ပွဲတစ်ခုကို လာစဉ် ပရိသတ်ကို ဒေါသထွက်စေခဲ့တဲ့ ပုံမှန်ထက်အရမ်းလုံခြုံရေးတင်းကျပ်မှုအတွက် တောင်းပန်ခဲ့တဲ့ ဒွန်နီယန်း

8.9.23-yyl-1.jpg

ဟောင်ကောင်ထိပ်တန်းအက်ရှင်မင်းသားကြီး ဒွန်နီယန်းဟာ ကမ္ဘာပေါ်မှာ လူကြိုက်များဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့အတွက် သူ သွားလေရာနေရာတိုင်း ပရိသတ်တွေ ဝိုင်းအုံတာကို ခံရပါတယ်။ ပြီးခဲ့တဲ့အပတ်က သူ ပွဲတစ်ပွဲကို တက်ရောက်တော့ သူ့ရဲ့သက်တော်စောင့်တွေက ပရိသတ်တွေ ကပ်လို့မရအောင် အရမ်းလုံခြုံရေးတင်းကျပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အဲဒီနေ့က သူ့ကို မြင်တွေ့ရဖို့ လာတဲ့သူတွေက လူအနည်းငယ်သာရှိပုံရပါတယ်။ လူအနည်းငယ်သာရှိပေမဲ့ ဒွန်နီယန်းရဲ့သက်တော်စောင့်တွေကို လူသားအကာအရံတစ်ခုဖြစ်ဖို့ လက်တွေချိတ်ပြီး ကာကွယ်ထားတာကို တွေ့ရပါတယ်။ ဒွန်နီကတော့ ပရိသတ်တွေ အနားကပ်လာတာကို စိတ်အနှောင့်အယှက်မဖြစ်ပေမဲ့ သူ့သက်တော်စောင့်တွေရဲ့လုံခြုံရေးအရမ်းတင်းကျပ်မှုအပေါ် ပရိသတ်တွေက ဒေါသထွက်ပြီး ပရိသတ်အနည်းငယ်လေးကို အခုလို”အလွန်အကျွံကာကွယ်ဖို့ လိုလို့လား”ဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ လုံခြုံရေးအဖွဲ့ကို ရိုင်းစိုင်းတယ်လို့လည်း ဝေဖန်ခဲ့ကြပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဒွန်နီယန်းက ကြေညာချက်တစ်စောင်ထုတ်ခဲ့ပါတယ်။ အဲဒီနေ့က လုံခြုံရေးကြောင့် အလွန်အံ့အားသင့်ခဲ့ရပြီး အခုလိုမျိုးလုပ်ဖို့ သူ မတောင်းဆိုခဲ့ဘူးလို့လည်း ပြောပါတယ်။ “လုံခြုံရေးအပေါ် ဝေဖန်ခဲ့ကြတဲ့၊ ဖြစ်ပျက်ခဲ့တဲ့ဗီဒီယိုနဲ့ပုံတွေကို မျှဝေပေးခဲ့ကြတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေလိုပါပဲ….ကျွန်တော်လည်း ဖြစ်သွားခဲ့တဲ့အရာတွေကို မကြိုက်ပါဘူး။ လူတိုင်းရဲ့သဘောထားအမြင်ကိုလည်း သဘောတူပြီး ပရိသတ်တွေ အခုလိုပြုမူတဲ့အပေါ် နားလည်ပါတယ်။ အဲဒီနေ့က အဆင်မပြေဖြစ်ခဲ့တဲ့၊ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့တဲ့လူတွေအားလုံးကို တောင်းပန်ပါတယ်” လို့ ဒွန်နီယန်းက ပြောပါတယ်။

Ref: Donnie Yen Apologises For His Over-The-Top Security That Angered A Lot Of People When He Showed Up For An Event In China

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top