ပါးကွက်သားနှစ်ဦး အလိုရှိတယ်လို့ သီရိလင်္ကာနိုင်ငံပိုင်သတင်းစာမှာ ကြော်ငြာ

hot4.jpg

စိတ်ဓာတ်ကြံ့ခိုင်တဲ့ ပါးကွက်သားနှစ်ဦး အလိုရှိတယ်လို့ သီရိလင်္ကာ နိုင်ငံပိုင်သတင်းစာမှာ ကြော်ငြာထည့်သွင်းခဲ့ပါတယ်။ မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးမှု တားဆီးနှိမ်နင်းရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပါးကွက်သားလုပ်မယ့်သူတွေကို ခေါ်ယူခဲ့တာပါ။

အသက် (၁၈) နှစ်ကနေ (၄၅) နှစ်ကြားအရွယ်ရှိပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ သီရိလင်္ကာနိုင်ငံသားတွေအနေနဲ့ ပါးကွက်သားအလုပ်အတွက် လျှောက်ထားနိုင်ပြီး တစ်လလုပ်ခ ရူပီး ၃၆၃၁၀ (အမေရိကန်ဒေါ်လာ ၂၀၃)ပေးမယ်လို့ Daily News သတင်းစာမှာ ဖော်ပြထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ သေဒဏ်ချမှတ်မှုကို တရားဝင်ခွင့်ပြုထားပေမဲ့ ၁၉၇၆ ခုနှစ်နောက်ပိုင်း အကျဉ်းသားတစ်ဦးတစ်ယောက်ကိုမျှ ကွပ်မျက်ခဲ့ခြင်းမရှိပါဘူး။

သီရိလင်္ကာနိုင်ငံရဲ့ နောက်ဆုံးပါးကွက်သားတစ်ဦးဟာ ရာဇဝတ်သားတွေကို ကြိုးပေးတဲ့ စက်တိုင်ကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ပြီးတဲ့နောက် တုန်လှုပ်ချောက်ချားပြီး လွန်ခဲ့တဲ့ ၅ နှစ်မှာ အလုပ်ထွက်သွားခဲ့ပါတယ်။ မနှစ်တုန်းက နောက်ထပ်ပါးကွက်သားတစ်ဦး ခန့်အပ်ခဲ့ပေမဲ့ အဲဒီသူက အလုပ်လာလုပ်ခဲ့ခြင်း မရှိပါဘူး။ အဲဒီအတွက် သီရိလင်္ကာနိုင်ငံဟာ ပါးကွက်သားအသစ် ခန့်အပ်ဖို့ အခက်အခဲကြုံနေပြီး နိုင်ငံပိုင်သတင်းစာကနေ ပါးကွက်သားခေါ်ယူရတဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။

သီရိလင်္ကာနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၃၀၀ နီးပါးရှိပြီး သူတို့ထဲမှာ (၄၈) ယောက်ကတော့ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တာပါ။ မူးယစ်ဆေးဝါးပြစ်မှုနဲ့ အကျဉ်းကျခံနေရသူတွေကို နောက် (၂) လအတွင်း သေဒဏ်ချမှတ်မယ်လို့ ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ သီရိလင်္ကာသမ္မတ သီရိဆန်နာက လွှတ်တော်မှာ ပြောခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top