မီးလျှံကြားက အချစ်

f1.gif

ကားမီးလောင်နေချိန်မှာ ဇနီးသည်ကို ကားထဲကတွန်းထုတ်ပြီး ကိုယ်တိုင်မီးလောင်ခံရလို့ သေဆုံးသွားခဲ့တဲ့အမျိုးသားရဲ့ချစ်ခြင်းမေတ္တာနဲ့ ရဲရင့်မှုကို အွန်လိုင်းအသုံးပြုသူတွေက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ဧပြီ (၂၂) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က တရုတ်နိုင်ငံ၊ ကျင်းဆုခရိုင်၊ ယီရှင်းမြို့အနီးက အဝေးပြေးလမ်းပေါ်မှာ ဘတ်စ်ကားတစ်စီးနဲ့ မီနီဗန်တစ်စီး တိုက်မိခဲ့ပြီး မီနီဗန်ကားက မီးလောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗန်ကားထဲက အမျိုးသားဟာ သူ့မိန်းမ ဘေးကင်းစေဖို့ ကားထဲက တွန်းထုတ်ခဲ့ပြီး ကိုယ်တိုင် ကားထဲကမထွက်နိုင်တာကြောင့် မီးလောင်ခံရလို့သေဆုံးသွားခဲ့ပါတယ်။

”ကိုယ်ချစ်တဲ့သူတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံတာ အချစ်စစ်ပါ ” လို့ အွန်လိုင်းအသုံးပြုသူတစ်ဦးက ချီးကျူးခဲ့ပြီး အခြားတစ်ဦးကတော့ ”မှတ်ချက်ပေးဖို့ စာရိုက်နေချိန်မှာ ကျွန်တော် ငိုနေမိပါတယ်။ သူ့အနေနဲ့ ငြိမ်းချမ်းရာ နေရာမှာ နားခိုခွင့်ရပါစေ။ သူ့မိန်းမလည်း ယောကျာ်းဖြစ်သူရဲ့ ရဲရင့်မှုကြောင့် သက်သောင့်သက်သာရှိပါစေလို့ မျှော်လင့်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top