အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၂-၉-၂၀၁၉ မှ ၂၈-၉-၂၀၁၉ ရက်နေ့အထိ)

Bay-Din-22-to-28-september-e1569121570119.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၂-၉-၂၀၁၉ မှ ၂၈-၉-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့
စီးပွားရေး ။ ။ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်နှင့် ကြောညာလုပ်ငန်း။ ပုံနိပ်စက်နှင့် ရုပ်ရှင်လုပ်ငန်းများ ကောင်းပါသည်။ အထူးသဖြင့် အစားအစာနှင့်ဆိုင်သောလုပ်ငန်းများ အလွန်ကောင်းပါမည်။ အစိုးရနှင့် လုပ်ကိုင်ရသော တင်ဒါကဲ့သို့ လုပ်ငန်းများ အနည်းငယ် ညံ့ပါသည်။

ကျန်းမာရေး ။ ။ ဆီးချိုရောဂါ၊ သွေးနှင့်ဆိုင်သောရောဂါများအတွက် အထူးသတိထားပါ။ မျက်လုံးထိခိုက်မိတတ်သည်။ ထိခိုက်မိပါက မျက်လုံးရောဂါမှာ ကြာရှည် ကုသရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် လူသိမခံနိုင်သော အချစ်ကို ရရှိမည်။ ကြားလူ သတိထားပါ။ အိမ်ထောင်ရေးအနေနှင့်လည်း လူသိမခံနိုင်သော အိမ်ထောင်ရေး ဇတ်လမ်းများ စတင်ရတတ်သဖြင့် အထူးသတိထားရမည့်အချိန် ဖြစ်ပါသည်။

ပညာရေး ။ ။ ဘာသာရေးနှင့်ဆိုင်သော ပညာရေးသမားများ စာမေးပွဲအတွက် အထူးကျိုးစားရမည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ကားမောင်ခြင်း သတိထားပါ။ အစိုးရနှင့် နိုင်ငံဝန်ထမ်းများ မိမိ တာဝန်ယူရသည့် လုပ်ငန်းမှ ငွေကြေးကိစ္စကို အထူး သတိထား စာရင်းများ ပြုလုပ်ထားပါ။

အကျိုးပေးဂဏန်းမှာ ။ ။ ၁၊ ၇၊ ၉။

ယတြာ။ ။ အုန်းသီး(၆) စိတ် အိမ်ဘုရားတွင် လှူဒါန်းပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့
စီးပွားရေး ။ ။ သစ်လုပ်ငန်း၊ ပရိဘေဂနှင့် ပြည်ပသို့ သစ်တင်ပို့ခြင်းများ ကံကောင်းပါသည်။ သစ်သီး၊ ဥယာဉ်ခြံမြေထွက် ပစ္စည်းများ၊ ကုန်စိမ်းလုပ်ငန်းများ ကောင်းမွန်မည်။ ချေးငွေကိစ္စအတွက် ပူပင်ရမည်။ လောင်းကစားသမားများ ညံ့မည်။

ကျန်းမာရေး ။ ။ ရေနှင့်ပါတ်သက်သော ရောဂါများ ဖြစ်တတ်သည်၊ ရေချိုးမှားခြင်း ဖြစ်မည်။ သွေးကြောပေါက်ခြင်း၊ ပိတ်ခြင်း စသည့် သွေးကြောနှင့်ဆိုင်သော ရောဂါလည်း ဖြစ်မည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းမည်။ ဖြူစင်သော စိတ်ထားရှိသည့် ချစ်သူကို ရမည်။ အိမ်ထောင်ရေးအနေနှင့် ခွဲနေရသောသူများ အဆက်အသွယ်ရရန် ခက်နေမည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် မိမိ မတက်ချင်သော သင်တန်းတစ်ခုအား ဌာနတွင်း အစီအစဉ်ဖြင့် မတက်မနေရ လုပ်ဆောင်ခြင်း ခံရတတ်သည်။ သို့သော် ထိုသင်တန်းမှ ရသောပညာသည် တန်ဖိုးရှိသည့်ပညာ ဖြစ်မည်။

အထွေထွေ ။ ။ ပြည်သူ့ဝန်ထမ်းနှင့် အစိုးရဝန်ထမ်းတို့ ရာထူးအတွက် ရန်ပေါ်နေတတ်သည်။ သတိပြုပါ။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၆၊ ၉။

ယတြာ ။ ။ တနင်္လာနေ့တွင် ရေသန့်ဗူး များအား အလှူပေးပါ။ ရေအိုးစင် လှူပါက ပိုကောင်းသည်။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး ။ ။ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ ရေနှင့်ဆိုင်သော ငါး၊ ပုဇွန်နှင့် ပင်လယ်စာ လုပ်ငန်းများ အလုပ်ဖြစ်မည်။ သင်္ဘောနှင့်ဆိုင်သော လုပ်ငန်း၊ သင်္ဘောသားများလည်း အဆင်ပြေမည်။ ရေလုပ်ငန်း လုပ်သူများ ကံကောင်းသော အချိန်ဖြစ်သည်။

ကျန်းမာရေး ။ ။ ဆီးရောဂါရတတ်သည်။ အမျိုးသမီးများ သားဖွားခြင်းနှင့်ဆိုင်သော ရောဂါရတတ်သည်၊ ဗိုက်ခွဲ၍ ကလေးမွေးဖွားထားသူဖြစ်ပါက အနာရင်းတတ်သဖြင့် သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် စိတ်ကောက်လိုက်၊ ပြန်ချစ်လိုက် ဖြစ်နေမည်။ အိမ်ထောင်ရေး ကတော့ အဆင်မပြေဖြစ်မည်။ ခရီးတစ်ခုထွက်ရမည်၊ ခရီးတစ်ခုတွင် မလွတ်လက်သောသူနှင့် တွေ့နေတတ်သည်။ ထိုကိစ္စကြောင့် မိမိအိမ်ထောင်ရေး ရန်ပေါ်တတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် အခြေခံပညာ သင်ယူနေသူများ တွက်စာ သတိထားရမည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများအနေနှင့် ကံကောင်းနေသော်လည်း ခရီးများနေတတ်သည်။

အကျိုးပေးဂဏန်း ။ ။ ၃၊ ၈ ၊ ၉။

ယတြာ ။ ။ အင်္ဂါနေ့တွင် ကားပြင်နေသော သူတစ်ဦးကို သောက်ရေအေး ဒါနပြုလိုက်ပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့

စီးပွားရေး ။ ။ အကျိုးဆောင်လုပ်ငန်း၊ ဟောပြောသူ၊ နုတ်ဖြင့် လုပ်ကိုင်ရသောလုပ်ငန်း၊ အဆိုတော် စသည့်တို့ ကံကောင်းချိန်ဖြစ်သည်။ ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေးနှင့်ပါတ်သက်သော ပစ္စည်းများ တင်သွင်းခြင်း၊ ကုန်သွယ်ခြင်းတို့ အထူးကံကောင်းသောအချိန် ဖြစ်သည်။

ကျန်းမာရေး ။ ။ ခါးနာခြင်း၊ အရိုးအဆစ်ရောင်ခြင်းများ ဖြစ်တတ်သည်။ မျက်လုံးမကောင်း ဖြစ်တတ်သည်။ ညောင်းခြင်း၊ ကိုက်ခဲခြင်းများလည်း ဖြစ်တတ်သည်။ သတိထားရမည်မှာ စိတ်ဓါတ်ကျတတ်ခြင်း ဖြစ်သဖြင့် သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ အိမ်ထောင်ရေးအနေနှင့် အလွန်ညံ့သည့်အပိုင်းတွင် ရှိသည်။ သံသယများနေတတ်ပြီး မကြခဏ အချစ်ရေးကို အကြောင်းပြုပြီး အိမ်ထောင်သည်များ ရန်ဖြစ်နေရတတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ရာထူးစာမေးပွဲ ဖြေရမည်။ သေချာ ကြိုးစားထားသင့်သည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ငွေရေကြေးရေးအတွက် စိတ်ပူပန်ရမည်။ ဝန်ထမ်းများ အလုပ်တွင် စိတ်မပါ ဖြစ်တတ်သည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိထားရမည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် အရေပြားရောဂါ ရတတ်သည်။ အချစ်ရေးတွင်လည်း ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် ကျောက်စိမ်း၊ ကျောက်မျက်ရတနာ လုပ်ကိုင်သူများ အဆင်ပြေမည်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း ။ ။ ၄၊ ၇၊ ၈။

ယတြာ ။ ။ မိမိဝတ်ထားသော အဝတ်များကို စွန်ပြစ်ပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့
စီးပွားရေး ။ ။ အလှကုန်လုပ်ငန်း၊ ကြေညာလုပ်ငန်း၊ ပန်းတိမ် အစရှိသည့် ပန်း(၁၀) မျိုးလုပ်ငန်းများ။ လက်မှု့ အနုပညာလုပ်ငန်းများ ကောင်းပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း ညံ့ပြီး အလုပ်သမား ပြသာနာပေါ်တတ်သည်။

ကျန်းမာရေး ။ ။ ခြေထောက်နှင့်ပါတ်သက်သော ရောဂါများ၊ ခြေသလုံး ရောင်ရမ်းခြင်း၊ ဒူးနာခြင်းများ ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းနေသော်လည်း ဆုံတွေ့ရန် ခက်နေပါသေးတယ်၊ အိမ်ထောင်ရေးအနေနှင့် နှစ်ဘက်မိဘတို့ ပါလာပါက အေးစက်ပြီး အဆင်မပြေ ဖြစ်နေလိမ့်မည်။

ပညာရေး ။ ။ အဆင့်မြင့် ပညာရေးများတွင် အတွေးအခေါ်ပိုင်းကို အထူးအလေးပေးပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ဘုရားတွင် ကုသိုလ်လုပ်ပါ။ ထီထိုးပါ။ ဝန်ထမ်းများလည်း အထက်လူကြီး မစပါလိမ့်မည်။

အကျိုးပေးဂဏန်း ။ ။ ၅၊ ၆၊ ဝ။

ယတြာ ။ ။ ကြာသာပတေးနေ့တွင် ဘုန်းတော်ကြီးတစ်ပါးကို ထီးလှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့
စီးပွားရေး ။ ။ ပြည်ပသွင်းကုန်နှင့်ပါတ်သက်သော ကိစ္စရပ်များတွင် ငွေကြေးပြသာနာ ပေါ်တတ်သည်။ အထူးသဖြင့် ပို့ကုန်ပစ္စည်များတွင် အမှားအယွင်း ဖြစ်တတ်သည်။ အထူးသဖြင့် သီနှံများတွင် အချိန်ကို သတိထား လုပ်ကိုင်ပါ။ အချိန်ကြောင့် ပစ္စည်းများ ပျက်စီးခြင်း ဖြစ်တတ်သည်။

ကျန်းမာရေး ။ ။ နှလုံးရောဂါကြောင့် ဆေးရုံပြရတတ်သည်၊ နှလုံးမကောင်းဖြစ်မည်၊ အထူးသဖြင့် အမောဖောက် နေတတ်သည်။ ဆေးရုံသေချာပြပါ

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ကြားလူကြောင့် ပြသနာတက်မည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်သည်။ စိတ်ပူရန်မရှိပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် တန်းမြင့်ပညာရပ်များတွင် ပြည်ပ ပညာတော်သင်ဆုရမည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ငွေကြေးနှင့်ပါတ်သက်သော ကိစ္စရပ်များအတွက် ပြသာနာတက်မည်။ ဝန်ထမ်းများနယ်ဆင်းပြီး လုပ်ငန်းလုပ်ရတတ်သည်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၃၊ ၉။

ယတြာ ။ ။ သောကြာနေ့တွင် ဘုရားအား သောက်တော်ရေလှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့

စီးပွားရေး ။ ။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်ပါတ်သက်သော လုပ်ငန်းများ၊ ပြည်ပနှင့် စပ်တူလုပ်ကိုင်သော သံထည်ပစ္စည်းများနှင့်ဆိုင်သော လုပ်ငန်းများ ကံကောင်းပါသည်။ သို့သော် ကျောက်မျက်ရတနာလုပ်ငန်းများ ညံ့ပါသည်။

ကျန်းမာရေး ။ ။ ကျောက်ကပ်နှင့်ဆိုင်သောရောဂါ၊ ဆီးကျိတ်ရောင်ခြင်းနှင့် အစာအိမ်ရောဂါတို့ ဖေါက်ပြန်လိမ့်မည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံ အလွန်ညံ့သွားပါသည်။ ချစ်သူနှင့် ကွဲတတ်သည် သတိထားပါ ရန်မဖြစ်ရန် သတိထားပါ။ ချစ်သူတို့ အိမ်ထောင်ပြုရန် အဆင်မပြေ ဖြစ်တော့မည်။ အိမ်ထောင်သည်များ အနေဝေးနေပါက ယခုတစ်ပါတ်တွင် အဆက်အသွယ် မရနိုင်ပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် ကံကောင်းသော်လည်း ဝင်ခွင့်စာမေးပွဲအတွက် အထူးကြိုးစားရမည်။

အထွေထွေ ။ ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း ။ ။ ၄၊ ၇၊ ၉။

ယတြာ ။ ။ စနေနေ့တွင် နှင်းဆီပန်း (၁၀) ပွင့် လှူပေးပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top