မားစ်ဂြိုလ်ရဲ့မျက်နှာပြင်မှာ ပင့်ကူနဲ့တူတဲ့ အရာတွေတွေ့

spiders-on-mars.jpg

နာဆာက မားစ်ဂြိုလ်ရဲ့ ဂြိုလ်ပတ်လမ်းကြောင်းကို လေ့လာဖို့ သွားရောက်ကြတဲ့ စူးစမ်းရှာဖွေသူတွေဟာ ဂြိုလ်ရဲ့ မျက်နှာပြင်ပေါ်မှာ ပင့်ကူတွေ တွားသွားနေတဲ့ပုံစံပေါက်နေတဲ့ ဓာတ်ပုံတစ်ပုံကို ပေးပို့ပြသခဲ့ပါတယ်။

ဒါပေမဲ့ ဒီပေးပို့မှုဟာ အစစ်အမှန် မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။ ဒီဓာတ်ပုံကို မေလ ၁၃ ရက်နေ့က ရိုက်ယူခဲ့တာဖြစ်ပြီး နာဆာက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထုတ်ဖော်ပြသခဲ့တာပါ။

အမှန်တော့ ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေ ကျဆင်းလာတဲ့အခါ မားစ်ဂြိုလ်ရဲ့ မျက်နှာပြင်ဟာ ပူနွေးလာပြီး အစိုင်အခဲတွေက အငွေ့အဖြစ်ပြောင်းကာ ဂြိုလ်ရဲ့ မျက်နှာပြင်အောက်မှာ ပိတ်မိနေတဲ့ သဘာဝဖြစ်စဉ်သာ ဖြစ်ပါတယ်။

ဖိအားတွေကြောင့် အငွေ့တွေက နောက်ဆုံးမှာ ဂြိုလ်ရဲ့မျက်နှာပြင် တစ်လျှောက် ဖုန်တွေအဖြစ် ပေါက်ထွက်လာပြီး လေထဲကို မှုတ်ထုတ်သလို ဖြစ်သွားပါတယ်။ ဒီလို ဖြစ်ခြင်းကပဲ ပင့်ကူနဲ့တူတဲ့ အသွင်သဏ္ဍာန်မျိုး ပုံရိပ်တွေကို ဖြစ်ပေါ်စေကာ စူးစမ်းသူတွေကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာလို့ နာဆာက ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာမြေပေါ်မှာတော့ အခုလို ရာသီအလိုက် ဖြစ်စဉ်တွေ ဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့် နာဆာကတော့ ကမ္ဘာမြေပေါ်က ခြောက်သွေ့ အေးခဲနေတဲ့ ရေခဲတွေရဲ့ ဂုဏ်သတ္တိမျိုး သဘာဝဖြစ်စဉ်နဲ့ တူညီတယ်လို့ ဆိုပါတယ်။

Ref: Time “New NASA Image Shows ‘Spiders’ Crawling Over Mars’ Surface”
Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top