ဖက်ရှင်ဝါသနာပါတဲ့ လူငယ်တွေအတွက် internship program ဖွင့်မယ်

71247473_1596107063865347_4644750832745578496_o.jpg

မြန်မာနိုင်ငံက ဖက်ရှင်ဝါသနာရှင်တွေအချင်းချင်း အသိပညာဗဟုသုတတွေ ဖလှယ်နိုင်မယ့်အပြင် ဖက်ရှင် ပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ဖို့ အထောက်အကူပေးနိုင်မယ့် Yangoods Academy Fashion Internship Program ကို စတင်တော့မှာ ဖြစ်ပါတယ်။

အခုလိုစတင်နိုင်ဖို့အတွက် Yangoods Academy Open-House ပွဲနဲ့ Fashion Internship Program မိတ်ဆက်ပွဲကို စက်တင်ဘာ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီက ပြည်သူ့ဥယျာဉ် ဝင်းထဲမှာရှိတဲ့ The Yangon Gallery မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Yangoods Academy Fashion Internship Program အနေနဲ့ မြန်မာနိုင်ငံမှာ ဖက်ရှင်ပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုတဲ့ လူငယ်တွေအတွက် အခမဲ့တက်ရောက်နိုင်မယ့် ခြောက်လသင်တန်းကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

”ဖက်ရှင်အကြောင်းကို စိတ်ဝင်စားတဲ့ လူငယ်တွေကိုပဲ အဓိကဦးစားပေးရွေးချယ်သွားမှာပါ။ One by One အင်တာဗျူးတွေပြုလုပ်ပြီး သေချာရွေးချယ်သွားမှာပါ။ အသက်အရွယ်တော့ အကန့်အသတ်မရှိပါဘူး”လို့ Yangoods ရဲ့ Head of Public Relation ဖြစ်သူ မထင်ထင်က ပြောပါတယ်။

ဒီသင်တန်းအတွက် လျှောက်လွှာတွေကို စက်တင်ဘာ ၂၃ ကနေ အောက်တိုဘာ ၄ ရက်အထိ လက်ခံ သွားမှာဖြစ်ပြီး လျှောက်လွှာတင်တဲ့သူတွေထဲမှက လူဦးရေ ၂၀ ဦးသာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ သင်တန်း ကိုတော့ နိုဝင်ဘာလကုန်လောက်မှာ စမှာ ဖြစ်ပြီး တစ်ပတ်ကို တစ်ရက် တက်ရောက်ရမှာ ဖြစ်ပါတယ်။

အခု Program မှာ ဖက်ရှင်နယ်ပယ်အတွင်းက ကျွမ်းကျင်ပညာရှင်တွေရဲ့ Fashion Cultur, Fashion Business, Business Management စတဲ့အကြောင်းအရာတွေကို အသိပညာပေး မျှဝေဆွေးနွေးမယ့်အပိုင်းနဲ့ သင်တန်းသားတွေကိုယ်တိုင်ရဲ့ လက်တွေ့ဆောင်ရွက်ချက်များအပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်းခွဲထားပါတယ်။

Yangoods Academy Fashion Internship Program ဟာ မြန်မာနိုင်ငံရဲ့ ဖက်ရှင်ကဏ္ဍကို ပိုမို တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပထမဆုံးအကြိမ်ဆောင်ရွက်တာဖြစ်ပြီး နောက်ပိုင်းမှာလည်း ဆက်လက် ဆောင်ရွက်သွားဖို့ရှိတယ်လို့ မထင်ထင်က ဆိုပါတယ်။

Photo – Yangoods Academy
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top