ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS ဟာ တောင်ကိုရီးယားရဲ့စစ်မှုထမ်းမနေရဥပဒေအတိုင်း လိုက်နာပြီး စစ်မှုထမ်းဆောင်ရမှာ သေချာသွားခဲ့ပါပြီ။ BTS အဖွဲ့ဝင်တွေက အစဉ်လိုက် စစ်မှုထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ပရိသတ်တွေက BTS အဖွဲ့ဝင်တွေကို ၂၀၂၅ ခုနှစ်ဝန်းကျင်လောက်မှ အဖွဲ့လိုက်ပြန်လည်မြင်တွေ့ရတော့မှာပါ။
အရင်ဆုံး စစ်မှုထမ်းဆောင်မှာက အကြီးဆုံးအဖွဲ့ဝင် Jin ပါ။ Jin က အောက်တိုဘာလကုန်အထိ သူ့ရဲ့အချိန်ဇယားတွေကို အပြီးသတ်ပြီးတာနဲ့ စစ်မှုထမ်းဆောင်မယ့် လုပ်ငန်းစဉ်ကို လိုက်နာလုပ်ဆောင်သွားမှာပါ။ ကျန်တဲ့အဖွဲ့ဝင်တွေကလည်း သူတို့ရဲ့တစ်ဦးချင်းအစီအစဉ်တွေအပေါ် အခြေခံပြီး စစ်မှုထမ်းဆောင်သွားဖို့ စီစဉ်ထားပါတယ်။
BTS ရဲ့Yet to Come ဟာ နောက်ဆုံးထွက်အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ထက်ပိုတဲ့ BTS က နောက်နှစ် နောက်နှစ်တွေမှာ လာဦးမှာပါဆိုတဲ့ ကတိတစ်ခုဖြစ်ပါတယ်။ မကြာသေးခင်က BTS အဖွဲ့ဟာ World 2030 အတွက် ဘူဆန်ရဲ့ကမ်းလှမ်းမှုကို ပံ့ပိုးဖို့ အခမဲ့ဖျော်ဖြေပွဲကျင်းပခဲ့ပါသေးတယ်။ ဒါက အဖွဲ့လိုက်အနေနဲ့ ပရိသတ်တွေ နောက်ဆုံးမြင်တွေ့ရတဲ့ ဖျော်ဖြေပွဲဖြစ်ပါလိမ့်မယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ဥပဒေအရ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်ကြား ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတိုင်း တောင်ကိုရီးယားစစ်တပ်မှာ လ ၂၀ ကြာ စစ်မှုထမ်းရပါတယ်။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်က BTS အဖွဲ့လို နာမည်ကြီးကေပေါ့ကြယ်ပွင့်တွေရဲ့စစ်မှုထမ်းတာဝန်ကို အသက် ၃၀ အရွယ်အထိ ရွှေ့ဆိုင်းပေးတဲ့ ဥပဒေကြမ်းကို အတည်ပြုခဲ့တာပါ။
Ref: BTS to enlist in South Korean military, label hints they will reunite ‘around 2025’
WL (ရိုးရာလေး)