီး BAWDAR Beer မှ Title Sponsor အဖြစ် အဓိက ကူညီပံ့ပိုးပေးထားပါသည်။

Born to Rock Music Concert တွင် Iron Cross Band ၏ ပင်တိုင်အဆိုရှင်များ ဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း နှင့်အတူ Lead Guitarist ချစ်စမ်းမောင်၊ Bass Guitarist ကိုခင်မောင်သန့်၊ KeyboardPlayer ကိုဗညားနိုင် နှင့် Drummer ကိုခရမ်းတို့မှ ပရိသတ်ရင်ထဲတွင် နှစ်ပေါင်းများစွာတိုင် တည်ရှိနေသည့် သီချင်းကောင်းများကို ခံစားချက် အပြည့် သံစဉ် အကြမ်းစားများနှင့် သီဆိုတီးခတ်သွားရင်း ရင်သပ်ရှုမောစွာ ခံစားနားဆင်ခွင့်ပေးရင်း ပွဲကြည့်သူ ပရိသတ်တို့၏ နှလုံးသားကို ဖမ်းစားသွားမည်ဖြစ်သည်။ Born to Rock Concert သို့ အနုပညာရှင် အမြောက်အများလည်း တက်ရောက်အားပေး ကြည့်ရှုကြမည် ဖြစ်သည်။

ဤ Iron Cross – Born to Rock concert ပွဲကို Title Sponsor အဖြစ် BAWDAR Beer မှ အဓိက ပါဝင်ပံ့ပိုးပေးထားပြီး ပွဲ၏ partners များ အဖြစ် Real Fitness မှ Fitness Partner အဖြစ်လည်းကောင်း၊ Ibis နှင့် Novotel Yangon Max မှ Hospitility Partner များအဖြစ်လည်းကောင်း၊ Get Ride မှ Transportation Partner အဖြစ်လည်းကောင်း ကူညီအားဖြည့်ပေးထားသည်။ လက်မှတ်များကို Pre-order အဖြစ် စက်တင်ဘာလမှ စတင်ရောင်းချနေပြီဖြစ်သည်။ Ticket ဈေးနှူန်းများမှာ GA – (၁၂,၀၀၀) ကျပ်၊ VIP – (၄၀,၀၀၀) ကျပ်၊ နှင့် VVIP – (၈၀,၀၀၀) ကျပ်တို့ဖြစ်ပြီး အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အတွင်း သွားရောက် ဝယ်ယူရရှိနိုင်ပါသည်။ လက်မှတ်ဝယ်ယူ ရရှိနိုင်သော ဆိုင်ခွဲများမှာ G&G convenience store များ၊ Real Fitness ဆိုင်ခွဲများ၊ Music Box၊ Harry’s၊ Old School၊ Terminal 5 နှင့် The Heaven Bistro တို့တွင် သွားရောက် ဝယ်ယူနိုင်ပြီး Ticket များကို Hotline များဖြစ်သော 1876, 1886, 09-451010789 နှင့် We Events facebook page, Latmat facebook page နှင့် MMtixx facebook page မှလည်း ဆက်သွယ်မှာယူရရှိနိုင်ပါသည်။ ပွဲနှင့် ပတ်သက်သော အသေးစိတ် သတင်းအချက်အလက်တို့ကိုလည်း Iron Cross – Born to Rock facebook page မှ ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top