ပန်းပင်တွေ ဝယ်စိုက်ဖို့ ပိုင်ဆိုင်မှုအားလုံးကို သေတမ်းစာမှာ ချန်ရစ်ခဲ့တဲ့ သန်းကြွယ်သူဌေး

11-2-2022-yyl03.jpg

ကနေဒါနိုင်ငံသား ဘဏ်လုပ်ငန်းရှင်တစ်ယောက်ဟာ ပန်းပင်တွေ ဝယ်ယူစိုက်ပျိုးဖို့အတွက် သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သေတမ်းစာထဲမှာ ချန်ထားပေးခဲ့ပါတယ်။ ကိသ်အိုဝင်ဟာ အငြိမ်းစားယူတဲ့အခါ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဒီဗွန်စီရင်စု ဆစ်မောက်မြို့မှာ အနားယူဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ သူဟာ ၂၀၀၇ ခုနှစ်မှာတော့ ကုသမရနိုင်တော့တဲ့ ကင်ဆာရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး လပိုင်းအကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

သူ မသေခင်မှာ သူ့ရဲ့ပိုင်ဆိုင်မှု ပေါင် ၂.၃ သန်းကို ဆစ်မောက်မြို့ ဒေသခံသဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းထံ လှူဒါန်းခဲ့ပါတယ်။ ဆစ်မောက်မြို့ရဲ့ အငွေ့အသက်နဲ့ လူနေမှုပုံစံကို ဆက်လက်ထိန်းသိမ်းပေးမယ့် ဒေသန္တရစီမံကိန်းတွေအတွက် သူ့ရဲ့အလှူငွေကို အသုံးပြုပေးဖို့ မှာကြားခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆစ်မောက်မြို့တစ်ဝန်းမှာ ရေနတ်သမီးပန်း၊ နှင်းပွင့်ပန်း၊ ကုံကုမံပန်း အစရှိတဲ့ ပန်းပင်ပေါင်း ၁၅၃,၀၀၀ ကျော်က အပွင့်တွေ ပွင့်ဝေနေပါပြီ။ တည်နေရာ ၅၀ မှာ စိုက်ပျိုးခဲ့တဲ့ ပန်းပင် ၁၅၃,၀၀၀ ရဲ့ တန်ကြေးက ပေါင် ၁၆၆,၀၀၀ တန်ကြေးရှိပါတယ်။

” (ပန်းတွေ ပွင့်ချိန်တိုင်းမှာ) ဆစ်မောက်မြို့အတွက် အံ့အားသင့်စရာလုပ်ပေးခဲ့တဲ့ ကိသ်အိုဝင်ရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေက နှစ်စဉ်နှစ်တိုင်း ပြန်ပေါ်လာစမြဲပါပဲ” လို့ ဆစ်မောက်မြို့ ဒေသန္တရအဖွဲ့အစည်းရဲ့ အက်ဒ်ဟာရစ်ဆန်က ပြောပါတယ်။ ကိသ်အိုဝင်ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ကွယ်လွန်သွားခဲ့တာပါ။

Ref: Goodnews ” Canadian Millionaire Donates His Life Savings to Plant 100,000 Daffodils – And They’ve Just Begun to Bloom”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top