ကမ္ဘာကျော်အဆိုအဖွဲ BTS ဟာ သီချင်းအသစ်ထွက်ရှိမှာဖြစ်သလို ၂၀၂၆ ကမ္ဘာလှည့်ဖျော်ဖြေပွဲလည်း လုပ်ဆောင်မှာဖြစ်တယ်ဆိုတာကို ဇူလိုင် ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။ အဖွဲဝင်တွေဟာ တောင်ကိုရီးယားမှာ စစ်မှုထမ်းတာဝန်တွေထမ်းဆောင်ဖိုအတွက် BTS အဖွဲကို ၂၀၂၂ ခုနှစ်ကတည်းက ခေတ္တနားထားခဲ့တာပါ။
အယ်လ်ဘမ်အသစ်ထွက်ရှိဖိုအတွက် ဇူလိုင်လထဲမှာ အမေရိကန်ကို သွားရောက်တော့မှာဖြစ်တယ်လို BTS အဖွဲဝင်တွေက Weverse Livestream ကနေ ထုတ်ပြောခဲ့တာပါ။
“ကျွန်တော်တို အယ်လ်ဘမ်အသစ်ကို လာမယ့်နှစ်နွေဦးရာသီမှာ ဖြန့်ချီသွားမှာပါ။ ဇူလိုင်လကစပြီး ကျွန်တော်တို ၇ ယောက်လုံး နီးနီးကပ်ကပ်လက်တွဲလုပ်ဆောင်သွားမှာပါ။ အဖွဲလိုက်အယ်လ်ဘမ်ဖြစ်တဲ့အတွက် အဖွဲဝင်တစ်ယောက်ချင်းရဲ့အတွေးအမြင်တွေကို ထင်ဟပ်စေမှာပါ။ အယ်လ်ဘမ်အသစ်နဲ့အတူ ကမ္ဘာ့လှည့်ဖျော်ဖြေပွဲလုပ်ဖိုလည်း စီစဉ်နေပါတယ်။ ကမ္ဘာ့တစ်ဝှမ်းက ပရိသတ်တွေဆီ ကျွန်တော်တို အလည်လာတော့မှာပါ။ ဒါကြောင့်မို ပရိသတ်တွေလည်း ကျွန်တော်တိုစိတ်လှုပ်ရှားနေသလို စိတ်လှုပ်ရှားနေမယ်လို မျှော်လင့်ပါတယ်”လို ပြောသွားခဲ့တာပါ။
Ref: BTS members reunite after military service, announce new album
WL (ရိုးရာလေး)