မင်းတပ်မြို့အနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လူပေါင်း (၁၈၀၀) ကျော် ယာယီစခန်းတွေမှာ ခိုလှုံနေရ

screenshot_20210427_181233-768x5792283668221259749611-1.jpg

ရန်ကုန်၊ သြဂုတ် (၅)

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လူပေါင်း (၁၈၀၀) ကျော်က ပြည်နယ်နဲ့ တိုင်းဒေသကြီး (၃) ခုက ယာယီစခန်းတွေမှာ ခိုလှုံနေရတယ်လို့ United Nations OCHA က သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက် ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်ဘေးရှောင် ယာယီစခန်း (၁၀၀) ကျော်မှာ လူပေါင်း (၁၈၀၀) ကျော်က ဆက်လက်နေထိုင်နေရတာဖြစ်တယ်လို့ United Nations OCHA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်က စစ်ဘေးရှောင်ပြည်သူတချို့

ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းက စတင်ပြီး ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ တပ်မတော်ကြား ချင်းပြည်နယ်မှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။


အခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းက စတင်ပြီး အကြမ်းဖက်မှု၊ တိုက်ပွဲနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် လူဦးရေ (၁၇၀,၂၀၀) ဝန်းကျင်က မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာရှိတဲ့ ယာယီစခန်းတွေမှာ နေထိုင်နေကြရပါတယ်။

COVID-19 ကာကွယ်ရေးအတွက် ချင်းပြည်နယ်၊ မင်းတပ်မြို့က လူဦးရေ (၅,၀၀၀) (အိမ်ထောင်စုပေါင်း ၁၀၀၀ ) ခန့်ကို တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာတွေအပါအဝင်၊ အစားအစာမဟုတ်တဲ့ တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်တွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်က ထောက်ပံ့ခဲ့ပါသေးတယ်။

“ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုက လူသားချင်းစာနာထောက်ထားသော၊ ဘက်မလိုက်သော၊ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူများအပေါ် အခြေပြုသော လုပ်ငန်းစဉ် သပ်သပ် ဖြစ်ပါတယ်” လို့ UNHCR တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top