ကုလသမဂ္ဂက နှစ်လအတွင်း မြန်မာနိုင်ငံက ပြည်သူ (၆၀၀၀) ကျော်ကို စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးခဲ့

244744865_4598289073571915_5993707730454125690_n.jpg

ရန်ကုန်၊ အောက်တိုဘာ (၂၆)

ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူနီဆက်က ပြီးခဲ့တဲ့နှစ်လအတွင်း မြန်မာနိုင်ငံအတွင်းက ပဋိပက္ခ ဒဏ်ခံနယ်မြေတွေမှာရှိတဲ့ လူပေါင်း (၆၀၀၀) ကျော်ကို စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကမ္ဘာတဝှမ်းက လူငယ်တွေဟာ နေ့စဉ်နေ့တိုင်းပဲ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကို တိုက်ဖျက်ဖို့ကြိုးစားနေကြပါတယ်။ ကိုယ်ခန္ဓာကျန်းမာရေးလိုပဲ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ဖို့ကလဲ အလေ့အကျင့်လိုတာပေါ့။ နေ့တိုင်း နေ့တိုင်း ကိုယ့်ရဲ့စိတ်အခြေအနေကို ဂရုစိုက်သတိပြုဖို့မမေ့ပါနဲ့” လို့ ယူနီဆက်က ပြောဆိုထားပါသေးတယ်။

ယူနီဆက်က စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးခဲ့တဲ့ လူပေါင်း (၆၀၀၀) ကျော်ထဲမှာ မိန်းကလေး (၁၈၀၀) ကျော်နဲ့ ယောင်္ကျားလေး (၁၇၀၀) ကျော် ပါဝင်ခဲ့ပါတယ်။

ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့နှစ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က ကျေးရွာ (၂၈) ရွာမှာရှိတဲ့ လူ (၂၅၀၀၀) အတွက် တစ်ကိုယ်ရည်သုံး သန့်ရှင်းရေး ပစ္စည်း (hygiene kits) ၆၀၀၀၊ ရေသန့်စင်ဆေးထုပ် ၆၀၀၀၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအထောက်အပံ့တွေကိုလည်း ဖြန့်ဝေပေးခဲ့ပါသေးတယ်။

Photo- ယူနီဆက်
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top