တန် ၃၀ နီးပါး လေးလံတဲ့ ဆူးတောင်ပါ ဝေလငါးကြီး သောင်တင်သေဆုံး

5.5.2023-yyl-15.jpg

ကမ္ဘာ့ဒုတိယအကြီးဆုံး သတ္တဝါမျိုးစိတ်ဖြစ်တဲ့ ဆူးတောင်ပါ ဝေလငါးအထီးကြီးတစ်ကောင်ဟာ ဗြိတိန်နိုင်ငံ ဘရစ်ဒလင်တန်တောင်ပိုင်းကမ်းခြေမှာ သောင်တင် သေဆုံးခဲ့ပါတယ်။ အဲဒီဝေလငါးကြီးဟာ ခန္ဓာကိုယ်အလေးချိန် တန် ၃၀ နီးပါးရှိပြီး ၅၅ ပေ ရှည်လျားပါတယ်။

ဝေလငါးကြီး သောင်တင်နေတာကို မေလ ၂ ရက်နေ့မှာ စတွေ့ခဲ့တာဖြစ်ပေမဲ့ ကြီးမားလေးလံလွန်းတဲ့အတွက် ရေထဲ ပြန်ပို့ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ပုံမှန်အားဖြင့် ဒီဒေသတစ်ဝိုက်မှာ ဆူးတောင်ပါ ဝေလငါးကြီးတွေကို တွေ့ရလေ့မရှိဘူးလို့ ဗြိတိန် ရေနေသတ္တဝါကယ်ဆယ်ရေးအဖွဲကက ဆိုပါတယ်။ အခုသေဆုံးခဲ့တဲ့ ဝေလငါးကြီးဟာ အစာရေစာ ပြတ်လပ်တာ သို့ ရောဂါဝေဒနာ စွဲကပ်ခံရတာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီဝေလငါးအသေကောင်ကြီးကို ဖယ်ရှားနိုင်ဖို့ အာဏာပိုင်တွေက နည်းလမ်းရှာဖွေနေဆဲပါ။ ကမ္ဘာပေါ်မှာ ဆူးတောင်ပါ ဝေလငါး အကောင် ၁၀၀၀၀ ဝန်းကျင်ရှိပြီး သူတို့ဟာ ခန္ဓာကိုယ်အလေးချိန် ၇၄ တန်၊ အလျား ၈၅ ပေအထိ ကြီးထွားလာနိုင်စွမ်း ရှိပါတယ်။

Ref: ‘Challenging operation’ to remove fin whale from beach where it died

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top