ကျောင်းနေဖက်တစ်ဦးရဲ့ဆေးကုသစရိတ်အတွက် ရန်ပုံငွေရှာပေးခဲ့တဲ့ ၉ နှစ်သားလေး

28.3.2023-yyl-iamge-1.jpg

မတ်ဒ်ဒိုဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးတစ်ယောက်၊ နောက်တော့ ရုတ်တရက် သတိလစ်ကာ လဲကျပြီး ဆေးရုံ ခဏခဏတက်ခဲ့ရတယ်။ ကျောင်းလည်း ပျက်ရတယ်။ အစကမတ်ဒ်ဒို သတိလစ်ပြီး လဲကျတာရဲ့အကြောင်းရင်းက ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ အခုနှစ် အစောပိုင်းမှာ MRI Scan ဖတ်လိုက်တော့ အကြောင်းရင်း သိခဲ့ရတာပါ။

ဆရာဝန်တွေက မတ်ဒ်ဒိုရဲ့ဦးနှောက် ဘယ်ဖက်ခြမ်းမှာ အကျိတ်တစ်ခု တွေ့ရှိခဲ့ရပါတယ်။ အကျိတ်ကို ခွဲစိတ်ကုသလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ခွဲစိတ်မှု ၂ ကြိမ်လုပ်ဖို့ ဗြိတိန်ကိုလံဘီယာ( ကနေဒါပြည်နယ်) ကို သွားဖို့ လိုအပ်ပါတယ်။ သူ့ရဲ့အမေက မတ်ဒ်ဒိုကို ဂရုစိုက်ဖို့အတွက် အလုပ်က ထွက်ခဲ့ရပါတယ်။ ဒါကြောင့် ဆေးကုစရိတ်အတွက် ရန်ပုံငွေရှာဖို့က သူတို့အတွက် အရေးကြီးခဲ့ပါတယ်။

ချာလီကလည်း ၂၀၂၂ ခုနှစ် ခရစ္စမတ်မတိုင်ခင် လအနည်းငယ်က ကင်ဆာရောဂါနဲ့ သူငယ်ချင်းတစ်ဦးကို ဆုံးရှုံးခဲ့ရတာပါ။ အခုလိုဆုံးရှုံးရမှုက မတ်ဒ်ဒိုကို ကူညီပေးဖို့ သူ့ကို လှုံ့ဆော်ပေးခဲ့တာပါ။ Jets ကစားသမားပုံတွေရေးဆွဲပြီး ၅ ဒေါ်လာနဲ့ ရောင်းမယ့်စိတ်ကူးက သူ့အမေနဲ့အတူ ရခဲ့တာပါ။ပထမဆုံးအပတ်မှာပဲ ချာလီဟာ သူ ရည်မှန်းထားတဲ့ ဒေါ်လာ ၅၀၀ ထက်ပိုပြီး ဒေါ်လာ ၈၀၀ ရှာနိုင်ခဲ့ပါတယ်။ တစ်လအတွင်းမှာတော့ Jets အသင်းပုံဆွဲဖို့ တောင်းဆိုတာ၊ တိုက်ရိုက်လှူဒါန်းတာတွေကတဆင့် ရန်ပုံငွေ ဒေါ်လာ ၄၀၀၀ နီးပါး ရခဲ့ပါတယ်။ သူ့အမေ၊ အစ်ကိုတို့အပြင် မတ်ဒ်ဒိုကလည်း ကူညီပေးခဲ့ပါတယ်။

ချာလီနဲ့ မတ်ဒ်ဒိုတို့က မြန်​မြန်ဆန်ဆန်ပဲ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။ မတ်ဒ်ဒိုက ချာလီ ရှာပေးတဲ့ ငွေပမာဏ နဲ့ ပံ့ပိုးမှုတွေအတွက် အံ့အားသင့်ပြီး ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရတယ်။

Ref: Young artist helps raise money for schoolmate’s treatment by drawing pictures of ice hockey team

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top