မျက်မမြင် ဂျပန်နိုင်ငံသားက ပစိဖိတ်သမုဒ္ဒရာကို မရပ်မနား ရွက်လွှင့်ဖြတ်သန်းပြီး စံချိန်တင်

in2-2.jpg

ဂျပန်နိုင်ငံက မျက်မမြင်ရွက်လွှင့်သူတစ်ယောက်ဟာ ပစိဖိတ်သမုဒ္ဒရာကို မနားတမ်းဖြတ်သန်းပြီး အဲဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံး မျက်မမြင်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ အသက် (၅၂) နှစ်အရွယ်ရှိတဲ့ အိုင်ဝါမိုတိုဟာ မျက်စိမြင်တဲ့ လမ်းပြသူတစ်ယောက်ရဲ့ အကူအညီ ရယူပြီး မိုင် ၈၇၀၀ အကွာအဝေး ရွက်လွှင့်ခဲ့တာပါ။

အိုင်ဝါမိုတိုဟာ ဖေဖော်ဝါရီလ (၂၄) ရက်နေ့က အမေရိကန်နိုင်ငံသား လမ်းပြသူ ဒေါက်စမစ်နဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်က ထွက်ခွာခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ မနက်ပိုင်းက ဖူကူရှီးမားဆိပ်ကမ်းကို အောင်အောင်မြင်မြင် ဆိုက်ကပ်နိုင်ခဲ့ပါတယ်။ ပေ (၄၀) ရှည်လျားတဲ့ ရွက်လှေနဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့တဲ့ သူတို့ရဲ့ခရီးစဉ်က (၂) လကြာမြင့်ခဲ့ပါတယ်။

အိုင်ဝါမိုတိုဟာ ၂၀၁၃ ခုနှစ်က အခုလိုလုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့လှေက ဝေလငါးတစ်ကောင်ကို ဝင်တိုက်ပြီး နစ်မြုပ်သွားလို့ ဂျပန်စစ်တပ်က သူ့ကို ကယ်ဆယ်ခဲ့ရပါတယ်။ သူဟာ ပစိဖိတ်သမုဒ္ဒရာကို မနားတမ်းဖြတ်သန်းနိုင်တဲ့ ပထမဆုံး မျက်မမြင်ရွက်လွင့်သမား ဖြစ်လာခဲ့တယ်လို့ ဂျပန်နိုင်ငံ မျက်မမြင်ရွက်လွင့်အသင်းချုပ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top