ကျောင်းသားလေးကို ညအိပ်ဝတ်စုံ ဝယ်ပေးခဲ့တဲ့ ဘတ်စ်ကားယာဉ်မောင်း

19.2.24-yyl-9.jpg

အရင်ကဆို သူ့ကို မြင်တာနဲ့ လက်ဗီက လက်ပြနှုတ်ဆက်နေကြ။ အဲဒီနေ့ကျတော့ လက်ဗီက ကားမှတ်တိုင်မှာ စိတ်ပျက်လက်ပျက်ပုံစံနဲ့ ထိုင်နေတယ်။ ဒီကလေး တစ်ခုခု ဖြစ်နေပြီဆိုတာကို ကျောင်းကားယာဉ်မောင်း ဖာရစ်က ရိပ်မိလိုက်တယ်။ အကျိုးအကြောင်း မေးကြည့်တော့ ဒီနေ့က ကျောင်းမှာ ညအိပ်ဝတ်စုံပွဲတော်နေ့။ ဒါပေမဲ့ သူ့မှာ ညအိပ်ဝတ်စုံ မရှိဘူး။

လက်ဗီတို့ မိသားစုက ဆင်းရဲပါတယ်။ သူတို့အိမ်မှာ အဝတ်လျော်စက် မရှိ၊ အခြောက်ခံစက် မရှိဘူး။ လက်ဗီရဲ့ ညအိပ်ဝတ်စုံတွေက မလျော်ရသေးလို့ ပွဲတော်နေ့အတွက် ဝတ်စရာ မရှိတာပါ။ ကျောင်းကားယာဉ်မောင်း ဖာရစ်က သူ့ကားပေါ်လိုက်တဲ့ ကျောင်းသား/သူ အားလုံးကို ပျော်ရွှင်စေချင်သူပါ။

သူက ကလေးတွေကို ကျောင်းလိုက်ပို့တယ်။ ပြီးတော့ ကျောင်းကားစောင့်ကြည့်ရေးအဖွဲ့ထံ သတင်းပို့ပြီး လက်ဗီနဲ့ တော်လောက်မယ်၊ လက်ဗီ ဝတ်ချင်လောက်မယ်ထင်တဲ့ ညအိပ်ဝတ်စုံ ၂ စုံ သွားဝယ်ပြီး ကျောင်းကို ပြန်သွားပေးတယ်။

” သူ့အတွက် ညအိပ်ဝတ်စုံ ပါလာတယ်ပြောလိုက်တော့ လက်ဗီရဲ့ မျက်နှာမှာ ဖြစ်သွားတဲ့ အပြုံးက ကျွန်တော်မနက်တိုင်း မြင်နေကျ အပြုံးမျိုးပဲ”လို့ ဖာရစ်က ပြောပါတယ်။ ဖာရစ်က ကျောင်းကားမောင်းလာတာ ၇ နှစ်လောက် ရှိပါပြီ။ ဖာရစ်အတွက်တော့ ကျောင်းသား/သူလေးတွေနဲ့ လက်ဆွဲနှုတ်ဆက်ရတာ၊ စုံ၊ဆန်၊ စိ ကစားကြတာတွေက မေ့မရနိုင်စရာ အမှတ်တရ၊ သံယောဇဉ် တွယ်စရာပဲလို့ ဆိုပါတယ်။

Ref:Bus driver buys pajamas for student sad about missing out on pajama day

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply