ဘဝအတွက် ကြိုးစားနေချိန်မှာ မလုပ်သင့်တဲ့ အချက်တွေ

startup-group-of-young-business-people-PQ7AGZJ.jpg

၁။ အရက်သေစာ စွဲစွဲလန်းလန်း သောက်တာ

တစ်ခါတစ်လေ သောက်တာ စားတာ လောက်ကို အပြစ်အယူပေမယ့် စွဲလမ်းမူ ဖြစ်ပြီဆိုရင်တော့ မကောင်းပါ။ ဒါကြောင့် မိမိဟာ ကြိုးစားနေတဲ့ လူတစ်ယောက် ဆိုရင် မစွဲလန်းမိပါစေနဲ့။

၂။ မပျင်းနဲ့ ဇွဲ လုံလ ဝီရိယ ရှိပါစေ

အောင်မြင်တဲ့ လူတိုင်းမှာ ဇွဲ လုံလ ဝီရိယ ဆိုတာ ရှိပါတယ်။ ဒါကြောင့် မိမိအနေဖြင့် အောင်မြင်အောင် ကြိုးစားနေချိန်မှာ မပျင်းပါစေနဲ့။ အမြဲတန်း တက်ကြွစွာ အလုပ်လုပ်ပါ။

၃။ ငွေကို ချွေတာ အချိန်ကို နှမြော

အရေးကြီးပါတယ်။ ငွေကို ချွေတာတတ်မှသာ ရှာသမျှငွေတွေဟာ လုပ်ငန်း တစ်ခု ထူထောင်တာ ဖြစ်ဖြစ် ရင်းနှီးတာ ဖြစ်ဖြစ် အသုံးပြုလို့ ရပါလိမ့်မယ်။
ဒါ့အပြင် အချိန်ဟာ ပြန်မရနိုင်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် အချိန်ကို နှမြောပါ။ အောင်မြင်သူတိုင်း အချိန်ကို နှမြောတယ် ဆိုတာ မမေ့ပါနဲ့။

၄။ အိမ်ထောင် မပြုနဲ့အုံး

ဘဝအတွက် ကြိုးစားရုန်းကန်နေချိန်မှာ အိမ်ထောင်မပြုသေးတာ ကောင်းပါတယ်။ အိမ်ထောင်ပြုလိုက်မယ် ဆိုရင် ပိုပြီး တာဝန်တွေ များပါလိမ့်မယ်။ အခြားသော လုပ်ငန်းတွေမှာ ပေါ့လျော့တာလည်း ရှိလာနိုင်ပါတယ်။

၅။ မနာလို မဖြစ်နဲ့ မကဲ့ရဲ့နဲ့ ချီးမွမ်း စကားဆိုပါ

သူတစ်ပါးကို ကဲ့ရဲ့တာ မနာလို ဖြစ်တာတွေဟာ မိမိကြိုးစားနေချိန်မှာရော အောင်မြင်နေချိန်မှာပါ မလုပ်ပါနဲ့။ မကောင်းပါ။ အောင်မြင်တဲ့ သူတွေကို လည်း ချီးမွမ်းစကား ဆိုပါ။ ဝမ်းသာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top