ရုရှားနိုင်ငံမှာ တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၁၀,၀၀၀ ကျော်ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၃၄,၀၀၀ ကျော်ရှိလာ

4-5-2020-yyl-007.jpg

ရုရှားနိုင်ငံမှာ တစ်ရက်အတွင်း COVID-19 ရောဂါ စံချိန်တင်ကူးစက်ခံရမှုအဖြစ် ကူးစက်ခံရသူ ၁၀,၆၃၃ ယောက် ရှိခဲ့ပါတယ်။ အဲဒီအတွက် ရုရှားနိုင်ငံမှာ ကူးစက်ခံရသူ ၁၃၄,၆၈၆ ယောက်အထိ ရှိလာခဲ့ပြီး ကမ္ဘာပေါ်က ကူးစက်ခံရမှုအများဆုံး နိုင်ငံတွေစာရင်းမှာ အဆင့်(၇) နေရာကို ရောက်ရှိလာပါတယ်။ ဒါပေမဲ့ ရုရှားနိုင်ငံဟာ အမေရိကန်၊ အီတလီ၊ စပိန် အစရှိတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သေဆုံးမှုနည်းပါးပြီး သေဆုံးသူ ၁,၂၈၀ ပဲ ရှိပါတယ်။ ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့မှာ ရောဂါကူးစက်မှု အထွတ်အထိပ်ကာလ ကုန်ဆုံးခြင်းမရှိသေးလို့ ပေါ့ပေါ့ဆဆ မနေကြဖို့ မော်စကိုမြို့တော်ဝန် ဆာဂိုင်းဆိုဘာနင်က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မော်စကိုမြို့မှာ ကူးစက်ခံရသူ ၅,၉၄၈ ယောက်ရှိခဲ့လို့ စုစုပေါင်းကူးစက်ခံရသူ ၆၈,၆၀၆ ယောက်အထိ ရှိလာခဲ့ပါတယ်။ လူဦးရေ ၁၂ သန်း နေထိုင်တဲ့ မော်စကိုမြို့မှာ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ခြွင်းချက်တချို့ကလွဲလို့ ဒေသခံတွေကို အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားထားပါတယ်။ ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစတင်ကလည်း COVID-19 ရောဂါကူးစက်ခံထားရလို့ ဆေးရုံတက်ရောက်ကုသနေရပါတယ်။ ရုရှားနိုင်ငံရဲ့ အခြေအနေက အရမ်းအရေးကြီးနေဆဲဖြစ်ပြီး လာမယ့်သီတင်းပတ်တွေမှာ ကပ်ရောဂါရဲ့ ရက်စက်တဲ့အဆင့်ကို ကျော်ဖြတ်နိုင်အောင် အသင့်ပြင်ထားကြဖို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top