သေအံ့မူးမူးဖြစ်နေတဲ့ ထိုင်း ခွေးပေါက်လေး ရော့ဒ်နေးကို ဝေးလ်စုံတွဲက မွေးစား

25.8.23-yyl-9.jpg

ထိုင်းနိုင်ငံရဲ့ လမ်းဘေးတစ်နေရာမှာ အစာရေစာ ငတ်ပြတ်ပြီး သေအံ့မူးမူး ဖြစ်နေတဲ့ ခွေးသားပေါက်လေး ရော့ဒ်နေးဟာ အခုအခါမှာတော့ ကျန်းမာဝဖြိုး အလှတိုးနေပြီး ဝေးလ်နိုင်ငံက သခင်သစ်တွေဆီမှာ ပျော်ရွှင်နေပါပြီ။ ရော့ဒ်နေးကို အိုင်ယာလန်နိုင်ငံသား ဟာဘစ်ဆန်က ကယ်တင်ခဲ့တာပါ။ ထိုင်းနိုင်ငံမှာ လာအနားယူနေတဲ့ ဟာဘစ်ဆန်ဟာ စိတ်ရောဂါနဲ့ အရက်စွဲမှုကို ကျော်လွှားနိုင်အောင် ကောင်းမှုတစ်ခု နေ့စဉ်ပြုဖို့ ဆုံးဖြတ်ထားသူပါ။

သူက လမ်းဘေး ခွေးလေခွေးလွင့်တွေကို အစာကျွေးတယ်၊ ဒဏ်ရာရနေတဲ့ ခွေးတွေကို ကုသပေးတယ်၊ သားကြောဖြတ်ပေးပြီး မွေးချင်တဲ့ပိုင်ရှင်တွေဆီ ပို့ပေးတဲ့သူပါ။ သူ တည်ထောင်ထားတဲ့ Happy Doggo ဖောင်ဒေးရှင်းက တစ်လကို ခွေးလေခွေးလွင့် ၁၀၀၀၀ အထိ ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ ရည်မှန်းလုပ်ဆောင်နေပါတယ်။ ဟာဘစ်ဆန်က ရော့ဒ်နေးကို ကော့စမွီကျွန်းကနေ တွေ့ခဲ့ပြီး ကယ်တင်ခဲ့တာပါ။

ရော့ဒ်နေးရဲ့အကြောင်းကို အင်စတာဂရမ်ပေါ် တင်ခဲ့ရာမှာ မွေးစားဖို့ လျှောက်ထားသူ ၅၀၀ ကျော် ရှိခဲ့ပြီး ဝေးလ်နိုင်ငံမှာရှိတဲ့ ကာရီနဲ့ ကင်မရွန်တို့ စုံတွဲက သူ့ကို မွေးစားခွင့် ရသွားခဲ့တာပါ။ ကာရီနဲ့ ကင်မရွန်တို့ဆီမှာ ခါဘစ်ဆိုတဲ့ ခွေးတစ်ကောင် ရှိပြီးသားဖြစ်ပြီး အခုအခါမှာတော့ ခါဘစ်နဲ့ ရော့ဒ်နေးတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေအကြောင်း ရိုက်ကူးဖော်ပြပေးနေတဲ့ အင်စတာဂရမ်စာမျက်နှာဟာ ဖော်လိုဝါ ၂၀၀၀၀ ကျော်အထိ ရှိလာခဲ့ပါပြီ။

Ref: Dogs: Thai rescue pup on brink of death finds Welsh home

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top