စစ်တမ်းကောက်ယူထားတဲ့ စီးပွားရေးလုပ်ငန်း (၁၀) ခုမှာ ၉ ခုက Covid-19 ကြောင့် အခြေအနေ မကောင်းတာကို Business Sentiment Survey မှ တွေ့ရှိခဲ့

image1.png

Business Sentiment Survey (BSS) ရဲ့ လက်ရှိအဖြေများက ၂၀၁၆ ခုနှစ်မှ စတင်လုပ်ခဲ့တဲ့ စစ်တမ်းတွေထဲမှာ အဆိုးရွားဆုံးဖြစ်နေတာကို Myanmar Marketing Research & Development (MMRD) ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ Business Insight က ဖော်ပြခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့မှာ စီးပွားရေးလုပ်ငန်း ၂၀၀၀ ဝန်းကျင်ကို အွန်လိုင်းစစ်တမ်းကောက်ယူခြင်း၊ လူခြင်းတွေ့ မေးမြန်း ကောက်ယူခြင်းများ ပြုလုပ်ခဲ့ရာမှ အရင် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ၇၂ % ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ၃၇ % တွေနဲ့ နှိုင်းယှဉ်ရင် အခုစစ်တမ်းမှာ ၉၀ %က သူတို့ရ့ စီးပွားရေး အခြေအနေတွေမကောင်းဘူးလို့ ဖြေဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံစီးပွားရေးအခြေအနေ မကောင်းရခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ ကပ်ရောဂါ Covid 19 ကြောင့်ဖြစ်ပြီး ဖြေဆိုသူရဲ့ ၉၄% မှာ ကပ်ရောဂါက သူတို့ရဲ့ စီးပွားရေးကို ထိခိုက်ခဲ့တယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဒီ ၉၄% အနက် ၃၇% က သူတို့ရဲ့စီးပွားရေးလုပ်ငန်းက ဆိုးရွားစွာ ထိခိုက်နေပြီး ၅၇% က အသင့်အတင့်ထိခိုက်ခဲ့ပါတယ်။

ထပ်မံပြီး အခုပြုလုပ်နေတဲ့ BSS စစ်တမ်းက စီးပွားရေး ၁၀ ခု အနက် ၆ ခုက နောင် ၃ လမှာ သူတို့ရဲ့ စီးပွားရေးအခြေအနေ ပြန်လည်ထူထောင်ရန် ယုံကြည်ချက်မရှိဘူးဆိုတဲ့ အချက်နဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးယုံကြည်မှုကို ဖော်ပြခဲ့ပါတယ်။

စီးပွားရေးသဘောထားများစစ်တမ်းကို ၂၀၁၆ ခုနှစ်မှစပြီး ပုံမှန်ကောက်ယူခဲ့ပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရဲ့ အဓိက စီးပွားရေး အချက်အလက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် အဖြေများ ဖော်ထုတ်နိုင်ရန် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေဖော်ထုတ်ပေးနေတာဖြစ်ပါတယ်။

UMFCCI က BSS စစ်တမ်းရဲ့ တွေ့ရှိချက်များကို ပြန်လည်သုံးသပ်ကာ စီးပွားရေးဆိုင်ရာ အခက်အခဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများကို တင်ပြကာ B4B လို့ ခေါ်တဲ့ (စီးပွားရေးအတွက်စီးပွားရေး) ဖိုရမ်နှစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီစစ်တမ်းကို ဖြေဆိုခြင်းဖြင့် ဖြေဆိုသူများရဲ့ သဘောထားများကို မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေတိုးတက်မှုများနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူများကို အသိပေးနိုင်မှာဖြစ်ပါတယ်။

စစ်တမ်းတွင် ပါဝင်ခဲ့ကြသူများကို ငွေကျပ် (၄) သန်း တန်ဖိုးရှိတဲ့ ရုံးသုံးပရိဘောက ပစ္စည်းများနဲ့ ထိပ်တန်းအဖြစ် ကမ္ဘာ့အထင်ရှားဆုံးနှင့် အသုံးများတဲ့ Herman Miller က Executive Chair “ Aron” ကို ကံစမ်းမဲ အစီအစဉ်မှာ မဲဖောက်ပေးအပ်မှာဖြစ်ပါတယ်။

ဒီစစ်တမ်းက ၁၀ မိနစ် ကနေ ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး အွန်လိုင်းမှာ ဖြေဆိုလို့ရနိုင်ပါတယ်။ ဒီစစ်တမ်းမှာ ပါဝင်ဖြေဆိုလိုတဲ့ စီးပွားရေးလုပ်ငန်းများက အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖြေဆိုနိုင်ပြီး ၂၀၂၀ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြီးဆုံးမှာဖြစ်ပါတယ်။

https://www.surveymonkey.com/r/BSS2020W1FB

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top