(၆) လကြာ အနားယူခဲ့ရပြီးနောက်ပိုင်း ပထမဆုံးနိုင်ပွဲပြန်ရခဲ့တဲ့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာ

65099957_2436401916390714_8795148176647520256_n.jpg

ညာဘက်ပခုံးဒဏ်ရာကြောင့် (၆) လကြာ အနားယူခဲ့ရတဲ့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာဟာ မာယော့ကာအိုးပင်း မြက်ခင်းကွင်းပြိုင်ပွဲ ပထမအဆင့်မှာ ကက်ဇ်မိုဗာကို ၇(၁၀)-၆(၈)၊ ၆-၀ နဲ့ (၂) ပွဲပြတ် အနိုင်ရခဲ့ပါတယ်။ ဂရင်းစလင်း ဆုဖလား (၅) ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ ရှာရာပိုဗာဟာ ပခုံးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ရလို့ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက အနားယူခဲ့ရသူပါ။ ရှာရာပိုဗာဟာ အဖွင့်ပွဲမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲငယ်တော်တော်များများမှာ ရှုံးလုဆဲဆဲ အခြေအနေကနေ အနိုင်ရအောင် ကစားသွားခဲ့ပါတယ်။ မာယော့ကာအိုးပင်းပြိုင်ပွဲဟာ စိန့်ပီတာစဘတ်အိုးပင်းပြိုင်ပွဲနောက်ပိုင်း ရှာရာပိုဗာ ပထမဆုံးယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top