နည်းလမ်းမှန်မှန်နဲ့ ခေါင်းလျှော်ကြရဲ့လား

hair-e1551154865738.jpg

စနစ်တကျ ခေါင်းလျှော်မယ်ဆိုရင် ကျွန်မတို့ရဲ့ဆံသားတွေကို သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ဆံသားလေး သိသိသာသာပြောင်းလဲသွားဖို့ဆိုရင် ခေါင်းလျှော်နေစဉ်အတွင်း လိုက်နာသင့်တဲ့ စည်းမျဉ်းငါးချက်ကတော့

(၁) ခေါင်းလျှော်ရည်ကို မှန်မှန်ကန်ကန်ရွေးချယ်ပါ
ဆံသားပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ကို ရွေးချယ်ဝယ်ယူပါ။ ဘယ်လိုခေါင်းလျှော်ရည် အမျိုးအစားကို ဝယ်ရမလဲ မသိရင် ဆံသားကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ကြည့်လို့ရပါတယ်။ ပျော့ဆေးတစ်ခါတည်းပါတဲ့ ခေါင်းလျှော်ရည်ကို ဝယ်မယ့်အစား ဆံသားကောင်းစေဖို့အတွက် ခေါင်းလျှော်ရည်သပ်သပ်၊ ပျော့ဆေးသပ်သပ် ဝယ်ယူပါ။

(၂) ဆံသားကို ရေများများလောင်းပေးပါ
မိန်းကလေးတော်တော်များများလုပ်ဖြစ်တဲ့ အမှားတစ်ခုကတော့ ဆံပင်ကို ရေများများစိုအောင် မလုပ်မိတာပါပဲ။ ခေါင်းလျှော်ရည်မသုံးခင် ရေပန်းအောက်မှာ ဆံပင်ကို ရေများများစိုအောင် (၂ – ၃) မိနစ်လောက်နေပေးပါ။ ဒါမှ ဆံသားတွေ လုံးဝ ရေစိုသွားမှာပါ။ ရေများများစိုမှ ခေါင်းလျှော်ရည်ကို ပိုပြီးစုပ်ယူနိုင်မှာပါ။

(၃) ခေါင်းလျှော်ရည်ကို နေရာမှန် အသုံးပြုပါ
ခေါင်းလျှော်ရည်သုံးတဲ့အခါ ဆံပင်အဖျားထက် ဆံပင်အမြစ်ရှိတဲ့ ဦးရေပြားကို ပိုသုံးပေးပါ။ ပျော့ဆေးသုံးတဲ့အခါမှသာ ဦးရေပြားထက် ဆံပင်အဖျားကို သုံးပေးပါ။

(၄) သေသေချာချာ ရေလျှော်ပေးပါ
ခေါင်းလျှော်ရည် အသုံးပြုတဲ့အခါ ချက်ခြင်း ရေမလောင်းပစ်ပါနဲ့။ ခေါင်းလျှော်ရည်ကို ဆံသားပေါ်မှာ အနည်းဆုံး (၂ – ၃) မိနစ်လောက် ထားပါ။ ဒါမှ ခေါင်းလျှော်ရည် နှံ့စပ်မှာပါ။ ရေပူကို သုံးမယ့်အစား ရေအေးကို အသုံးပြုပေးပါ။ ရေအေးက ဆံပင်နှစ်ခွဖြစ်ခြင်းကို သက်သာစေနိုင်သလို နောက်ထပ် ဆံသားပျက်စီးမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၅) နေ့တိုင်း ခေါင်းမလျှော်ပါနဲ့
နေ့တိုင်းခေါင်းလျှော်မယ်ဆိုရင် ကျွန်မတို့ထင်ထားတာထက် ဆံသားကို ပိုပြီးပျက်စီးစေပါတယ်။ တစ်ပတ်ကို (၃ – ၄) ကြိမ်လောက် ခေါင်းလျှော်ပေးရင် လုံလောက်ပါတယ်။

ကဲ…ဆံပင်ပျက်စီးခြင်းကင်းပြီး နူးညံ့ပျော့ပျောင်းတဲ့ဆံသားလေးကို ပိုင်ဆိုင်ချင်ရင်တော့ ဒီနည်းလမ်းတွေ အတိုင်း ခေါင်းလျှော်ကြည့်လိုက်ပါနော်။

Ref: Are you washing you hair the right way?
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top