ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့က ရွှေတံတား (Golden Bridge) ကို မြင်လိုက်ရတဲ့လူတိုင်းက အမြဲတအံ့တဩဖြစ်ရပါတယ်။ စိတ်ကူးယဉ်ကမ္ဘာထဲက ကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်မြင့် လူသွားလမ်းတစ်စင်းလိုပါပဲ။ ဗီယက်နမ်အလယ်ပိုင်း Ba Na တောင်တန်းပေါ်ကနေ နတ်ဘုရားလက်လို ကျောက်လက်တစ်စုံက တံတားကို ကိုင်ထားတဲ့ပုံစံပါ။ ဒါဟာ ရှေးခေတ်က တည်ဆောက်ထားသလိုပါပဲ။ တကယ်တော့ ဒီရွှေတံတားက သက်တမ်းအားဖြင့် ၅ နှစ်ပဲရှိပါသေးတယ်။
![](https://yoyarlay.com/wp-content/uploads/2023/08/25.8.23-yyl-18.jpg)
ဒီတံတားက အရှည် ပေ ၅၀၀ ရှိပြီး ဝါယာပိုက်ကွက်အသစ်တွေ၊ ဖိုင်ဘာမှန်သားပြင်တွေနဲ့ ထောက်ပံ့ပေးထားတာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၈၀ ပေ ရှိပြီး အနီးပတ်ဝန်းကျင်က နာမည်ကြီးဥယျာဉ်တွေကို ရောက်ရှိဖို့ ကေဘယ်လ်ကားဂိတ်နဲ့ ချိတ်ဆက်ထားတာပါ။
![](https://yoyarlay.com/wp-content/uploads/2023/08/25.8.23-yyl-19.jpg)
ဒီတံတားကို တည်ဆောက်ခဲ့တာက ၂၀၁၇ ခုနှစ် ဇူလိုင်လမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီမှာ ဆောက်လုပ်ပြီးစီးခဲ့တာပါ။ ရွှေတံတားကို ဖွင့်လှစ်ခဲ့တာက ၂၀၁၈ ခုနှစ် ဇွန်လမှာပါ။ ဖွင့်လှစ်ခဲ့တာ ၅ နှစ်ပဲရှိသေးပေမဲ့ လည်ပတ်ဖို့ အထင်ကရနေရာစာရင်းထဲမှာ ပါဝင်ပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားပါတယ်။
Ref: Celebrating The Fifth Anniversary Of Golden Bridge, A Modern, Man-Made Wonder Of The World
WL (ရိုးရာလေး)