နည်းလမ်း (၆) သွယ်ဖြင့် မိမိရဲ့ ၀ါသနာပါရာအလုပ် ကိုရှာဖွေခြင်း

female-tailor-working-with-leather-C8VWA2J.jpg

“ကိုယ်၀ါသနာပါတဲ့အလုပ်ကိုသာလုပ်ပါ”ဆိုတဲ့ လူတွေရဲ့ စကားအကြံဥာဏ် ကို အမြဲတမ်းကြားရလို့ စိတ်ပျက်မိသ လိုခံစားရတယ်မဟုတ်ပါလား။ ဟုတ်ပါပြီး အဲဒီလိုသာ မိမိ၀ါသနာပါတဲ့အလုပ်ကို သိရင် လွယ်လွယ်နဲ့ ထိုအကြံတွေကို လက်ခံလိုက်ယုံပဲမဟုတ်လား…။

သင့်အနေနဲ့ မဆုတ်မနှစ် အလုပ်ကြိုးစားလုပ်ကိုင်ပြီး ကိုယ်လုပ်ရမယ့်တာ၀န်တွေကိုသိတဲ့လူဆိုပါဆို့။ ကိုယ့်အနေနဲ့ လုပ်ဆောင်နေတာတွေကို အတိအကျသိသည်ဆိုပါက ဘယ်အရာမှ ကိုယ့်အပေါ် လာတား ဆီးနိုင်မှာမဟုတ်ပါ။ ထိုသို့သောမတားဆီးနိုင်တဲ့ အဆင့်ကိုရောက်ဖို့ သင် ဘယ်အရာကိုစ လုပ်နေတာ လဲဆိုတာကို သိဖို့လိုပါတယ်။

သင့်က ကိုယ်ဘာလုပ်ရမယ်ဆိုတာကို မသိပဲ မတင်မကျ ဖြစ်နေတယ်လို့ ခံစား နေပါက ကိုယ့်ဘ၀ မှာ ကိုယ်ဘာလုပ်နိုင်မလဲဆိုတာကို အောက်ပါ နည်းလမ်း (၆) သွယ်က သင့်ကို လမ်းပြပေး မယ်လို့ ထင်မိပါတယ်။ အချိန်ယူပြီး လုပ်ဆောင်ရမယ့်အဆင့်အဆင့်ကို လုပ်ပြီး ဘယ်လိုပဲဖြစ်ဖြစ် တစ် ချိန် ချိန်မှာ မိမိဖြစ်ချင်လိုတဲ့ လမ်းကိုရောက်နိုင်မယ်ဆိုတာ စိတ်ထဲယုံကြည် ထားပါ။

၁။ မှန်ကန်တဲ့ရှုထောင့်ဖြင့်စတင်ပါ။

အကယ်၍ သင့်အနေနဲ့ စားသောက်ဆိုင် တစ်ခုသို့ ၀င်သွားပြီး “ငါဗိုက်မဆာဘူး..၊ ဒီမှာငါကြိုက် တဲ့အစားအစာမရှိလောက်ဘူး..၊ ငါဒီမှာမလာချင်ဘူး…” အစားအစာ စာရင်းကလည်း ဆွဲဆောင် မှုမ ရှိ ဘူး..၊ သင့်အနေနဲ့လည်း ထိုဆိုင်ကို အချိန်ကြောင့် (သို့) စိတ်ပါ၀င်စားမှုမရှိခြင်းကြောင့် လိုက် မကြည့်ဖြစ်ဘူး..၊ ဒီလိုနဲ့ သင်စားချင်တဲ့ အစားအစာဟာလည်း အဲဒီဆိုင်ထဲမှာ ရှာလို့ရနိုင် မှာမဟုတ်ပါဘူး။

မိမိကြိုက်နှစ်သက်ရာအလုပ်ကို ရှာတော့မယ်ဆိုရင်လည်း ဒီသာဓကလေးအတိုင်း နမူနာယူသင့်တယ်။ ဆိုပါစို့ ကိုယ့်အနေနဲ့ ကိုယ်လုပ်ချင်ကိုင်ချင်တဲ့အလုပ်က ရှာဖို့ခက်တယ်၊ မလွယ်တော့ဘူးလို့ စိတ်ထဲမှာ တစ်ထစ်ချထင်နေရင် ကြုံတွေလာနိုင်တဲ့ အခွင့်အရေးများနဲ့လက်လွတ် (သို့) လွဲချော်နိုင်ပါ တယ်။ နောက်ပြီး မိမိအတွက် ကောင်းမွန်တဲ့တွန်းအားတွေ၊ လမ်းကြောင်းတွေနဲ့ မိမိတို့ကို လမ်းညွှန်ပေး တဲ့ အရာတွေကိုလဲ ပိတ်ကာမိရာရောက်နိုင်ပါတယ်။ နောက်ဆုံးမှာတော့ မိမိအနေနဲ့ ကိုလုပ်ချင်တဲ့အ လုပ်တွေမရှိဖူးလို့ ထင်နေတဲ့အတွက်ကြောင့် ဘယ်လိုလုပ်ပြီး လုပ်ချင်တဲ့အလုပ် တွေကိုရှာ ဖွေ့တွေ့ ရှိနိုင်တော့မှာလဲ…။

ဘ၀မှာကိုယ်ကြိုက်တာတွေကို လုပ်နိုင်ဖို့ဆိုရင် ထိုအရာတွေကို လုပ်နိုင်အောင် ကူညီပေး တဲ့အမြင် များ ကို ရွေးချယ်ပြီး အဲ့ဒါတွေနဲ့ လိုက်လျှောညီ ထွေ ဖြစ်အောင်နေဖို့ဖြစ်ပါတယ်။ ဒီလို အမြင်များ ကိုအား ကောင်းလာစေဖို့ နဲ့ ကိုယ်ပုံဖော်ထား တဲ့အတိုင်းဖြစ်လာဖို့ဆိုလျင် မိမိဘေးက သက်ရှိထင်ရှားရှိတဲ့ အားကျလေးစားရတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ ဆက်ဆံ ပြီး သူတို့နဲ့၀န်းရံထားဖို့ မမေ့ပါနဲ့။

သင့်ရဲ့ မိသားစု၀င်တွေနဲ့ မိတ်ဆွေတွေထဲမှာ ဘယ်နှစ်ယောက်က သူတို့ လုပ်ကိုင်ချင်တဲ့ အလုပ်တွေ ကိုလုပ်နေကြသလဲ.၊ ထိုထဲမှာ များများမတွေ့ပါက ကိုယ့်အနေနဲ့ ဆန္ဒနဲ့တစ်ထပ်တည်း ကျပြီး အလုပ် လုပ်ကိုင်နေတဲ့ သူတွေနဲ့ ရှာဖွေပြီး အပေါင်းအသင်းဆန့် အောင်နေပါ။ ဒါမှလည်း ကိုယ့်အနေနဲ့ အားကျနိုင်မှာဖြစ်ပြီးတော့ စံနမူနာတွေကို သင်ခန်းစာအဖြစ်ရယူနိုင် မှာဖြစ်တယ်။

၂။ သင့်ရဲ့ လမ်းကြောင်းရှာဖွေရေးကို အာရုံစိုက်ထားပါ။

ကိုယ်၀ါသနာပါပြီး လုပ်ချင်တဲ့အလုပ်ကို ရှာနိုင်တယ်လို့ ဆုံးဖြတ်လိုက်ပြီးသည်နှင့် ကိုယ့်ရဲ့အရင်က ကြိုက်နှစ်သက်ပြီးလုပ်ဖြစ်ခဲ့တဲ့အလုပ်တွေကို သက်သေအဖြစ် ပြန်ကြည့်ဖို့လိုပါတယ်။ သင့်ရဲ့ ဘ၀မျက်နှာစာကို စေ့စပ်စွာကြည့်လိုက်ပါက ထိုထဲမှာ အချို့သော အလုပ်အတွေ့အကြုံတွေက ထိပ်ဆုံးမှာရှိပြီး ပိုမိုမြင်သာစွာတွေ့နိုင်မှာဖြစ်တယ်။ ဒီလိုအခိုက်အတန့်များ ထဲမှာ ရရှိနိုင်မယ့် သင်ခန်းစာများကို ထဲထဲ၀င်၀င် နှိုက်ယူဖို့ တန်ပါတယ်။

သင့်အနေနဲ့ ဆွဲပိုက်ဖြင့်တိုက်တဲ့ ပင်လယ်ငါးဖမ်းသမားတစ်ယောက်ဆိုပါက စျေးပေါတဲ့ သတ္တုနဲ့ ရွှေကိုတော့ ကောင်းစွာခွဲခြားသိမြင်နိုင်မှာဖြစ်တယ်။ ဥပမာဆိုပါစို့ စာရေးသူရဲ့ နွေရာသီမှာလုပ် ချင်တဲ့အလုပ်တွေထဲမှာ အရွယ်ရောက်တဲ့လူငယ်တွေကို အင်္ဂလိပ်စာသင်ကြား ပေးခြင်းလဲပါ ၀င်ပါတယ်။ မိမိအနေနဲ့ ထိုထဲမှ အဓိက အနှစ်သာရကိုပြောရရင် လူငယ်တွေ (သို့) အင်္ဂလိပ်စာ ဆိုပြီး ယူဆနိုင်မှာဖြစ်တယ်။

ဒါပေမယ့် မိမိရဲ့ သွားနေတဲ့လမ်းကြောင်း ကိုသေချာပြန်ကြည့်ရင်တော့ မိမိဟာ အဲ့ဒီအသိုင်းအ၀ိုင်းမှာ ဦးဆောင်နေတဲ့သူဖြစ်ပြီး အသိုင်းအ၀ိုင်းရဲ့ တန်ဖိုးထားတဲ့ အရာတွေကို ကျွန်တော်လုပ်ဆောင် ပေးနေခြင်းကို ပိုမိုမြင်လာရစေတယ်။ ဒါလိုအတွေးဖြင့် မိမိအခုလုပ်နေတဲ့အလုပ်ထဲမှာ ပုံဖော်နေပါတယ်။ သို့သော် လူငယ်တွေ ရဲ့ပါ၀င်မှု နဲ့ သင်ခန်းစားများမပါပဲနဲ့တော့ ဒီအလုပ်က မဖြစ်နိုင်ပါဘူး။

ဒါကြောင့် မိမိ ဘ၀အတွက် အရေးကြီးတဲ့ လုပ်ဆောင်ချက်တိုင်းမှာ လိုအပ်မယ့် နည်းလမ်းတွေကို စုစည်းပြီးထည့်သွင်းဖို့မမေ့ပါနဲ့။ အတုအယောင်များ၌ အာရုံမလွင့်မိစေပါနဲ့။

၃။ အရိပ်အာ၀ါသတစ်ခုကိုရှာဖွေပါ။

ကိုယ့်ဘ၀အတွက်မပါမဖြစ်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေက အစတုန်းကတော့ သိပ်ပြီး မဆိုင်သလိုမြင်ကောင်းမြင်နေမိမယ်။ သင့်အနေနဲ့ ပြင်သစ်ဘာသာစကားကိုနှစ်သက်တယ်၊ ကော်ဖီသောက်တာကြိုက်တယ်၊ ​ဝေါဟာရ ကစားခြင်း၊ တခြားသော အစီစဥ်အလိုက်ဆော့ရတဲ့ ဂိမ်းများ ကိုနှစ်သက်တယ်၊ ပြီးတော့သင်က ရပ်ကွက်ရဲ့ လူကြီး ဖြစ်ပါပြီး ဆိုပါစို့။ ဒီလို အရာတွေကနေ သင့်အနေနဲ့ ဘယ်လို၀ါသနာအလုပ်အကိုင်ကို ဖန်တီး ဖော်ဆောင်မလဲ..၊ ထိုသို့ အခြားသော ပါ၀င်ပစ္စည်း အများကြီးပါတဲ့ ဥပမာ၊ တို့ဟူး၊ မုန်လာဥနီ၊ ကိုကိုးမှုန့် စတဲ့ အရာများဖြင့် အရသာရှိတဲ့ အစားအစာတစ်ခုဘယ်လိုလုပ်ရမလဲ ဆိုတာနဲ့ တူနေပါတယ်။

ဆိုတော့ ဒီလို ရှိပြီးသား ပါ၀င်ပစ္စည်းများကိုမကြည့်တော့ပဲ ရှေ့ပြေးမြင်ဖို့ အချိန်တန်ပြီး၊ ဆိုလိုသည်မှာ ထိုပါ၀င်ပစ္စည်းများအားလုံး ပါတဲ့အရာတစ်ခုကိုလုပ်ပြီး အမိုးတစ်ခုအောက်ထဲမှာ ဘယ်လို ၀င်ဆန့်နိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်တယ်။ ဥပမာ စာရေးသူရဲ့ သူငယ်ချင်း Abby ဆိုသူဟာ အထက်ကပြောခဲ့သလိုမျိုး လုပ်ချင် ကိုင်ချင်တဲ့ အလုပ်အကိုင်တွေများလှသူပါ။ သူမကတော့ စီးပွားရေးပိုင်ရှင်တွေ သူတိုလိုချင်တဲ့ အမှတ်တံဆိပ်များရရှိဖို့ ကိုက်ညီတဲ့ စားသားများ ကိုရရှိအောင်ကူညီပေးပါတယ်။ သူမကမှာ အရာတွေပေါ်ကူးယူပြီး သုံးသပ်နိုင်စွမ်းရှိပြီး စကားလုံး တွေမှာ ရှိတဲ့တန်ဖိုးကိုကျွမ်း ကျင်စွာမြင်တတ်တဲ့သူပါ။ ဒီလို ကျွမ်းကျင်အောင်လည်း သူမက အရင် ပြင်သစ်လူနေမှုပုံစံ စတိုးဆိုင်ကနေ ပညာ တွေကိုရ ယူခဲ့ပါတယ်။ဒီလိုနဲ့ပဲ သူမ အကြံဥာဏ်တွေ ကူးယူပြီး ကိုယ်ပိုင်အမှတ်တံ ဆိပ်ကို ဖန်တီးခဲ့ပါတယ်။

သူမဟာ အလားအလာရှိတဲ့ ဖောက်သည်များနဲ့ ထိရောက်စွာချိတ်ဆက်လိုသူများအတွက် အားထားရတဲ့ ခေါင်းဆောင်တစ်ဦး အဖြစ် လူသိများလာတယ်။ ဒါနဲ့ သူမဟာ Pinterest စာမျက်နှာတစ်ခုထောင်ပြီး သူမရဲ့ ကော်ဖီဆိုင်များကိုလည်း စင်တင်ပြသထားပါသေးတယ်။ သူမလုပ်ချင်တဲ့အရာ အားလုံးဟာ အမိုး အရိပ်တစ်ခုအောက်မှာ စုစည်း ဆက်စပ်လွှမ်းခြုံနေတယ်၊ သူမဟာအခြေခိုင်ခဲ့ပြီး အမျိုးစုံလင် လှတဲ့ သူမ လုပ်တဲ့အလုပ်များက သူမရဲ့ ဖောက်သည်များကို မျက်စိကျ ပြီး မှတ်မိစေခဲ့တယ်။

ဒါဆို သင် ရဲ့ အရိပ်အာ၀ါသ အမိုးတစ်ခုကဘာဖြစ်မလဲ…။

၄။ အပျော်၀ါသနာနဲ့ အကျိုးအမြတ်ရှိတဲ့ အလုပ်ကို ခွဲခြားသိမြင်ပါ။

ဒီလိုစူးစမ်းရှာဖွေပြီး ကိုယ့်အနေနဲ့ သွားလေရာတိုင်း၌စိတ်တိုင်းကျလောက်တဲ့ အလုပ်များ ရှိနေပါစေ၊ အဲဒီအရာတွေက ကိုယ့်ရင်ဘတ်ကို ထိစေတဲ့ လုပ်ဆောင်မှုဖြစ်ပါစေ၊ သိထားရမှာက ဒီအရာတွေကနေ ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကဘာလဲဆိုပြီးမေးပါ။ ဘယ်သူတွေအတွက် အကျိုးရှိစေမ လဲဆိုပြီး သုံးသပ်ပါ။

ကောင်းပါပြီး၊ သင့်အနေနဲ့ ၀င်ငွေရပြီး သင်၀ါသနာပါရာလုပ်ကိုင်ချင်တဲ့ အလုပ်နဲ့ လူမှုအသိုင်းအ၀ိုင်း အတွက်အကျိုးပြုချင်ရင်တော့ ဒီအလုပ်က အမှန်တကယ်ကော အလုပ်အကိုင်တစ်ခုအနေနဲ့ သဘာ၀ကျရဲ့လား၊ ဖြစ်နိုင်ရဲ့လားဆိုပြီး သင်ပြန်သုံးသပ်ပါ။ ဒီအလုပ်ဖြစ်မြောက်ဖို့ ဘာတွေလုပ်ဆောင် ရမလဲဆိုတာကို ထည့်တွက်ပါ။ ဆက်လက်ပြီး ဒီအလုပ်အပေါ်မှာကော သင့်အနေနဲ့ လုပ်ကိုင်ရတာ ပျော်ရဲ့လားဆိုတာလဲတွေးပါ။ ဘာကြောင့်လဲဆိုတော့ လူအချို့အတွက် ၀ါသနာပါတဲ့အလုပ်က အပျော်သ ဘောအတွက်ပဲဖြစ်လို့ပါ။ ဒီ၀ါသနာပါရာကို အလုပ်အဖြစ်ပြောင်းဖို့ဆိုရင် တော့ “ကြိုက်နှစ် သက် လို့လုပ်တာ” တစ်ခုထဲမဟုတ်ပဲ “လုပ်ကိုလုပ်ရမယ့်” အလုပ်ဆိုပြီး ပြောင်းလဲရှုမြင်သင့်ပါတယ်။

ဥပမာတစ်ခုပြောရလျင် မိမိရဲ့ ဖောက်သည် Lisa က ပုံရေးဆွဲရတာကိုနှစ်သက်တယ်။ သူမဟာ ဒီအရာကိုမိမိသာယာပျော်ရွှင်ဖို့ အတွက်သာလုပ်တယ်။ ဒီလိုနဲ့ သူမအနေနဲ့ အကျိုးအမြတ်ရဖို့အတွက် ဒီအလုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ သိလိုက်တာကတော့ သူမရဲ့ စွမ်းရည်တွေကို လိုအပ်နေသူ တွေက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘလော့ဂါတွေ၊ ၀က်ဘ်ဆိုဒ်တွေနဲ့ ကုန်ပစ္စည်းတွေ ပဲဖြစ်ပါတယ်။ ဒီအချက်က Lisa အတွက် အလွယ်လေးထင်နေကောင်း ထင်နေမိမယ်၊ ဒါပေမယ့်သူမရဲ့ ၀န်ဆောင်မှုတွေ စျေးကွက်မှာ ပေါက်ဖို့ဆိုလျင် သူမအနေနဲ့ နည်းပညာ ကိုထည့်သွင်းဖို့လိုအပ်လာတယ်။ ဒါမှသူမရဲ့ ဒီဇိုင်းတွေကို လိုချင်တဲ့ဖောက်သည်တွေက အွန်လိုင်းကနေအသုံးပြုနိုင်မှာဖြစ်တယ်။

သင့်ရဲ့ လုပ်ကိုင်ချင်တဲ့အလုပ်အသစ်ဆန်းတွေကို ဘယ်သူတွေကလိုအပ်နေလဲဆိုတာ မှတ်ထားပါ၊ ထိုသူတွေနဲ့ စကားပြောပါ၊ ပြီးရင် ကိုလုပ်ချင်တဲ့ အလုပ်ကို ပိုမိုတွင်ကျယ်လာအောင် နဲ့ ဘယ်နေရာ ဘယ်အချိန် နဲ့ ဘယ်လို ၀န်ဆောင်မှုပေးရမလဲဆိုတာကို ရှင်းလင်းစွာ နားလည်သိရှိပါ။

၅။ဖီဆန်မှုတွေကို မျှော်လင့်ထားပါ။

သင်၀ါသနာပါရာ လုပ်ချင်တဲ့အလုပ်ကို လုပ်ဖို့အတွက်ဆိုရင် သင့်ရဲ့ သိစိတ်တစ်ချို့က ထိုဆုံးဖြတ်ချက်ကို လိုက်လျောပေးမှာမဟုတ် ပဲ ပုန်ကန်ကောင်း ပုန်ကန်နှိုင်တာကိုသိပါ။ ဒီဆောင်းပါးထဲမှာ ရေးသားထားတဲ့ အကြောင်းအရာတစ်ချို့ကလည်း ထိုသို့သော ဆန့်ကျင်မှုများ တစ်နည်းတစ်ဖုံနဲ့ ရှိနေမယ်လိုထင်ပါတယ်။ သေချာတာတစ်ခုက အားလုံးမှာ ကျရှုံးမှုတွေ၊ အောင်မြင်မှုတွေ၊ မျှော်လင့်ချက်ရှိမှု တွေ နဲ့ အားနည်းချက်တွေ နဲ့ပတ်သက်လာရင် များစွာသော စိုးရိမ် ကြောက်ရွံ့မှု တွေနဲ့ပြည့်နှက်နေ တတ်ပါတယ်။ ဒီလိုခံစားချက်တွေက မိမိတို့ လုပ်ချင်တဲ့အ လုပ်အကိုင်ကို မလုပ်ဖို့ ဖျောင်းဖျပြောဆိုနေသလိုဖြစ်စေပါတယ်။ လက်ရှိအခြေအနေတွေကို ဖုံး ကွယ်မထားပဲ မိမိအနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းကိုသွားနေပါက ထိုဖီဆန်မှုတွေအပေါ်မှာ သံသ ယဖြစ်စရာမလိုပါ။

ဒီလိုမသေချာ မရေရာမှုနဲ့ ဖီဆန်မှုတွေကို အောင်မြင်စွာမကျော်လွှားနိုင်ခဲ့လျင် သင်လုပ်ကိုင်ချင်နေတဲ့ အရာတွေနဲ့ ​ဝေးနိုင်တယ်ဆိုတာသံသယမရှိပါဘူး။ ဒါကြောင့် မရေရာမသေချာမှုများကို နည်းနိုင် သမျှနည်းအောင်ထားပြီး မိမိယုံကြည်ထားတဲ့အတိုင်း ရှေ့ဆက်လျှောက်ဖို့လိုအပ်ပါတယ်။ မိမိအနေနဲ့ မိဘ၊ ကျောင်း၊လက်တွဲဖော်၊ နဲ့ လုပ်ဖော်ကိုင်ဖက် တို့ထံမှ သင်ယူလေ့လာမှုများကို ပိုမိုစူးစမ်းရှာဖွေပါ။ နောက်ပြီး သင်ယုံကြည်ပြီး သွားနေတဲ့လမ်းကြောင်းမှာ ရှိတဲ့ ဖီဆန်မှုတွေအ ပေါ်သံသ ယမထားဖို့လိုပါတယ်။

၆။ သင့်လုပ်နိုင်စွမ်းရဲ့ ကန့်သတ်ချက်ကိုရှာပါ။

စာရေးသူရဲ့ ဘ၀တစ်လျှောက်မှာတော့ ဒီလိုဆောင်ပုဒ်တစ်ခုနဲ့ ပဲ ဖြတ်သန်းလေ့ရှိတယ်။ အဲ့ဒါက “ခုန်ပျံကျော်လွှားပါ ပိုက်ကွန်ထွက်ပေါ်လာလိမ့်မယ်။” မိမိအနေနဲ့ အလုပ် အဟောင်းကိုနှုတ်ဆက် ထွက်ခွာပြီးတဲ့အချိန်မှ အလုပ်အသစ်နဲ့ ကြုံဆုံခဲ့ရတယ်။ မရေရာတဲ့ အရပ်ဆီကို လျှောက်လှမ်းရတယ် ဥပမာဆိုပါစို့..၊ အချိန်ပိုင်းအလုပ်အကိုင်လေးကနေ ကိုယ်ပိုင်အလုပ် ဖြစ်လာဖို့ မိမိလောက ကိုကြေငြာခဲ့တယ်..၊ “ငါလုပ်ဖို့အဆင်သင့်ဖြစ်ပြီး…” “ငါဒီအလုပ်ကို အလေးအနက် လုပ်ကိုင်ဖို့” ဆုံးဖြတ်လိုက်ပြီး စတဲ့ခံယူချက်မျိုးမွေးမြူဖို့လိုမယ်။

လူတွေက စာရေးသူကို ရဲရင့်တယ် လို့ပြောကြလေ့ရှိတယ်။ မိမိကတော့ အဲ့ဒီလိုမမြင်ခဲ့ဘူး။ တကယ်တော့ မိမိအနေနဲ့ ဒီအတိုင်းသာမန်ထက် ပျော်ရွှင်ဖို့နဲ့ လွတ်လပ်ဖို့အတွက် လုပ်စရာရှိတာကိုလုပ်တယ်။ သင့်ရဲ့ ဘ၀မှာ ကိုယ်ပိုင် ရဲစွမ်းသတ္တိရှိမှုကို ရှာဖွေပါ၊ ပြီးရင် ဘယ်လိုမျိုးစွန့်စားမှုမျိုးက သင့်အတွက်အသင့်တော်ဆုံးလဲဆိုတာ လေ့လာပါ။ သင့်ရဲ့ ၀ါသနာပါရာ လမ်းကြောင်းကို လျှောက်လှမ်းရာမှာသင့်ကို လှုပ်ကိုင်နိုင်စွမ်းရှိရမယ်၊ ဒါပေမယ့် သင့်ကို စိုးရိမ်ကြောက်ရွံ့မှုတွေအမြဲတမ်းမပေးတဲ့ နေရာဖြစ်ပါစေ။ သင် (comfort zone) ပျော်မွေ့တဲ့အရပ်ကနေ ကျောခိုင်းထွက်ခွာမယ့်အစား ထိုပျော်မွေ့တဲ့အရပ်ကို ပိုမိုချဲ့ထွင်ပါ။

Ref: 6 Fresh Ways to Find Your Passion (The Muse)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top