(၁၃) နှစ်အရွယ် ကိုယ်ခံပညာရှင်ကလေးမလေးကို စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တဲ့ ဂျက်ကီချမ်းရဲ့စကားတစ်ခွန်း

64316064_2374851806105894_3670027615739052032_n.jpg

Britain’s Got Talent 2015 တုန်းက ကိုယ်ခံပညာအမိုက်စားတွေနဲ့ စင်မြင့်ထက်မှာ တင်ဆက်ပေးခဲ့တဲ့ အသက် (၉) နှစ်အရွယ် ကလေးမလေး ဂျက်ဆီဂျိန်း မက်ပါလန်း (Jesse Jane McParland) ကို စာဖတ်ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ ဂျက်ဆီဂျိန်းက အခုဆိုရင် အသက် (၁၃) နှစ်အရွယ်ကို ရောက်ရှိနေပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်သန်းပေါင်းများစွာကို သူ့ရဲ့ကိုယ်ခံပညာတွေနဲ့ စိတ်လှုပ်ရှားစေတုန်းပါပဲ။

မကြာသေးခင်ကမှ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ World’s Got Talent televison showမှာ ဂျက်စီဂျိန်း ပါဝင်ယှဉ်ပြိုင်နေခဲ့ပါတယ်။ သူက သူ့ရဲ့ကိုယ်ခံပညာစွမ်းရည်တွေနဲ့ ဒိုင်လူကြီးတွေကို နှစ်သက်သဘောကျအောင် စွမ်းဆာင်နိုင်ခဲ့ပြီး Semi-Finals အထိ တတ်ရောက်နိုင်ခဲ့ပါတယ်။

“သူတို့က ‘Got Talent Show” တွေအကုန်လုံးက ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့သူတွေအားလုံးကို အချင်းချင်း ယှဉ်ပြိုင်စေခဲ့တာပါ” လို့ ဂျက်စီဂျိန်းက ITV.com ကို ပြောပြခဲ့ပါတယ်။

သူဟာ ဟောင်ကောင်နိုင်ငံရဲ့ ကိုယ်ခံပညာဟီးရိုးကြီး ဂျက်ကီချမ်း (Jackie Chan) က သူ့လေးစားအားကျရတဲ့သူတွေထဲက တစ်ယောက်ဖြစ်ကြောင်း ထုတ်ပြောပြခဲ့ဖူးပါတယ်။

ဂျက်စီဂျိန်း ဟူနန်ပြည်နယ်မှာ ယှဉ်ပြိုင်နေတုန်း ဂျက်ကီချမ်းက သူ့ကို ဗီဒီယိုမက်ဆေ့လေးပို့ပေးခဲ့သလို လက်ဆောင်ဗူးလေးလည်း ပေးခဲ့ပါတယ်။ မင်းသားကြီး ဂျက်ကီချန်းက ဂျက်စီဂျိန်းကို သူ့ဆီကနေ စိတ်ဓာတ်ခွန်အားရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ သူ လက်ဆောင်ပေးခဲ့တာလေးက “ချစ်လှစွာသော ဂျက်စီ…ဘယ်တော့မှ အရှုံးမပေးပါနဲ့။ Love U…ဂျက်ကီချမ်း”ဆိုတဲ့ စာသားလေးနဲ့ လက်မှတ်ရေးထိုးထားတဲ့ သူ့ရဲ့စာအုပ်လေးပဲဖြစ်ပါတယ်။

ဂျက်စီဂျိန်းက ဟူနန်ပြည်နယ်မှာ ကျင်းပတဲ့ပြိုင်ပွဲက အရမ်းခက်ခဲကြောင်းနဲ့ ဂျက်ကီချမ်းရဲ့စကားတွေက သူ့ရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“ဒီပြိုင်ပွဲက အရမ်း အရမ်းကို ခက်ခဲပါတယ်။ ကျွန်မရဲ့နေ့ကို တောက်ပသွားစေတဲ့ မက်ဆေ့တစ်ခုကို ဂျက်ကီချမ်းဆီကနေရခဲ့ပါတယ်။ သူက ကျွန်မရဲ့အိုင်ဒေါပါပဲ”လို့ ဂျက်စီဂျိန်းက ပြောပြသွားခဲ့ပါတယ်။

ဂျက်စီဂျိန်းက Wako Kick-Boxing Competition မှာ ကမ္ဘာ့ချန်ပီယံရှစ်သရဖူကို ဆွတ်ခူးထားခဲ့သလို အခုဆိုရင် Olympic ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိဖို့ ပြင်ဆင်နေကြောင်း ITV.com သတင်းအရ သိရပါတယ်။

“တစ်နေ့တော့ Olympics ပြိုင်ပွဲမှာ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဂျက်ကီချမ်းနဲ့လည်း ရုပ်ရှင်ကားမှာ ပါဝင်ချင်ပါတယ်။ ဒါက ကျွန်မရဲ့အိပ်မက်ပါပဲ”လို့ ဂျက်ဆီဂျိန်းက သူ့ရဲ့အိပ်မက်ကိုလည်း ပြောပြသွားခဲ့ပါတယ်။

Ref: Asiaone “Jackie Chan’s inspirational message for teenage martial arts TV star”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top