အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၁-၁၁-၂၀၁၈ မှ ၁၇-၁၁-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-3-November.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁၁-၁၁-၂၀၁၈ မှ ၁၇-၁၁-၂၀၁၈ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများတွင် ယခုအပတ်အထိ အညံ့တွင်သာရှိနေပါသေးသည်။ နောက်တစ်ပတ်ခန့်အကြာမှ စကောင်းလာမည်။ အထူးသတိထားရမည်။ ကုန်သွယ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အထူးသတိထား ရပါမည်။ နိုင်ငံခြားဆက်သွယ်ရေး လုပ်ငန်းများတွင် စက်ပစ္စည်းလုပ်သူများ ကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် နှလုံးရောဂါရှိသူများ ဆက်လက် သတိထားရန်လိုသည်။ အချစ်ရေးတွင် မိမိနှင့် သဘောထား တိုက်ဆိုင်သော ချစ်သူရရှိပါမည်။ အိမ်ထောင်ရှင်များမှာ ကံကောင်းပြီး အလှူအတန်း ဆောင်ရွက်ပါ။ ကား၊ စက်ပစ္စည်းကိုအကြောင်းပြုပြီး ရန်ပေါ်တတ်သည်။ စက်ပစ္စည်း ဝင်မည်၊ သေချာစစ်ဆေးပါ၊ အပျက်အစီးဖြစ်နေတတ်သည်။ ဝန်ထမ်းများ မိမိလုပ်ငန်းနှင့်ဆိုင်သော ပြင်ပလုပ်ငန်းသစ်တစ်ခုကြောင့် ဝင်ငွေတိုးပါလိမ့်မည်။အကျိုးပေးဂဏန်း – ၁ ၊ ၃၊ ၉။ ယတြာ – ရဟန်းတစ်ပါးကို ဆေးလှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့သည် ဆောက်လုပ်ရေး၊ ဆေးပစ္စည်းများဖြင့် လုပ်ငန်းအကျိုးပေးနေလိမ့်မည်။ စားသောက်ကုန်လုပ်ငန်းဖြင့်လည်း အကျိုးပေးပါသည်။ ကျန်းမာရေးကို အကြောင်းပြုပြီး ငွေကုန်ကြေးကျ များနေပါလိမ့်မည်။ အစုအစပ်လုပ်ကိုင်ထားသူများ အသင်းအဖွဲ့လုပ်ထားသူများ ဆက်လက် သတိထားပါ၊သဘောထား မတိုက်ဆိုင်သည့်ကိစ္စများဖြစ်မည်၊ကောက်ကျစ်ခြင်းများဖြစ်တတ်သည်။ နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါရှင်များ သေချာစစ်ဆေးသတိထားရမည့် အချိန်ဖြစ်သည်။ အချစ်ရေးတွင် ဒီတစ်ပတ်အတွင်း မိဘကိုအကြောင်းပြုပြီး ဝေးရန်အကြောင်းပေါ်ပေါက်နိုင်သည်၊ သတိထားပါ။ အိမ်ထောင်ရှင်များ နှစ်ဘက်မိဘကြောင့် အိမ်တွင်းရေး ပူတတ်သည်။ မြေ၊ယာ ဝင်မည်။ ဝန်ထမ်းများ ကံကောင်းနေပြီး အလုပ်တွင် ငွေဝင်ကောင်းမည်။

အကျိုးပေးဂဏန်း – ၃ ၊ ၇ ၊ ၈။ ယတြာ– နွမ်းပါးသူ ၂ ဦးကို အစားအသောက်ဝယ်ပေးလိုက်ပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့သည် ရေလုပ်ငန်း၊ သံလုပ်ငန်းမျာဖြင့် ပတ်သက်ပြီး ကံကောင်းမည်၊နိုင်ငံခြားဆက်ဆံရမည်။ ဘဏ်ချေးငွေတင်ပြထားသူများ ယခုအပတ်အတွင်း သတင်းကောင်းကြားရမည်။ ငွေကြေးအကူအညီရမည်။ သံမဏိလုပ်ငန်း၊ အလူမီနီယံတို့အကျိုးများပါလိမ့်မည်။ ဆန်၊ ကောက်ပဲသီးနှံသမားများ အနည်းငယ် ညံ့နေသဖြင့် သတိထား လုပ်ကိုင်ရန်ဖြစ်ပါသည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်၊ သားအိမ် ရောဂါရှိသူများ သတိထားကုသပါ။ အချစ်ရေးတွင် အဆင်ပြေပါမည်။ အိမ်ထောင်ရေးတွင်လည်း အိမ်ထောင်ရှင်ခရီးသွားများနေတတ်သည်။ ပညာရေးကောင်းပါသည်။ ကား၊ စက်ဝင်မည်။ ဝန်ထမ်းများ အောက်လက်ငယ်သားကြောင့် စိတ်ညစ်ရမည်။ အထူးသဖြင့် လက်နက်ကိုင်ဝန်ထမ်းများ သတိထားရမည်။

အကျိုးပေးဂဏန်း – ၃ ၊ ၇ ၊ ၀။ ယတြာ – လူအများကို သောက်ရေလှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့သည် စီးပွားရေးဆိုင်ရာ ကြိုးစားမှုများ အနည်းငယ်ရပ်သွားမည်။ အသင်းအဖွဲ့၊ အစုအစပ်လုပ်ငန်းများကြောင့် အလွန်စိတ်ညစ်ရပြီး ယခင်အပတ်ကထက် ပိုစိတ်ညစ်ရမည်။ မိမိလုပ်လိုသည်နှင့် ဖြစ်နေသည်မှာ တစ်ခြားစီဖြစ်မည်။ အလုပ်ထွက်ချင်စိတ်ဖြစ်နေမည်။ ပြည်ပ အကူအညီရမည်။ ခရီးသွားများနေမည်၊ ခရီးသွားခြင်းက အကျိုးဖြစ်မည်။ အသည်း၊ အဆုတ် ရောဂါရှိသူများ အထူးသတိပြုပါ။ အချစ်ရေးတွင် ချစ်နေရသော ချစ်သူ၏ သံသယက အလွန်စိတ်ညစ်စေမည်။ အိမ်ထောင်ရေးတွင်လည်း သတိထားရမည် သံသယများစွာဖြင့် စောင့်ကြည့်ခြင်းခံရမည်။ ပညာရေးသမားများ ထင်တိုင်းမပေါက်ဖြစ်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု။ ။ရာဟု သားသမီးများ ကျန်းမာရေးတွင် မျက်လုံးကို အထူး သတိပြုရန်လိုပါသည်။ အချစ်ရေးကံကောင်းပြီး အိမ်ထောင်ရေးလည်း ကောင်းပါသည်။ ရန်ဖြစ်တတ်သဖြင့် ရှောင်ရန်လိုပါသည်။

အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ၆။ ယတြာ – လမ်းသွာလမ်းလာများကို ရေသန့်ဗူး ကုသိုလ်ပြုပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့၏ စီးပွားရေးသည် နံလန်ထူစ စီးပွားရေးဖြစ်နေမည်။ လုပ်ငန်းဆိုင်ရာ မူဝါဒအသစ်ပြန်လုပ်ရန်လိုပြီး သေချာစတင်လုပ်ဆောင်ပါက အောင်မြင်တော့မည့်အချိန်ဖြစ်သည်။ ရှယ်ယာရှင်များကြောင့် ဆုံးဖြတ်ချက်တစ်ခုကို အမြန်မချနိုင်ဖြစ်တတ်သည်။ လုပ်ငန်းလုပ်ဆောင်ရာတွင် ငွေကြေးကိုအထူးသတိထားပါ။ သတ္တုတူးဖော်သော လုပ်ငန်းများနှင့် ရေနံထွက်ပစ္စည်းများတွင် အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါ၊ ကျောက်ကပ်နှင့် အရိုးရောဂါများသတိပြုပါ။ အချစ်ရေးအနေနှင့် မိဘသဘောတူသူနှင့် လက်ထပ်ရန်အကြောင်းပေါ်နေပြီး အိမ်ထောင်ရှင်များ လုပ်ငန်းအကြောင်းပြု ခွဲခွါနေရတတ်သည်။ ကား၊ စက်ပစ္စည်းများဝင်မည်။ ပညာရေးကောင်းသည်၊ ဝန်ထမ်းများအနေဖြင့် ကံကောင်းနေမည်၊ စာရင်းဝန်ထမ်းများကတော့ သတိပြုရမည်ဖြစ်သည်။

အကျိုးပေးဂဏန်း – ၅ ၊ ၉ ၊ ၀။ ယတြာ – ငှက်ကလေးများကို အစာကျွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေးအတိုက်အခံများကြောင့် ဖိအားကြီးစွာဖြင့် အလုပ်လုပ်နေရလိမ့်မည်။ အကြီးအကဲ၏ အကူအညီဖြင့် အတိုက်အခံများကို ရင်ဆိုင်နိုင်လိမ့်မည်။ ဝန်ထမ်းကောင်းများကို ဆက်လက်ထိန်းထားရမည်။ ဆောက်လုပ်ရေး လုပ်ငန်းလုပ်သူများ လုပ်ငန်းတွင် အကြွေးတင်မည်။နိုင်ငံခြားကုန်သွယ်သူများ အကြွေးတင်မည်။ အသည်းရောဂါရှိသူများဆက်သတိထားပါ၊ မတော်တဆဖြစ်တတ်ပြီး ယာဉ်မောင်းရာတွင် သတိထားပါ။ အချစ်ရေး ကံအနည်းငယ်ကောင်းလာပြီး ရည်ရွယ်သူက အရေးပေးလာမည်။ အိမ်ထောင်ရေးကံကောင်းပါသည်။ အထူးသဖြင့် စားသောက်ဆိုင်ဖွင့်သူများ မိမိဆိုင်တွင် ရန်ပေါ်တတ်သဖြင့် အထူးသတိထားပါ။ ပြင်ပဝန်ထမ်းများ သင်တန်းသစ်တက်ရမည်၊ အစိုးရလက်နက်ကိုင်ဝန်ထမ်းများ အရေးကြီး ကြေးနန်းစာရွက် ပျောက်ဆုံးတတ်သည်။

အကျိုးပေးဂဏန်း – ၆ ၊ ၄ ၊ ၂။ ယတြာ – သစ်သီးများကို ဘုရားတွင် သေချာလှူပါ။

စနေ

စနေသားသမီးတို့သည် ယခုအပတ်အတွင်း အောင်မြင်နေသော စီးပွားရေးလုပ်ငန်းကို သေချာထိန်းသိမ်းပါ။ ယခုအပါတ်သည်လည်း စနေသားသမီးတို့ ရည်မှန်းချက်များ အောင်မြင်သည့်ကာလဖြစ်သည်။ လုပ်ငန်းသစ်၊ တံဆိပ်သစ်များဖြင့် တိုးချဲ့ဆောင်ရွက်ပါက ကောင်းသောအချိန်ဖြစ်သည်။ ပြည်ပလုပ်ငန်းများလည်း အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ညံ့သဖြင့် သတိထားပါ၊ အရိုးရောဂါရှိသူ၊ အကြောရောဂါရှိသူများ အထူးသတိပြုရမည်။ အချစ်ရေးတွင် ကံကောင်းပြီး အဆင်ပြေမည်။ အိမ်ထောင်သည်များလည်း အဆင်ပြေနေပြီး မိဘများထံမှ အထောက်အပံ့များရရှိမည်။ အလုပ်အကိုင်နှင့် ပါတ်သက်သည့် စာမေးပွဲဖြေဆိုထားသူများ စာမေးပွဲအောင်မည်။ ကား၊ မြေ၊ အိမ်များဝင်ရောက်လာမည်။ ဝန်ထမ်းများ ငွေရွှင်သောအချိန်ဖြစ်ပါမည်၊ ကံကောင်းနေပါသည်။

အကျိုးပေးဂဏန်း – ၇ ၊ ၈၊ ၀။ ယတြာ – အိမ်ဘုရားတွင် နှင်းဆီပန်းများ လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top