သရက်သီးမှည့်ပေါ်ချိန် ရောက်ရှိလာနေပါပြီ။ သရက်သီးကတော့ လူတိုင်းနီးပါးရဲ့အကြိုက်ဆုံးအသီးဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ ဒီနွေရာသီစာအသီးကို ကိုယ်အလေးချိန်ကျချင်နေတဲ့သူတွေက စားရမှာ လက်တွန့်နေကြပါတယ်။ ဒီအသီးက ကိုယ်အလေးချိန်တက်စေနိုင်လားဆိုတာ စူးစမ်းကြည့်ရအောင်။
အာဟာရပညာရှင် ပိုဂျာ မက်ဟီဂျာဆိုသူက ဒီမေးခွန်းကို ဖြေကြားပေးထားပါတယ်။ သရက်သီးမှာ ဗီတာမင် A၊ ဗီတာမင် C၊ ကော်ပါး၊ ဖော်လစ် ဓာတ်စတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အပြင် အဆီဓာတ် (၁ရာခိုင်နှုန်း) ပဲပါဝင်တဲ့အတွက် သရက်သီးမှည့်စားတဲ့သူတိုင်းကို အဆီတက်လာအောင်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒါအပြင် သရက်သီးတွေက အစာချေဖျက်အားကောင်းစေပြီး အစာခြေလမ်းကြောင်းကို ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က နှလုံးရောဂါ၊ ဆီးချိုရောဂါ အမျိုးအစား (၂) ဖြစ်နိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။

သရက်သီးက သင့်ကို အဆီတိုးလာစေနိုင်တဲ့ နည်းကတော့ သင့်စားတဲ့ပုံစံပေါ်မူတည်ပါတယ်။ သရက်သီးကို Milkshake၊ ရေခဲမုန့် အနေနဲ့ လုပ်စားမယ်ဆိုရင်တော့ ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ သရက်သီး Milkshake၊ ရေခဲမုန့်တွေက သကြားပါဝင်တဲ့အတွက်ကြောင့်ပါ။ သရက်သီးကို ဖျော်ရည်လုပ်မသောက်ဘဲ ဒီအတိုင်းစားသုံးပေးဖို့ အာဟာရပညာရှင်က ဆိုထားပါတယ်။
တစ်နေ့ကို သရက်သီး ဘယ်နှစ်လုံးလောက် စားသုံးလို့ရလဲ

ဘေးမဖြစ်ဘဲ သရက်သီးရဲ့အနှစ်သာရကို ခံစားချင်ရင်တော့ နေ့တိုင်း (၁) လုံးထက် ပိုပြီး မစားဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဟန့်တားထားသင့်ပါတယ်။ သရက်သီးကနေ အာဟာရဓာတ်ရချင်ရင်တော့ ထမင်းနဲ့မစားဘဲ သရက်သီးချည်း ဒီအတိုင်းစားတာအကောင်းဆုံးပါပဲ။