ဦးနှောက်ခွဲစိတ်မှုအတွင်း ပြည်နယ် ၅၀ နာမည်သီချင်းကို သီဆိုနေခဲ့တဲ့ ကင်ဆာလူနာကောင်မလေး

20.2.24-yyl-1.jpg

ဂျေဒန် ဇီအန်တာရာဆိုတဲ့ ကောင်မလေးဟာ ဦးနှောက်ကင်ဆာရောဂါဖြစ်နေတဲ့အတွက် ကင်ဆာအကျိတ်ကို ဖယ်ရှားဖို့ ခွဲခန်းဝင်ခဲ့ရပါတယ်။ မခွဲစိတ်ခင် ဆရာဝန်တွေက သူ့ကို ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း အသိကပ်နေဖို့လိုအပ်တယ်လို့ ပြောခဲ့တာကြောင့် သူ ငယ်စဉ်က သင်ခဲ့ရတဲ့ သီချင်းတစ်ပုဒ်ကို သီဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂျေဒန်က အက္ခရာစဉ်အလိုက် ပြည်နယ် ၅၀ နာမည်သီချင်းကို သီဆိုခဲ့တာပါ။ “ငယ်ငယ်ကတည်းက သိခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ မူလတန်းကျောင်းမှာ သင်ခဲ့ရပြီး ဘယ်တော့မှ မမေ့ဘူး”လို့ သူက ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်း ဂျေဒန်ရဲ့ရောဂါက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ခေါင်းတခြမ်းကိုက်တာကနေစဖြစ်ခဲ့တာပါ။ အခြားသူတွေလိုပဲ ခေါင်းကိုက်တာလို့ထင်တဲ့အတွက် ခေါင်းကိုက်ပျောက်ဆေးကိုပဲ သောက်ခဲ့တာပါ။ ၂၄ နာရီအတွင်း ခေါင်းကိုက်တာမသက်သာတဲ့အချိန်မှာ
CT Scan ရိုက်ခဲ့ရပါတယ်။ ၂ ရက်အကြာမှာ ဦးနှောက်အတွင်း အကျိတ်ကို ပြသနေတဲ့ CT Scan ကို ရခဲ့ပါတယ်။

နောက်ထပ်ဆေးစစ်မှုတွေလုပ်တော့ အကျိတ်ကို ဖယ်ရှားဖို့ ခွဲစိတ်မှုလိုအပ်တဲ့ ဦးနှောက်ကင်ဆာရှိနေခဲ့ပါတယ်။ အခု ဂျေဒန်က အကျိတ်ဖယ်ရှားပြီးသွားပေမဲ့ ဓာတုကုထုံးနဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေလို နောက်ထပ်ဆေးကုသမှုတွေခံယူရဦးမှာဖြစ်ပါတယ်။

Ref: Cancer Patient Sings All 50 States During Brain Surgery: ‘I’ve Never Forgotten It’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top