ဂျပန်နိုင်ငံမှ ပါးလွှာသော အရေပြား ဖြန်းဆေး နည်းပညာ

yyl-017-3.jpg

Kao ဟုအမည်ရှိသည့် ဂျပန် အလှကုန်ထုတ် ကုမ္ပဏီသည် ဒီဇင်ဘာလ လေးရက်နေ့တွင် ကမ္ဘာ့ပထမဦးဆုံး အမျှင်ဓာတ်ကို အသုံးပြုထားသော အရေပြားပေါ်ဖြန်းရသည့် ရေဓာတ်ဖြည့် face mask ကို မိတ်ဆက်ပေးခဲ့သည်။ အောက်ခံလိုးရှင်း တစ်ထပ်လိမ်းပြီးချိန် ထို အမျှင်ဓာတ်ဆေးကို မျက်နှာအရေပြားပေါ်တွင် ဖြန်းပေးပြီးနောက် အချိန်တိုအတွင်း ပါးလွှာသော အပေါ်ယံ အရေပြားပုံစံ အနေအထားသို့ ပြောင်းသွားစေသည်။ ထိုသို့ ပြောင်းလဲနေချိန်တွင် အစိုဓာတ်သည် အသားအရေအတွင်းသို့ စိမ့်ဝင်သွားမည် ဖြစ်သည်။ ထိုအပေါ်ယံ အရေပြားလွှာကို တစ်ညတာထားနိုင်သလို အချိန်အနည်းငယ်ထား၍ ခွာချနိုင်သည်ဟုဆိုသည်။ သင့်ရဲ့ အသားအရေပြားဟာ ပုံမှန် အသက်ရှုလို့ရနေဦးမှာပဲ ဖြစ်သည်။

ထို ကုမ္ပဏီမှ လေ့လာစူးစမ်းသူ Mr Masayuki Uchiyama က “ထိုကဲ့သို့ အလှကုန်သည် ကမ္ဘာ့ပထမဦးဆုံး ထုတ်ကုန်တစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ ဒီနည်းပညာအတွက် အချိန်ဆယ်နှစ် ကြာခဲ့တယ်။ ဒီထုတ်ကုန်ကို သေးငယ်အောင်ပြုလုပ်ရတာ ကျွန်တော်တို့ အကျပ်အတည်း ဖြစ်ခဲ့ရတယ်။” ဟုဆိုသည်။ ထို နည်းပညာသစ် အလှကုန် ပစ္စည်းကို ပျမ်းမျှ ဒေါ်လာ ၆၂၈ လောက်ဖြင့် ရောင်းချ သွားမည် ဖြစ်သည်။ ကုမ္ပဏီမှ ထိုကုန်ပစ္စည်း၏ နည်းပညာသည် ဆေးပညာရပ်တွင် အသုံးပြုပါက များစွာ အကျိုးဖြစ်နိုင်သည့် ရည်ရွယ်ချက်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အနာဂတ်တွင်မူ ထိုနည်းပညာကို အခြေခံ၍ အမာရွတ်များကို ဖုံးကွယ်ရန် အဖြစ်အသုံးပြုလာနိုင်သည်။

အလားတူသော ထုတ်ကုန်များရှိသော်လည်း Mr Masayuki Uchiyama ၏ နည်းပညာသည် အမျှင်ဓာတ်ကို အခြေခံထားသည် ဖြစ်ပြီး ပိုမို ပျော့ပျောင်း အာနိသင်ဖြစ်စေသည်ဟုဆိုသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top