၁ မိနစ်အတွင်း ခြေအိတ် ၂၁ ဖက် ချွတ်ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးလိမ္မာလေး

22.9.23-yyl-15.jpg

ကနေဒါ ခွေးလိမ္မာလေး ဒိုင်ကွီရီဟာ ၁ မိနစ်အတွင်း ခြေအိတ် ၂၁ ဖက်ကို ချွတ်ပေးပြီး ဂင်းနက်စ် စံချိန်တင်ခဲ့ပါတယ်။ သြစတြေးလျ သိုးထိန်းခွေးလေး ဒိုင်ကွီရီဟာ သူ့သခင် ဂျနီဖာဖရေဆာနဲ့အတူ ဂင်းနက်စ်စံချိန်များစွာ တင်နိုင်ခဲ့ဖူးပါတယ်။

တစ်မိနစ်အတွင်း ပြကွက်အများဆုံး လုပ်နိုင်တာ၊ တစ်မိနစ်အတွင်း အဝတ်အများဆုံး ရုပ်နိုင်တာ၊ ခြေနှစ်ဖက်ထောက်ပြီး မီတာ ၃၀ အကွာအဝေးကို အမြန်ဆုံး လမ်းလျှောက်နိုင်တာ၊ နံရံ ၅ ခုပေါ်ကို အမြန်ဆုံး တက်ပြေးနိုင်တာ အစရှိတဲ့ စွမ်းဆောင်မှုတွေအပါအဝင် ဂင်းနက်စ်စံချိန်အများအပြား တင်နိုင်ခဲ့တာပါ။

အခုအခါမှာတော့ ဒိုင်ကွီရီနဲ့ သူ့သခင် ဂျနီဖာဖရေဆာတို့က အီတလီမှာ လုပ်တဲ့ Lo Show Dei Record ရုပ်သံစီးရီးမှာ ပါဝင်ခဲ့ပြီး ဒိုင်ကွီရီက တစ်မိနစ်အတွင်း ခြေအိတ် ၂၁ ဖက်ကို ချွတ်ပြကာ ဂင်းနက်စ်စံချိန် တင်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံမှတ်တမ်း လင့်ခ်

Ref: Canadian dog removes socks from 21 feet for Guinness World Record

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top