အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၃-၂-၂၀၁၉ မှ ၉-၂-၂၀၁၉ ရက်နေ့အထိ)

Bay-Din-4-Week-1-February405-405.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၃-၂-၂၀၁၉ မှ ၉-၂-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ
တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းများသိပ်မကောင်းသေးပါ၊ မိမိစီးပွား ပျက်စီးတတ်သည်။မိမိယုံကြည်ရသော အသက်ကြီးသူတစ်ကြောင့် ပျက်စီးတတ်သည်။ ပြည်ပသွင်းကုန်သမားများ ပြည်ပမှ ကုန်သွယ်ရေးသမားများ ညံ့သည်။စိတ်ညစ်ရတတ်သည်။ ငွေကြေး၊ပစ္စည်းများ ဆုံးရှုံးရတတ်သည်။ လုပ်ငန်း၊ စက်ရုံအတွင်း မတော်တဆ ထိခိုက်မိတတ်သဖြင့် သတိပြုပါ။ ကျန်းမာရေးအနေဖြင့် လေနှင့်သက်ဆိုင်ရောဂါသည်များ၊အကြောရောဂါများသတိ သတိထားရမည့် အချိန်ဖြစ်သည်၊ အချစ်ရေးမှာ မိမိချစ်သူနှင့်ပါတ်သက်ပြီး သဝန်မတိုပါနှင့်။ အိမ်ထောင်သည်များ ငွေရေးကြေးရေးအကြောင်းပြုပြီး ကံမကောင်းသေးပါ။ ပညာရေးသမားများအတွက် စာမေးပွဲအတွက် အထူးပြင်ဆင်ထားပါ။ ပြည်ပသို့ သွားရောက်မည့်သူများ ကံနည်းနေပြီး ရက်ရွေ့ရတတ်သည်။ အစိုးရဝန်ထမ်းများ အလုပ်ခွင်တွင် စိတ်သောကရောက်ရမည်။
အကျိူးပေးဂဏန်း – ၃၊ ၁။၄ ယတြာ – အုန်းသီးတစ်လုံးအား ရေတွင်မျှောလိုက်ပါ။

တနင်္လာ
တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်အတွက် စီးပွားရေးကိစ္စများ ဆက်လက်ကောင်းမွန်မည့်အချိန်ဖြစ်သည်။ ယခင်အပတ်မှ အောင်မြင်မှု့များ ဆက်ခံစားရမည်။ လုပ်ငန်းအတွက် ဘဏ်ငွေချေး ယူခြင်းကိစ္စများ၊ ငွေကြေးကိစ္စများသတိပြုပါ။ အိမ်ခြံမြေလုပ်ငန်းများ ၊သတ္တုလုပ်ငန်းများကတော့ များစွာအဆင်မပြေဘဲ ပါမစ်၊ စာရွက်စာတမ်းများကိစ္စအတွက် အတိုက်အခံစကားပြောရခြင်းများဖြစ်သည်။ ကျန်းမာရေးအတွက် အသဲရောဂါ၊သဲခြေနှင့်ဆိုင်သောရောဂါများအတွက် အထူးဂရုစိုက်ရမည်။ အချစ်ရေးတွင် ကံကောင်းနေမည် မိမိချစ်သောသူနှင့် ခွဲနေရတတ်သည်။ အိမ်ထောင်ရေးမှာတော့ တာဝန်အရသော် လည်းကောင်း၊ စီးပွားရေးအရသော်လည်း ခရီးဝေးအတွက် စတင်ထွက်ခွာရမည်။ ပညာရေးအတွက်ကောင်းပါသည်။ အစိုးရဝန်ထမ်းများ ရာထူးတူသူနှင့် စကားသတိထားပြောပါ။
အကျိုးပေးဂဏန်း ၂၊၄၊၇ ယတြာ – ငါးဟင်းဖြင့် ဆွမ်းလောင်းလှူပါ။

အင်္ဂါ
အင်္ဂါသားသမီးတို့၏ကံကြမ္မာမှာတော့ စီးပွားရေးကိစ္စများတွင် လုပ်ငန်းစတင်ခြင်း၊ ဆိုင်စတင်ဖွင့်ခြင်း၊ ဘဏ်ချေးငွေစတင်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီလိုင်စင် စတင်လျှောက်ထားခြင်းတို့ ဆောင်ရွက်ရမည်။ ယခုအချိန်တွင် စီးပွားရေးဆိုင်ရာကိစ္စများ စတင်သင့်ပါသည်။ ကျန်းမာရေးအနေနဲ့ကတော့ ဦးခေါင်းနှင့်ဆိုင်သောရောဂါ၊ မျက်လုံးရောဂါများဖြစ်တတ်သည်။ အချစ်ရေးအနေနှင့် လက်ထပ်ရန်ကိစ္စအချိန်ကြာပါဦးမည်။ အိမ်ထောင်သည်များ မိသားစုကိစ္စ၊ သားသမီးကိစ္စများကြောင့် အလွန်အလုပ်များရမည့်အချိန်ဖြစ်သည်။ ပညာရေးသမားများအနေဖြင့် တွက်စာအားနည်းသဖြင့် စာမေးပွဲဖြေရာတွင် တွက်စာကို သတိထားပါ၊ ဝန်ထမ်းများ အထက်မှလာသောအလုပ်များ များပြားနေပြီး ပင်ပန်းရမည်။
အကျိုးပေးဂဏန်း ၆၊၄၊၉ ယတြာ – အင်္ဂါနေ့တွင် ဆိတ်သားဟင်းဖြစ် နွမ်းပါးသူကို ဒါနပြုပါ။

ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးတွင် အနည်းငယ်အနှောက်အယှက် အတိုက်အခိုက်များစတင် ပေါ်ပေါက်နေပြီဖြစ်သည်။ မိမိအလွန်ယုံကြည်ရသူကိုအကြောင်းပြုပြီး ဂုဏ်သိက္ခာကျဆင်းရမည်။ အောင်မြင်မှုများအနည်းငယ်ကျဆင်မည်။ ကျန်းမာရေးအနေနှင့် လေရောဂါ၊ သွေးတိုးရောဂါတို့ကြောင့် အထူး စိတ်ညစ်ရမည်။ ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးခြင်းများ အမြန်ပြုလုပ်ပါ။ ယာဉ်ကားတို့ကြောင့် ဒူးနှင့် ခါးတွင် ထိခိုက်မိမည်ဖြစ်သဖြင့် အထူးသတိထားရမည့်အချိန်ဖြစ်သည်။ အချစ်ရေးကိစ္စများတွင် အပြင်လူတစ်ယောက်ကို အကြောင်းပြုပြီး ဝေးရတတ်သည်။ အိမ်ထောင်ရေးနှင့် ပတ်သတ်၍ အထူးစိတ်ချမ်းသာရပါမည်။ ပညာရေးအနေဖြင့် အထူးကြိုးစားမှ အောင်မြင်မည်။ အစိုးရဝန်ထမ်းများ အလုပ်ကိစ္စနှင်ပတ်သက်ပြီး ဝန်ပိနေမည်။

ရာဟု။ ။ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေးမှာ ခါးတွင်ဒဏ်ရာရမည်။ စီးပွားရေးတွင် ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းရောင်းချသူများ ကံကောင်းပါသည်။ အချစ်ရေးမှာညံ့နေပြီး လက်ထပ်ရန် ရက်ရွေ့ရတတ်သည်။ငွေကြေး ပြဿနာဖြေရှင်းရမည်။
အကျိုးပေးဂဏန်း ၁၊၅၊၉ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရဟန်းတစ်ပါးအား ဆွမ်းလှူပါ။

ကြာသပတေး
ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း ကျောက်လုပ်ငန်း၊ ရေနံလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများ အခြေအနေကောင်းလာမည်။ ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ အနည်းငယ်ညံ့သည်။ ငွေချေးငှါးခြင်းနှင့်ဆိုင်သောကိစ္စအတွက် စကားပြောရတတ်သည်။ သံထည်ပစ္စည်းနှင့်ပတ်သက်သော ကိစ္စများတွင် နှစ်ခါပြန်လုပ်ဆောင်ရတတ်သည်။ အချစ်ရေးအတွက် ထူးခြားသောအခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ထားသော ချစ်သူနှင့်တွေ့မည်၊ အသက်ကြီးမည်။ အိမ်ထောင်ရေးတွင် အဆင်ပြေပါမည်။ သားသမီး ကျန်းမာရေးသတိပြုပါ။ကျန်းမာရေးအတွက်ကတော့ သွားကျန်းမာရေးနှင့် ဒူးကျန်းမာရေးသတိပြုပါ။ ပညာရေးသမားများ ကျက်စာကြောင့်စိတ်ညစ်ရမည့်အချိန်ဖြစ်သည်။ ဝန်ထမ်းများ မိမိလက်အောက်ငယ်သားကြောင့် စိတ်သောကရောက်ရမည်။
အကျိုးပေးဂဏန်း- ၅၊၆၊၊၈ ယတြာ – ကလေးများကို မုန့်ချိုလေးများ ဝယ်ကျွေးပါ။

သောကြာ
သောကြာသားသမီးများ ယခုတစ်ပတ်သည်စီးပွားရေးလုပ်ရာတွင် အထူးသတိထားရမည့် အခြေအနေဖြစ်သည်။ လုပ်လက်စ စီးပွားရေးလုပ်ငန်းများ ယာယီရပ်နေတတ်သည်။ သို့သော်ဆက်လုပ်ပါ၊ မကြာမီပြေလည်သွားပါလိမ့်မည်။ လူယုံကြောင့် အပြိုင်အဆိုင်ကိစ္စများတွင် အခက်အခဲရှိနေမည်။ ရေလုပ်ငန်း၊ ဆေးပစ္စည်းလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်းများမှအမြတ်ရမည်။ စပ်တူရှယ်ယာများ စိတ်သဘောထား ကွဲလွဲခြင်းဆက်ရှိနေမည် သတိထားပါ။ ကျန်းမာရေးအနေနှင့် အစာအိမ်ရောဂါရရှိမည်၊ ထိုရောဂါကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်မည်။ မတော်တဆထိခိုက်မိခြင်းလည်း ယခုအပတ်တွင် ပိုသတိရှိရလိမ့်မည်၊ အချစ်ရေးအတွက် ချစ်သူမှအဖြေပေးလိမ့်မည်၊ကံကောင်းပါသည်။ အိမ်ထောင်ရေးတွင်တော့ အနည်းငယ်သတိရှိပါ၊နေရာထိုင်ခင်းအတွက် စိတ်ညစ်ရမည်။ ရတနာပစ္စည်းကိုအကြောင်းပြုပြီး ရန်ပေါ်တတ်သည်။ ပညာရေးသမားများ စာမေးပွဲအတွက် ပြင်ဆင်ထားပါ၊ယှဉ်ပြိုင်ရမည်။ အစိုးရဝန်ထမ်းများ အရေးကြီးစာရွက်စာတမ်းများ ပျောက်ဆုံးတတ်သည်။
အကျိုးပေးဂဏန်း ၆၊၇၊၉ ယတြာ – သောကြာနေ့တွင် လှပသောပန်းများကို ဘုရားလှူပေးပါ။

စနေ
ယခုတစ်ပတ်အတွက် စနေသားသမီးတို့ စီးပွားရေးအခြေအနေမှာ လုပ်ငန်းအတွက် အစုအစပ်အတွက် အချေအတင်စကားပြောနေရမည်။ ဘဏ်ချေးငွေ(သို့) အခြားသူများထံမှချေးငွေကိစ္စများအတွက် အလွန်စိတ်သောကရောက်ရမည်။ ထိုကိစ္စအတွက် ရုံးသို့ပင် ရောက်ရတတ်သဖြင့် အလွန်သတိထားပါ။ လယ်ယာထွက်ကုန်များ၊ ဆောက်လုပ်ရေးနှင့် ဆေးပစ္စည်းကုန်သည်များ အဆင်ပြေမည်။ ခရီးသွားလုပ်ငန်းတွင် အန္တရာယ်ရှိသောကြောင့် သတိထားပါ။ ကျန်းမာရေးအနေဖြင့် အရိုးနှင့်ပတ်သက်သောရောဂါ၊ အကြောရောဂါများရနေတတ်သည်။ အချစ်ရေးမှာတော့ မိမိထက်အသက်ကြီးသူများနှင့် ဖူးစာဆုံနေရမည်၊သို့သော်လက်ထပ်ရန်ဝေးနေမည်။ အိမ်ထောင်ရှင်များ မိဘများကို အကြောင်းပြုပြီး ငွေဝင်မည်။ ပညာရေးသမားများ စာမေးပွဲအတွက် ကျက်စာကိုပြင်ဆင်ရန်လိုအပ်ပါသည်။ ဝန်ထမ်းများ ပြည်ပခရီးစဉ်များတွင် လိုက်ပါရမည်။
အကျိုးပေးဂဏန်း – ၀၊၅၊၁ ယတြာ – စနေနေ့တွင် ဘုရားအား ဆီမီးကပ်လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top