မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရလို့ ထိုင်းဘုန်းကြီးကျောင်းမှ သံဃာအားလုံးကို လူဝတ်လဲ

1-12-2022-yyl-04.jpg

ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သီတင်းသုံးတဲ့ သံဃာတွေကို ရှောင်တခင် စစ်ဆေးမှုလုပ်ချိန်မှာ သံဃာအားလုံး မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိခဲ့လို့ အားလုံးကို လူဝတ်လဲခိုင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဒေသခံရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးအရာရှိတွေက ပတ်ချာဘန်းပြည်နယ်မှ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့တာပါ။

ဆီးစစ်မှုရလဒ်တွေအရ တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရလို့ ကျောင်းထိုင်ဘုန်းကြီးအပါအဝင် သံဃာ ၄ ပါးလုံးကို လူဝတ်လဲပြီး ကျောင်းကနေ နှင်ထုတ်လိုက်ပြီလို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။
ဘာသာရေးကိစ္စတွေအတွက် ရပ်ရွာလူထု အားကိုးအားထားပြုရတဲ့ ဘုန်းကြီးကျောင်းမှာ သံဃာတစ်ပါးမှ မရှိတော့တဲ့ဖြစ်ရပ်အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေသလို ဘုန်းကြီးကျောင်းမှာ မွေးထားတဲ့ ခွေးတွေ၊ ကြောင်တွေရဲ့ ရှင်သန်ရေးအတွက်လည်း ပူပန်နေကြပါတယ်။

ခရိုင်အရာရှိတွေကတော့ အဲဒီဘုန်းကြီးကျောင်းအတွက် နောက်ထပ်သံဃာတွေ ပင့်ဆောင်ဖို့ ဘန်ဆမ်ဖန်ခရိုင် သံဃာဂိုဏ်းချုပ်ထံ ဦးတင်လျှောက်ထားခဲ့ပါတယ်။

Ref:Thai temple left without any monks after they all fail drug tests

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top