ဇနီးသည်က ယောက်ျားကြီး ဖြစ်နေမှန်း (၁၉) နှစ်ကြာ ပေါင်းသင်း နေထိုင်ပြီးမှ သိခဲ့ရတဲ့ အမျိုးသား

48891274_323172301866633_3144759600838868992_n.jpg

အသက် (၆၉) နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဂျန် (Jan) အမည်ရ ဘယ်လ်ဂျီယံ အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ ဇနီးသည်ကို ယောက်ျားကြီးဖြစ်မှန်း (၁၉) နှစ်ကြာ အတူတကွ ပေါင်းသင်းနေထိုင်ပြီးမှ သိခဲ့ရပါတယ်။ ဂျန်ဟာ မီနီကာ (Monica) ဆိုတဲ့ လိင်ပြောင်း အင်ဒိုနီးရှား အမျိုးသမီးကို (၁၉၉၃) ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ဘယ်လ်ဂျီယံမှာပဲ အခြေချနေထိုင်ကာ ဘဝသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။

အစပိုင်းကတော့ မိုနီကာ တစ်ယောက် နိုင်ငံသား စိစစ်ရေး ကတ်ပြားနဲ့ ၎င်းရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်တွေကြောင့် နိုင်ငံသား ခိုလှုံခွင့် အတွက် ဘယ်လ်ဂျီယံ တရားရုံရဲ့ သင်္ကာမကင်းဖြစ်မှုကို တောင်ခံခဲ့ရပါသေးတယ်။ ဘယ်လိုပဲ မည်သူမည်ဝါဖြစ်ကြောင်း သံသယရှိနေပေမဲ့လို့ အစိုးရဘက်က နေထိုင်ခွင့် ခွင့်ပြုပေးခဲ့တာကြောင့် ၎င်းတို့နှစ်ဦးဟာ သာမန် ဇနီးမောင်နှံတွေလိုပဲ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြပါတယ်။

အဆိုပါ လိင်ပြောင်း အမျိုးသမီးဟာ ၎င်းရဲ့ လိမ်လည်မှုကို ပိရိစေဖို့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကိုပါ အသုံးပြုပြီး ဓမ္မတာ လာချင်ယောင်ဆောင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ မိုနီကာဟာ သရုပ်ပျက် အဝတ်အစားတွေကိုဝတ်ဆင်ပြီး ညဘက်ကလပ်နဲ့ ပွဲလမ်းသဘင်တွေကို သွားရာကစလို့ ၎င်းတို့နှစ်ဦးကြားက ပဋိပက္ခတွေက စတင်လာပါတော့တယ်။ ဂျမ်ရဲ့ မိတ်ဆွေတစ်ဦးကလည်း မိုနီကာဟာ လိင်ပြောင်း အမျိုးသမီးဖြစ်ကြောင်း ဂျန်ကို အသိပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

မိုနီကာနဲ့ တခြားယောက်ျားလေးတစ်ဦးတို့ အပြန်အလှန် စကားပြောထားကြတဲ့ စာတိုတွေကိုတွေ့ပြီး နစ်ဦးသား စကားများရာကစလို့ ဂျန်က “ငါအမှန်တရားကို သိပြီးပြီ။ မင်းက ယောက်ျားတစ်ယောက် မဟုတ်လား” လို့မေးလိုက်တော့မှ မိုနီကာကလည်း “ယောက်ျားတစ်ယောက်အနေနဲ့ မွေးဖွားခဲ့တာမှန်ပေမဲ့ အခု လိင်ပြောင်းပြီးလို့ မိန်းမဖြစ်နေတာဖြစ်တာကြောင့် ယောက်ျားတစ်ယောက်လို ကျွန်မကို မြင်နေစရာမလိုဘူး” လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးဂျမန်က “ကျွန်တော်က သူ့ကို မိန်းမတွေအားလုံးထဲမှာ ဆွဲဆောင်မှုအရှိဆုံး မိန်းမတစ်ယောက်အနေနဲ့ မြင်ခဲ့တာပါ။ လိင်ဆက်ဆံနေစဉ်အတွင်းမှာတောင် ကျွန်တော်ဒါကို သတိမထားခဲ့မိဘူး” လို့ဆိုပါတယ်။ အခုအချိန်မှာတော့ ဂျန်ဟာ ဘဝတစ်လျှောက်လုံး မထင်မှတ်ထားခဲ့တဲ့ လိမ်လည်ခံရမှုကြီးကြောင့် ရှောခ့်ရနေပြီး စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုကိုတောင် ခံယူနေတယ်လို့ ဆိုပါတယ်။

Ref: Elitereaders “Shocked Husband Discovers His Wife was a Man After 19 Years of Marriage”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top