ဟယ်ရီပေါ်တာဇာတ်လမ်းမှာ ဒန်နီရယ်ရက်ဖ်ကလစ်ဖ်ကို ပြန်မြင်ခွင့်ရတော့မှာလား

daniel.jpg

ဟယ်ရီပေါ်တာအနေနဲ့ ပရိတ်သတ်တွေ ပြန်မြင်ခွင့်ရှိလာတော့မလား ဆိုတဲ့ ကိစ္စအပေါ်မှာ အသံတွေကျယ်ကျယ်လောင်လောင်ထွက်လာတဲ့နောက် ပရိတ်သတ်တေကွ ရင်ခုန်နေကြပါပြီ။ ဒန်နီရယ် တကယ်ပဲ ပြန်လာတော့မလား။ ပရိသတ်တွေအလိုအရတော့ ဟယ်ရီပေါ်တာရုပ်ရှင်ထဲက သုံးယောက်တွဲစလုံးကို ရုပ်ရှင်ထဲ ပြန်လည် မြင်တွေ့လိုနေကြပါပြီ။

ဟယ်ရီပေါ်တာ ဇာတ်ကားတွဲတွေဟာ စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ စာအုပ်တွေထဲ စိတ်ကူးယဉ် ပုံဖော်ထားသမျှကို အသက်ဝင်လာစေခဲ့ပြီး စိတ်ကျေနပ်မှုအပြည့်နဲ့ အသည်းစွဲခဲ့ရတဲ့ မှော်စိတ်ကူးယဉ် ရုပ်ရှင်ကားတွေဖြစ်ပါတယ်။

မျက်လုံးစိမ်းစိမ်းနဲ့ အရပ်မြင့်မြင့် ကောင်လေး မဟုတ်ခဲ့တာတောင် ပရိသတ်တွေက ဒန်နီယယ်ကို တအုန်းအုန်း အားပေးခဲ့ကြပုံကို ကြည့်ရင် သူ့ကို ပရိသတ်တွေ ဘယ်လောက်တောင်ချစ်ကြသလဲဆိုတာ ခံစားမိမှာပဲ။ ဟယ်ရီပေါ်တာရုပ်ရှင်တွေထဲ သူ့ကိုပြန်တွေ့ခွင့်ရကြဖို့ အရမ်းရင်ခုန်နေကြမယ်ဆိုတာတော့ ငြင်းစရာမရှိပါဘူး။ စောင့်မျှော်နေကြရင်း စိတ်လှုပ်ရှားနေကြပါပြီ။

ဒန်နီရယ်သာ ပြန်လာမယ်ဆိုရင်တော့ အားလုံးက အသင့်အားပေးကြိုဆိုကြမှာပါ။ သူသာ စိတ်ပိုင်းဖြတ်ဖြစ်ပြီး ရိုက်ဖြစ်ပါစေလို့ပဲ ဆုတောင်းကြရုံပေါ့။ အနည်းဆုံးတော့ The Cursed Child ကို ဘရော့ဝေးမှာ 2018 အတွင်း တင်ဆက်မယ့် ပြဇာတ်ထဲဖြစ်ဖြစ် ပြန်လည်သရုပ်ဆောင်တာမျိုး မျှော်လင့်နေကြပါတယ်။

လန်ဒန်အထိ ဒီပြဇာတ်ကို သွားမကြည့်နိုင်သူ ပရိသတ်တွေအတွက် ရုပ်ရှင်သာ ပြန်ထွက်လာမယ်ဆိုရင်တော့ အတိုင်းထက်အလွန် စိတ်လှုပ်ရှားမှုစေမွာပါ။ ဒန်နီရယ်ရေ… ဟယ်ရီပေါ်တာ ပရိသတ်တွေက အမြဲတမ်း စောင့်မျှော်လျက်ပါ။

Z. Mint (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top