အသက် (၁၁) နှစ်အရွယ်မှာ ရည်မှန်းချက်ကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့တဲ့ ကလေးလေး

yyl-23-008.jpg

ကလေးလေးတစ်ယောက်ကတော့ သူ့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့လို့ ပျော်နေလောက်ရောပေါ့။ အဲဒီကလေးက အသက် (၁၁) နှစ်အရွယ် အိုင်ဒန် ဂျာကွက်စ် (Aiden Jaquez) ပါ။ သူဟာ ပြည်နယ် (၅၀) လုံးမှာ Half marathon ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ထဲမှာ သူက အငယ်ဆုံးဖြစ်တဲ့အတွက် ကမ္ဘာစံချိန်ချိုးနိုင်ခဲ့ပါတယ်။

အိုင်ဒန်က အီလီနွိုင်းပြည်နယ်၊ မောင့်ဂိုမာရီမြို့ကဖြစ်ပြီး အိုင်အိုဝါပြည်နယ်က IMF Des Moines half marathon ကို ပြီးမြောက်ခဲ့ပြီး ပြည်နယ် (၅၀) မှာ သူဟာ half marathonပြေးတဲ့ အသက်အငယ်ဆုံးသူဖြစ်လာခဲ့တာပါ။ အိုင်ဒန်က သူ့အသက် (၆) နှစ်ကတည်းက half marathon ကို ပြေးချင်ခဲ့တာပါ။ အပြေးပြိုင်ပွဲမှာ သူ့ရဲ့အဘွား အနိုင်ရတာကို မြင်ပြီး သူ့အဘွားလို ဆုတံဆိပ်တွေကို လိုချင်ခဲ့ပါတယ်။ ဒါကြောင့် (၁၃.၁) မိုင်လုံးကို ပြေးခဲ့တာပါ။

သူရဲ့ ပထမဆုံး half marathon က သူ့အသက် (၆) နှစ်တုန်းက ဆာရာဆိုတာမှာဖြစ်ပါတယ်။ အစက သူရဲ့ရည်မှန်းချက်က ပြည်နယ်တိုင်းမှာ Half marathon ကို ပြေးဖို့ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ Half marathon ပြေးတာက သူအငယ်ဆုံးဖြစ်နိုင်တယ်ဆိုတာ နားလည်လာခဲ့ပါတယ်။

သူ့အရွယ်ကလေးတော်တော်များများက half marathon ကိုမပြေးကြတဲ့အတွက်၊ ပျော်စရာလည်းကောင်းတဲ့အတွက်၊ သူ့အဘွားနဲ့ပြေးချင်တဲ့အတွက် သူက Half marathon ကိုပြေးရတာ ကြိုက်တာဖြစ်ပါတယ်။ အကွာအဝေးအကြာကြီးပြေးရတာက သူ့အတွက် ပိုပြီးလွယ်ကူတာကို ရှာတွေ့ခဲ့ပါတယ်။ အကွာအဝေးနည်းနည်းက အရမ်းမြန်မြန်ပြေးရတဲ့အတွက်ကြောင့်ပါ။
50 States Half Marathon Challenge ကို ပြီးမြောက်ဖို့အတွက် အိုင်အိုဝါပြည်နယ်က နောက်ဆုံးပါ။ အရင်က အိုင်ဒန်လို မှတ်တမ်းမျိုးရခဲ့တာက ဆိုင်ရာဖီနာ မိုဟာမတ်ဆိုတဲ့ ကောင်မလေးပါ။ သူက အသက် (၁၂) နှစ်အရွယ်မှာ 50th half marathon ကို ပြီးမြောက်ခဲ့တာဖြစ်ပါတယ်။

အိုင်ဒန်ရဲ့မှတ်တမ်းက ဂင်းနစ်အရ တရားဝင်မသတ်မှတ်ရသေးပါဘူး။ ဒါပေမဲ့ သူ့မိသားစုကတော့ မျှော်လင့်နေပါတယ်။ အိုင်ဒန်က ငယ်ငယ်လေးနဲ့ ရည်မှန်းချက်ထားခဲ့ပြီး ဒါကိုအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူ အဲဒီလိုဖြစ်ဖို့အတွက် (၅) နှစ်နီးပါးကြာခဲ့တယ်လို့ သိရပါတယ်။

Ref: CBSNews “11-year-old reportedly becomes youngest person to run a half marathon in all 50 states”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top