မင်းသား ဆူရှန်ဆင်းမ် သေဆုံးပြီး ၄ နှစ်ကျော်အကြာမှာ CBI က အမှုပိတ်သိမ်းခြင်းဆိုင်ရာအစီရင်ခံစာကို တင်သွင်း

dead.jpg

ဘောလိဝုဒ်မင်းသား ဆူရှန်ဆင်းမ် သေဆုံးမှုနဲ့ပတ်သက်ပြီး ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က ပိတ်သိမ်းရေးအစီရင်ခံစာကို သေဆုံးပြီး ၄နှစ်ကျော်အကြာမှာ တင်သွင်းခဲ့ပါတယ်။ တွေ့ရှိချက်တွေကို စနေနေ့က တင်ပြခဲ့တာဖြစ်ပြီး မွမ်ဘိုင်းတရားရုံးက အစီရင်ခံစာကို လက်ခံမလား လက်မခံဘူးလို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

မွမ်ဘိုင်းရဲတပ်ဖွဲ့ရဲ့ကနဦးအစီရင်ခံစာမှာ ၂၀၂၀ ခုနှစ် ဇွန်လက အိမ်ရာမှာ သေဆုံးလျက်တွေ့ရှိခဲ့တဲ့ မင်းသား ဆူရှန်ဆင်းမ်ဟာ လုပ်ကြံခံရတဲ့အထောက်အထားတွေမတွေ့ရှိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို သက်သေခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ CBI ရဲ့အစီရင်ခံစာကလည်း ဆူရှန်ရဲ့ ချစ်သူကောင်မလေးချာခရာဘိုတီနဲ့ သူ့ရဲ့မိသားစုအပေါ် စွပ်စွဲချက်တွေကိုလည်း ရှင်းလင်းခဲ့ပါတယ်။

အရင်က ချာခရာဘိုတီက ဆူရှန်ဆင်းမ်ကို အဆုံးစီရင်အောင် တွန်းအားပေးခဲ့တယ်လို့ ဆူရှန်ဆင်းမ်ရဲ့မိသားစုက စွပ်စွဲပြီး ရဲတပ်ဖွဲ့ထံမှာ တိုင်ချက်ဖွင့်ခဲ့တာပါ။ ဒီအမှုကို CBI ကလွှဲပြောင်းယူခဲ့ပြီး ၄ နှစ်ကျော်အကြာမှာတော့ ချာခရာဘိုတီဟာ သူ့ရဲ့စွဲချက်တွေ ရှင်းလင်းသွားခဲ့ပါပြီ။

Ref: CBI files closure report four years after Sushant’s death

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top