အသက် ၂၉ နှစ်အရွယ် ယွီဟောင်ဘိုဆိုသူဟာ သူ့သားရဲ့ကင်ဆာရောဂါကုသစရိတ်အတွက် ငွေလိုအပ်လို ပစ္စည်းခိုးယူရောင်းချခဲ့မိရာမှ ထောင်ဒဏ်၄ နှစ်ကျခဲ့ရပါတယ်။ သားဖြစ်သူ ဆုံးတော့ သူဟာ ထောင်ထဲမှာရှိနေတုန်းပါပဲ။ သူဟာ ပြစ်ဒဏ်လျှော့ပေါ့မှုနဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ သူရဲ့ကြေကွဲစရာဇာတ်လမ်းက လက်ရှိမှာတော့ လူမှုကွန်ယက်မှာ ပျံ့နှံလိုနေပါတယ်။ ယွီဟောင်ဘိုရဲ့ဇာတ်လမ်းက အခုလိုစတင်ခဲ့တာပါပဲ။
ယွီဟာ တရုတ်နိုင်ငံ၊ ကျီလင်ပြည်နယ်က လယ်သမားမိသားစုကနေ ကြီးပြင်းလာခဲ့တာပါ။ ဆယ်ကျော်သက်အရွယ်ရောက်တော့ ကျောင်းထွက်ခဲ့ပြီး စာဖိုမှူးအလုပ်နဲ့ ဂဟေဆော်သမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ သူ့ချစ်သူကောင်မလေး ကျောင်မင်ယွီနဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ၁၉ နှစ်အရွယ်မှာ ယီကျာရွဲရဲ့ဖခင်ဖြစ်လာခဲ့ပါတယ်။
သူက သူ့သားလေးအတွက် ကောင်းမွန်တဲ့ဘဝလေးပေးဖို ဆုံးဖြတ်ထားခဲ့တာပါ။ မော်တော်ကားစက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး တစ်လကို ယွမ် ၂၀၀၀ ကျော်ရပါတယ်။ ဇနီးဖြစ်သူကတော့ ကျာရွဲကို ပြုစုစောင့်ရှောက်ရင်း အိမ်မှာပဲ နေပါတယ်။ သားဖြစ်သူ ၃ နှစ်အရွယ်ရောက်တော့ မကြာခဏ ဖျားနာနေခဲ့ပြီး လမ်းအနည်းငယ်လျှောက်လိုက်တာနဲ့ လဲကျနေခဲ့ပါတယ်။ ပင်ပန်းတယ်လိုလည်း ညည်းနေခဲ့ပါတယ်။ အစကတော့ ယွီက သူ့သားအခုလိုဖြစ်နေတာကို သိပ်ပြီး မစဉ်းစားမိခဲ့ပါဘူး။
တစ်နေ့တော့ သားဖြစ်သူက လှေကားထစ်ကနေ ဆင်းလာတဲ့အချိန် ခြေချော်ကျသွားခဲ့ကာ သူ့ခြေထောက်မှာ ပွန်းပဲ့ဒဏ်ရာကြီးကြီးရသွားခဲ့ပါတယ်။ ကလေးတွေဆိုတာက တစ်ခုခုနဲ့ တိုက်မိရင် ပွန်းပဲတတ်ပြီး ရက်အနည်းငယ်ကြာရင် ကောင်းသွားမယ်လို ယွီ တွေးခဲ့တာပါ။ ဒါပေမဲ့ ကျာရွဲရဲ့ဒဏ်ရာက ပိုဆိုးလာခဲ့ပြီး ရောင်ရမ်းလာခဲ့ပါတယ်။ ချက်ချင်းပဲ ဆေးရုံပိုခဲ့ရပါတယ်။
ကလေးကို စစ်ဆေးပြီးတဲ့နောက်မှာ သွေးကင်ဆာဖြစ်နေတယ်ဆိုတာ သိခဲ့ရပါတယ်။ ယွီက ရောဂါကို ကြားလိုက်တဲ့အချိန်မှာ ထိတ်လန့်သွားခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက သူက သူ့သားကို ကုသပေးမယ်၊ ဘယ်လိုဖြစ်ဖြစ် ကယ်တင်မယ်ဆိုတဲ့ အတွေးပဲရှိခဲ့ပါတယ်။ ကုသမှုခံယူဖိုအတွက် ယွီတိုမိသားစုက တီယန်ကျင်းမြိုရဲ့ဆေးရုံအနီးနားက တစ်လကို ယွမ် ၁၀၀၀ ပေးရတဲ့ အိမ်လေးကို ငှားနေခဲ့ပါတယ်။ ဓာတုကုထုံးခံယူစဉ်အတွင်း ကျာရွဲက ဆေးအရှိန်ကြောင့် အစာပျော့တာတွေပဲ စားခဲ့ရပါတယ်။ တစ်ဇွန်းစားတိုင်း အန်နေခဲ့ပါတယ်။
ကျာရွဲက ဆေးရုံအခန်းထဲမှာပဲ တစ်နေ့လုံး နေခဲ့ရပြီး အခန်းပြတင်းပေါက်ကနေပဲ အခြားကလေးတွေဆော့ကစားနေတာကို ကြည့်ခဲ့ရတာပါ။ ယွီက သူ့သားခံစားနေရတာကို မြင်ရင်း နှလုံးသားကို ဓားနဲ့ မွှန်းသလို ခံစားခဲ့ရတာပါ။ ယွီတိုရဲ့စုဆောင်းငွေကလည်း တဖြည်းဖြည်းနဲ့ကုန်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် မော်တော်ကားစက်ရုံမှာ အလုပ်ပြန်လုပ်ပြီး တစ်နေ့ကို ၃ ဆိုင်းဆင်းခဲ့ပါတယ်။ သူ တစ်ချက်ကလေးမှာ နားမနေဘဲ အခြားအလုပ်တွေကိုလည်း ရှာဖွေခဲ့ပါတဘ်။ တစ်နေ့ကို အိပ်ချိန် ၂ နာရီ-၃နာရီပဲ ရခဲ့ပါတယ်။

အဲ့လို အလုပ်လုပ်ခဲ့တာတောင် သားဖြစ်သူရဲ့ဆေးကုသစရိတ်ပေးဖို မလုံလောက်ခဲ့ပါဘူး။ သူ့ရဲ့လင်မယားပိုင်အိမ်ကို ရောင်းခဲ့တဲ့အပြင် ငွေလည်း ချေးခဲ့ပါတယ်။ ၂ နှစ်အကြာမှာ ကျာရွဲရဲ့အခြေအနေတည်ငြိမ်လာခဲ့ပါတယ်။ ယွီတိုမိသားစုက ကျီလင်ပြည်နယ်၊ ချန်ချွင်းမြိုကို ပြန်ခဲ့ပြီး ဆေးစစ်တဲ့အချိန်မှပဲ တီယန်ကျင်းမြိုကို သွားပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလမှာ ဆေးရုံက ယွီကို ခေါ်ပြီး ကလေးကို နောက်ထပ်ဆေးစစ်ဖို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဆေးစစ်ဖိုအတွက် ငွေကြေးအများကြီး ကုန်ကျမှာပါ။ အခုတစ်ခေါက်မှာတော့ ယွီက အလုပ်လည်းမရှိတော့၊ သူ့ရဲ့ဆွေမျိုးတွေကလည်း အရင်က ချေးထားခဲ့လို ပိုက်ဆံထပ်မချေးပေးတော့ပါဘူး။ သူ ပိုက်ဆံလိုနေတဲ့အချိန်မှာ လမ်းဘေးထရန်စဖော်မာတွေရဲ့ကြေးနီတွေကို ရောင်းချရင် ပိုက်ဆံရနိုင်တယ်လို သူ့သူငယ်ချင်းက ပြောခဲ့ပါတယ်။
အစက ယွီဟာ ဒီအလုပ်က တရားမဝင်ဘူးဆိုတာသိတဲ့အတွက် ဒီအကြံဉာဏ်ကို ငြင်းခဲ့ပေမဲ့ သူ့သားရဲ့အခြေအနေနဲ့ ဆေးစစ်ဖိုကုန်ကျစရိတ်ကို တွေးမိလိုက်တဲ့အချိန်မှာ လုပ်ဖို ဆုံးဖြတ်ခဲ့ပါတယ်။ သူက ထရန်စဖော်မာ အလုံး (၂၀) က ကြေးနီတွေကို ခိုးယူပြီး ယွမ် ၃၀၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ ၂ လအကြာမှာတော့ ယွီအဖမ်းခံရပြီး ထောင် ၄ နှစ်ကျခဲ့ပါတယ်။
ယွီ ထောင်ကျသွားတဲ့အတွက် ဇနီးဖြစ်သူက ကျာရွဲကို စောင့်ရှောက်ရင်း အလုပ်မျိုးစုံလုပ်ခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ သူ့မိသားစုက ယွီဆီကို လာလည်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သားဖြစ်သူရဲ့ဦးခေါင်းအနောက်ဘက်မှာ အကျိတ်ကို သတိထားမိခဲ့ပါတယ်။ ကလေးရဲ့မျက်နှာကလည်း ရောင်ရမ်းနေပါတယ်။ ကျာရွဲရဲ့သွေးကင်ဆာက ပြန်ဖြစ်နေပြီး non-Hodgkin malignant neuroblastoma ရောဂါ(ပြန်ရည်ကြော စနစ်တွင် ဖြစ်ပွားသော ကင်ဆာ)ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို သူ့မိသားစုက ယွီကို ပြောပြခဲ့ပါတယ်။
အဲ့ဒီအကြောင်းကို ယွီကြားတော့ မြေပြင်ပေါ်လဲကျသွားခဲ့ပြီး သားဖြစ်သူကို ကယ်ပေးဖိုအတွက် သူ့မိသားစုကို ဒူးထောက် တောင်းပန်ခဲ့ပါတယ်။ ရဲတွေနဲ့ အကျဉ်းသားတွေကယွီအကြောင်းကြားပြီး သူ့ကို စာနာပြီး ကူညီပေးဖို ယွမ် ၇၀၀၀၀ ကျော် စုပေးခဲ့ကြပါတယ်။ အဲ့ဒီနှစ်ဇွန်လမှာ ယွီက သားဖြစ်သူဆီ အလည်သွားဖို ခွင့်ပြုချက်ရခဲ့ပါတယ်။ မိနစ် ၃၀ အလည်သွားခွင့်ရတဲ့အတွင်း ယွီက ငိုပြီး သားဖြစ်သူရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့ပါတယ်။ သားဖြစ်သူက “အဖေ….မနက်စာ စားပြီးပြီလား။ ဘာစားခဲ့လဲ”တဲ့။ နောက်တော့ ကလေးက စကားပြောဖို အရမ်းအားနည်းနေတဲ့အတွက် တိတ်ဆိတ်သွားခဲ့ပါတယ်။ လည်ခွင့်အချိန်ပြည့်သွားတဲ့အချိန်မှာ ကျာရွဲက “အဖေ..ထောင်ထဲမှာ နေကောင်းအောင်နေပါ။ အဖေ သွားလိုရပြီ။ ရဲတွေစောင့်နေကြတယ်”လို ပြောရှာတယ်။
၁ လကြာတော့ ကျာရွဲရဲ့အခြေအနေဆိုးရွားပြီး ကွယ်လွန်သွားခဲ့ပါတယ်။ သားဖြစ်သူ ကွယ်လွန်သွားတဲ့အကြောင်းကို ယွီသိသွားရင် စိတ်မထိန်းနိုင်ဖြစ်မှာ စိုးတဲ့အတွက် သူ့မိသားစုက မပြောဘဲနေခဲ့ပါတယ်။ တစ်စုံတစ်ယောက်က ကျာရွဲ သေသွားပြီဆိုတာကို မတော်တဆ မီဒီယာအင်တာဗျူးမှာ ဖြေကြားလိုက်တဲ့အချိန်မှာတော့ ယွီ သိသွားခဲ့ပါတယ်။ ယွီက မယုံကြည်နိုင်ဖြစ်ခဲ့ပြီး သူ့သား အသက်ရှင်နေသေးတယ်လို အော်ဟစ်ခဲ့ပါတယ်။
ကျာရွဲက သူ့အဖေရဲ့အနီးနားမှာ နေချင်ခဲ့တဲ့အတွက် ထောင်ရဲ့အနီးနားက Jingyuetan Lake မှာ အရိုးပြာကျဲခဲ့တယ်လို ယွီရဲ့အဖေက ယွီကို ပြောပြခဲ့ပါတယ်။ ယွီအတွက် ကျာရွဲရဲ့နောက်ဆုံးစကားက “အဖေ…အဖေ ထောင်ကနေ လွတ်လာတဲ့အချိန်ကျ သားကို မလွမ်းပါနဲ့။ တကယ်လို အဖေ သားကို လွမ်းခဲ့ရင် Jingyuetan Lake ကို သွားပါ။ အဲ့ဒီမှာ သားအမြဲရှိနေမှာပါ”တဲ့။
ယွီက ၇ လ စောပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ ထောင်ကနေ လွတ်ခဲ့ပါတယ်။ ထောင်ကနေ ထွက်လာပြီးနောက် သူ့ဘဝက မလွယ်ကူခဲ့ပါဘူး။ ပြစ်မှုမှတ်တမ်းရှိတဲ့အတွက် အလုပ်ရှာရတဲ့ခက်ခဲ့ပါတယ်။ သူ့အစ်ကိုရဲ့အကြံပေးမှုကြောင့် အပိုဝင်ငွေရဖိုအတွက် ယွီက လူမှုကွန်ယက်အကောင့်တစ်ခုဖြစ်ခဲ့ပါတယ်။ အစကတော့ ကင်မရာရှေ့ရောက်ရင် မနေတတ်တာ၊ စကားမပြောတာတွေကြောင့် ဗီဒီယိုရိုက်ရာမှာ အခက်အခဲရှိခဲ့ပါတယ်။ ဖြစ်ခဲ့တာတွေကို ပြန်ပြောရင် နာကျင်ရတာကြောင့်မို သားဖြစ်သူရဲ့အကြောင်းကိုတော့ အရမ်းမပြောချင်ခဲ့ပါဘူး။
အခုဆို ယွီက ဖော်လိုဝါ ၈၀၀၀၀ ရရှိနေပြီး သူ့အကြောင်းနဲ့ သူ့မိသားစု နေ့စဉ်ဘဝအကြောင်းပိုစ်တွေအပြင် သူ့ရဲ့ဟင်းချက်စွမ်းရည်ပြတဲ့ဗီဒီယိုတွေကို တင်ပေးပါတယ်။ ထောင်ကနေ လွတ်လာပြီးကတည်းက ယွီဟာ ၂ ပတ် ၁ ခါ Jingyuetan Lake ကို သွားလေ့ရှိပါတယ်။ ဇွန် ၁၅ (အဖေများနေ့) တုန်းကလည်း အရုပ်တွေ၊ ကိတ်နဲ့ ပန်းတွေ ဝယ်သွားပြီး အချိန်ကြာကြီး ရှိနေခဲ့ပါတယ်။
Ref: Dad in China steals to pay for son’s cancer treatment, son dies while dad in jail
WL (ရိုးရာလေး)