အသက် (၈၀) ကျော်အဘိုးအိုလို ဟန်ဆောင်ပြီး လေယာဉ်ပေါ်တက်ဖို့ကြိုးစားသူကို အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီး

yyl-035-1.jpg

အသက် (၈၁)နှစ်အရွယ် အဘိုးအိုလိုဟန်ဆောင်ပြီး နိုင်ငံကူးလက်မှတ်အတုနဲ့ လေယာဉ်ပေါ်တက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အိန္ဒိယနိုင်ငံ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ဂျာယက်ရှ်ပါတယ်လို့ အမည်ရတဲ့ (၃၂)နှစ်အရွယ် အမျိုးသားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးဒေလီမြို့မှာရှိတဲ့ အင်ဒီရာဂန္ဒီလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ မုတ်ဆိတ်မွေးတွေကို အဖြူရောင်ဖြစ်အောင် ဆေးဆိုးထားပြီး မျက်မှန်အထူကြီးတပ်ဆင်ထားတဲ့ ဂျာယက်ရှ်ပါတယ်ဟာ ပထမဆုံးစစ်ဆေးရေးဂိတ်နဲ့ လူဝင်မှုကြီးကြပ်ရေးဂိတ်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ်စစ်ဆေးရေးဂိတ်မှာ ဂျာယက်ရှ်ပါတယ်က ”အသက်ကြီးနေပြီ၊ မထနိုင်တော့ဘူး၊ ခန္ဓာကိုယ်ကို မရှာကြနဲ့တော့”လို့ ပြောခဲ့တဲ့အတွက် တာဝန်ရှိသူတွေက သူ့အပေါ် သံသယဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ပက်စ်ပို့တောင်းကြည့်ရာမှာ
၁၉၃၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က နယူးဒေလီမြို့မှာ မွေးဖွားတဲ့ အမ်ရစ်ဆင်းမ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ ”ကိုယ်ဟန်အနေအထားနဲ့ အသားအရေက နိုင်ငံကူးလက်မှတ်ထဲမှာ ဖော်ပြထားတဲ့ အသက်အရွယ်နဲ့မလိုက်အောင် ငယ်ပုံပေါ်နေတယ်”လို့ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဂျာယက်ရှ်ပါတယ်ကို စစ်ဆေးမေးမြန်းရာမှာ သူက အဘိုးအိုအဖြစ် ဟန်ဆောင်ခဲ့တာကို ဝန်ခံခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ အလုပ်သွားလုပ်ချင်လို့ အေးဂျင့်တစ်ယောက် အဆက်အသွယ်ယူပြီး နိုင်ငံကူးလက်မှတ်အတုနဲ့ ဗီဇာလျှောက်ခဲ့တာလို့ သူက ဝန်ခံခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီး လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top