စင်ကာပူ အမျိုးသား လေကြောင်းလိုင်းသည် ဥရောပသို့ ပျံသန်းသည့် ခရီးစဉ်များကို အီရန် လေပိုင်နက်အတွင်း ယူကရိန်းခရီးသည်တင်လေယာဉ် မှားယွင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်တွင် လမ်းကြောင်းပြောင်း ပြေးဆွဲနေခဲ့သည်။ အမျိုးသား လေကြောင်းလိုင်းပိုင် လေယာဉ်များအားလုံးကို အီရန် လေပိုင်နက်မှ ရှောင်ဖယ်၍ ပြေးဆွဲသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ လေကြောင်းလိုင်းပိုင် ကုမ္ပဏီအနေဖြင့် ယင်းထုတ်ပြန်ချက်မှအပ အခြားအသေးစိတ် ထုတ်ပြန်ချက်များ မရှိပေ။
မေ (ရိုးရာလေး)