Samsung Galaxy A Series စမတ်ဖုန်းအသစ်များအား ဖုန်းအဟောင်းများဖြင့် လဲလှယ်ဝယ်ယူနိုင်မည့် “အဟောင်းပေး အသစ်ယူ” အစီအစဥ်ကို မိတ်ဆက်

17-10-2022-yyl-43.jpg

မြန်မာနိုင်ငံတစ်ဝန်းမှ Samsung ချစ်သူများ ပိုမို အဆင်ပြေလွယ်ကူမှုရှိစေရန်အတွက် “အဟောင်းပေး အသစ်ယူ” Trade-in ဝန်ဆောင်မှုအစီအစဉ်ကို Samsung Myanmar က စတင်မိတ်ဆက်လိုက်သည်။ အဆိုပါ Trade-in ဝန်ဆောင်မှု အစီအစဥ်အရ မိမိအသုံးပြုနေသော မည်သည့် ဖုန်းအဟောင်းကိုမဆို Samsung ထံအပ်နှံကာ Trade-in discount များနှင့်အတူ သတ်မှတ်ထားသော Galaxy A Series ဖုန်းအသစ်တစ်လုံးအား ဈေးသက်သက်သာသာဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သောကြောင့် Galaxy A Series စမတ်ဖုန်းချစ်သူများအတွက် သတင်းကောင်းတစ်ရပ်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် မိမိ၏ဖုန်းအဟောင်းများအား Samsung Showroom များနှင့် Samsung ဝန်ထမ်းများရှိသော ဖုန်းအရောင်းဆိုင်များတွင် တန်ဖိုးစုံစမ်းကာ Galaxy A23, Galaxy A33, Galaxy A73 (5G) နှင့် Galaxy A53 (5G) စသည့် သတ်မှတ်ထားသော Galaxy A Series စမတ်ဖုန်းများအား ဖုန်းအဟောင်း၏တန်ဖိုးကိုနုတ်၍ လိုအပ်သောပမာဏကိုသာဖြည့်တင်းပြီး Trade-in discount များနှင့်အတူ အသစ်တစ်လုံး ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy A23 နဲ့ Galaxy A33 စမတ်ဖုန်း အသစ်များအား ဝယ်ယူပါက Trade-in discount (၇၀,၀၀၀) ကျပ် နှင့် Galaxy A73 (5G) နဲ့ Galaxy A53 (5G) စမတ်ဖုန်း အသစ်များအား ဝယ်ယူပါက Trade-in discount (၁၀၀,၀၀၀) ကျပ် တို့ကိုလည်း Samsung Myanmar က အသီးသီး ပြန်လည်ပေးအပ်သွားမည်ဖြစ်သောကြောင့် သုံးစွဲသူများအနေနှင့် ငွေကုန်ကြေးကျသက်သာစွာဖြင့် ခေတ်မီ Galaxy A Series စမတ်ဖုန်းအသစ်တစ်လုံးကို ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

Samsung Myanmar ၏ “အဟောင်းပေး အသစ်ယူ” အစီအစဥ်အကြောင်း အသေးစိတ်အချက်အလက်များအား https://www.samsung.com/mm/ တွင်လည်းကောင်း၊ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာတွင် လည်းကောင်း၊ ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည့်အပြင် Samsung အမှတ်တံဆိပ် အရောင်းဆိုင်များနှင့် Call Center 01-2399888 တို့ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းသွားနိုင်မည်ဖြစ်သည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top