ကမ္ဘာ့အသက်ကြီးဆုံး မျောက်ဝံမကြီး အသက် ၆၂ အရွယ်မှာ ကွယ်လွန်

35833799_1977466488983980_7961452027576320_n.jpg

ကမ္ဘာ့အသက်ကြီးဆုံး ဆူမားတြား (Sumatran Orangutan) မျိုးစိတ် မျောက်ဝံမကြီးဟာ တနင်္လာနေ့က ဩစတြေးလျ တိရစ္ဆာန်ရုံမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူ(မ)ရဲ့ နာမည်ကတော့ ‘ပွန်း’ (Puan) လို့ခေါ်ပြီး ကွယ်လွန်ချိန်မှာ အသက်အရွယ်အားဖြင့် ၆၂ နှစ် ရှိနေပြီလို့ သိရပါတယ်။ သူ(မ) ဟာ ဩစတေးလျ ပါ့သ် (Perth) တိရစ္ဆာန်ရုံကို ၁၉၆၈ ခုနှစ်တည်းက ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၁၉၅၆ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့အသက်ကြီးဆုံး မျောက်ဝံမကြီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပါ။ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေရဲ့ အဆိုအရတော့ ဆူမားတြားမျိုးစိတ် မျောက်တွေဟာ အသက် ၅၀ အရွယ်ထက်ကျော်ပြီး အသက်ရှင်တာမျိုးဟာ မရှိသလောက် ရှားတယ်လို့ သိရပါတယ်။

ပွန်းဟာ သားသမီး ၁၁ ကောင် မွေးဖွားခဲ့ပြီး သားစဉ်မြေးဆက် ၅၄ ကောင်အထိ လတ်တလော ပိုင်ဆိုင်ထားကာ သူ့ရဲ့ အမျိုးအနွယ်တွေဟာ အမေရိကန်၊ အင်ဒိုနီးရှားနဲ့ ကမ္ဘာတစ်ဝန်းမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ပွန်းကို ၁၈ နှစ်ကြာ ထိန်းသိမ်းစောင့်ရှောက်လာတဲ့ တိရစ္ဆာန်ရုံ ထိန်းသိမ်းသူ မာတီနာ ဟတ် (Martina Hart) က ပွန်းကွယ်လွန်ကြောင်း ကြေညာစာကို ရေးသားခဲ့ပါတယ်။ ပွန်းဟာ တနင်္လာနေ့က ဖျားနာပြီးနောက် ညင်ညင်သာသာပဲ ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။

ပါ့သ် တိရစ္ဆာန်ရုံက ‘ဆင်းဆင်း’ (Hsing Hsing) လို့ခေါ်တဲ့ အသက်ကြီးဆုံး မျောက်ဝံထီးကြီးဟာလဲ ၂၀၁၇ အတွင်းမှာ ကွယ်လွန်ခဲ့သွားခဲ့တာ ဖြစ်ပါတယ်။

Ref : The Guardian “Puan, world’s oldest known Sumatran orangutan, dies aged 62 in Australian zoo”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top