ကမ္ဘာကြီးကို ကယ်တင်ပေးမယ့် လူစားလို့ ချီးကျူးခံနေရတဲ့ အငှားယာဉ်မောင်း

in3-1.jpg

ဆွီဒင်နိုင်ငံမှာ နေထိုင်တဲ့ တူရကီနိုင်ငံဖွား အငှားယာဉ်မောင်းတစ်ဦးကတော့ ကိုယ်ချင်းစာတရား ရှေ့ထားတဲ့လုပ်ရပ်ကြောင့် ကမ္ဘာကြီးကို ကယ်တင်ပေးမယ့် လူစားလို့ ချီးကျူးခံနေရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် အော့စ်လန်းဟာ စီးပွားရေးခရီးစဉ်ရှိလို့ ဂျာမနီနိုင်ငံကိုသွားဖို့ လေဆိပ်ကို ထွက်လာချိန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့ပါတယ်။ အိမ်ကိုတစ်ခေါက်ပြန်ပြီး ပိုက်ဆံအိတ်ပြန်ယူရင်လည်း လေဆိပ်ကို အချိန်မီ ပြန်လာနိုင်ဖို့ မသေချာတော့ပါဘူး။

အဲဒီအချိန်မှာ အော့စ်လန်း ငှားစီးလာတဲ့ တက္ကစီရဲ့ ယာဉ်မောင်းက သူ့ခရက်ဒစ်ကတ်ထဲမှာ ပိုက်ဆံ အလုံအလောက်ရှိတယ်၊ ခရက်ဒစ်ကတ် ငှားလိုက်မယ်လို့ ပြောပါတယ်။ အော့စ်လန်းနဲ့ အငှားယာဉ်မောင်းက အဲဒီနေ့မှ ပထမဆုံးတွေ့ဖူးတာပါ။ အော့စ်လန်းက ဘယ်သူ၊ ဘယ်ဝါ၊ ဘာအလုပ်လုပ်တယ်ဆိုတာလည်း အငှားယာဉ်မောင်းက မသိပါဘူး။ အော့စ်လန်းက ဘယ်ကို ခရီးသွားမှာလဲဆိုတာလည်း အငှားယာဉ်မောင်းက မသိပါဘူး။

အော့စ်လန်းက အငှားယာဉ်မောင်းတမ်မယ်ရဲ့ ခရက်ဒစ်ကတ်ကို မယူသွားချင်ဘူးလို့ ငြင်းခဲ့ပေမဲ့ တမ်မယ်ကတော့ လျှို့ဝှက်နံပါတ်နဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေ ပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အော့စ်လန်းဟာ တမ်မယ်ရဲ့ခရက်ဒစ်ကတ်ထဲက ဆွီဒင်နိုင်ငံသုံး ခရိုနာ ၄၂၀၀ (အမေရိကန်ဒေါ်လာ ၄၅၀)ကို ယူသုံးခဲ့ပြီး သူပြန်လာလို့ လေဆိပ်မှာ တမ်မယ်နဲ့ ပြန်တွေ့တော့ အဲဒီပိုက်ဆံနဲ့ ခရက်ဒစ်ကတ်ကို ပြန်ပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top