ဆရာကို အံ့အားသင့်အောင်လုပ်ရင်း ကျေးဇူးဆပ်ခဲ့တဲ့ ကျောင်းသားဟောင်းတွေ

37258097_299007987509837_6966911878710689792_n.jpg

အငြိမ်းစားယူထားတဲ့ ဂီတဆရာ ရောဘတ်မိုလ်တစ်ယောက် တိတ်ဆိတ်င်ြိမ်သက်တဲ့နေ့တွေမှာ သူ့ရဲ့ကျောင်းသားဟောင်း ၉၀၀ ရဲ့ နာမည်အားလုံးကို ဖတ်နေခဲ့ပါတယ်။ သူဟာ အိုကလာဟိုးမားပြည်နယ်၊ ပွန်ကာမြို့ရဲ့ အကြီးဆုံး အထက်တန်းကျောင်းတွေထဲက တစ်ခုမှာ သံစုံတီးဝိုင်းအဖွဲ့တစ်ခုကို သင်ကြားပေးရင်း နှစ်ပေါင်း ၃၀ လောက် ကုန်ဆုံး ဖြတ်သန်းခဲ့သူပါ။

‘ဒီကလေးတွေနဲ့ ပြန်ဆုံရတာ မကောင်းဘူးလား’ လို့ သူက ပြောပါတယ်။ ကျောင်းသားအုပ်စု တစ်စုကတော့ မစ္စတာမိုလ်ကို အံ့ဩစရာတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။ သူ့ကို မြို့ပြင်ထွက်လာအောင်လုပ်ပြီး လက်ဆောင်ထုပ်ကြီး တစ်ခုလည်း ပေးခဲ့ပါတယ်။ အမေရိကနဲ့ တခြားနိုင်ငံသုံးခုက ပြန်ရောက်လာကြတဲ့ ကျောင်းသားဟောင်း ၃၀၀ နီးပါးဟာ သူတို့ရဲ့ဘဝတွေကို ဆရာက ဘယ်လိုကြီးကြီးမားမား ပြောင်းလဲပေးခံလဲဆိုတာ ပြန်ပြီး ပြောပြကြပါတယ်။

ကျောင်းသားအများစုဟာ ဂီတကို လေ့လာလိုက်စားကြသူတွေ ဖြစ်ပါတယ်။ အဲဒီကျောင်းသားတွေထဲမှာ ၁၉၇၆ က ဘွဲ့ရခဲ့တဲ့ ဂျွန်အတ်ကင်စ်လည်း ပါဝင်ပါတယ်။ ဂျွန်က ‘ကျွန်တော် တိုင်းပြည်တွေ အများကြီးကို သွားလာပြီး အလ်အေ အော်ပရာအဖွဲ့နဲ့အတူ သီချင်းဆိုလာတာ ၂၅ နှစ်ရှိပါပြီ။ ဒါပေမဲ့ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး’ လို့ ပြောခဲ့ပါတယ်။

ကျောင်းသားတွေဟာ ပွန်ကန်ပြဇာတ်ရုံကို ငှားရမ်းပြီး သူတို့ရဲ့ဆရာကို ကျေးဇူးပြန်ဆပ်ဖို့ ဂီတပွဲ တစ်ပွဲကို ဖျော်ဖြေပြခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ ကာရန်ညီလှတဲ့ အသံတွေကိုကြည့်ရင် ဆရာကောင်းတစ်ယောက် အနေနဲ့ မစ္စတာမိုလ် ဘယ်လို သင်ကြားပေးခဲ့တယ်ဆိုတာ သံသယဖြစ်ဖွယ်ရာ မရှိပါဘူး။

‘ဆရာက အရမ်းစည်းကမ်းကြီးပါတယ်… ဒါပေမဲ့ ဆရာ့ကိုသာ စိတ်ချမ်းသာမှု ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ဘာမဆိုလုပ်ပေးမှာပါ’ လို့ ကျောင်းသားဟောင်းတွေက ပြောခဲ့ပါတယ်။ တချို့ စာသင်ကြမ်းတတ်တဲ့ ဆရာတွေက အသိအမှတ်ပြု မခံရတတ်ပါဘူး။ ဒါပေမဲ့ အဲဒီဆရာတွေ တကယ်တော်ရင် ကျောင်းသားတွေက ဘယ်လိုမဆို ကျေးဇူးသိတတ်ကြမှာ ဖြစ်ပါတယ်။

Ref: www.cbsnews.com “Former students surprise music teacher who changed their lives”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top