YouTube ကနေ လေ့လာခဲ့တဲ့ ဖိလစ်ပိုင်လူငယ်ရဲ့ အံ့အားသင့်ဖွယ် ပုံတူပန်းချီကားများ

5-10-2022-yyl12.jpg

ဖိလစ်ပိုင် လူငယ်ပန်းချီဆရာ ရေးဆွဲထားတဲ့ ပုံတူပန်းချီကားတွေက အံ့အားသင့်စရာပါ။ ငယ်ငယ်ကတော့ သူ့အဖေက သူ့ကို အခြေခံပန်းချီပညာ သင်ပေးတယ်။ ဒါပေမဲ့ သူ့သားကို ပန်းချီဆရာအဖြစ် အသက်မမွေးစေချင်ဘူး။

အီမယ်အက်စပီရီတူက ကောလိပ်မှာ ငါးလုပ်ငန်းပညာရပ် သင်တယ်။ ဒါပေမဲ့ သူက စိတ်မဝင်စားဘူး။ ပန်းချီဆွဲတာကိုပဲ စိတ်အားထက်သန်နေသူ။ ပန်းချီဆွဲတဲ့ ပစ္စည်းတွေဝယ်ဖို့ သူက ဆားပေါင်မုန့် လိုက်ရောင်းတယ်၊ ပစ္စည်းလိုက်ပို့တယ်၊ YouTube ပေါ်က hyperrealistic (ဟိုက်ပါရီယယ်လစ်)ရေးဆွဲနည်း ဗီဒီယိုတွေကြည့်ရင်း ပုံတွေ ဆွဲတယ်။

ဓာတ်ပုံအလား ထင်မှတ်မှားစေတဲ့ သူ့ရဲ့ပုံတူပန်းချီကားတွေက အသက်ဝင်လွန်းလို့ လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်လာပြီး သတင်းဝက်ဘ်ဆိုက်တွေ၊ ရုပ်သံလိုင်းတွေက သူ့အကြောင်း ဖော်ပြလာကြတယ်။ အခုထိ သူ ဆွဲပြီးတဲ့ ပုံတူပန်းချီကား ၃၀ ကျော် ရှိနေပါပြီ။

အထူးသဖြင့်တော့ အရေးအကြောင်းတွေ ထင်နေပြီး ပါးရေနားရေ တွန့်နေတဲ့ သက်ကြီးရွယ်အိုတွေရဲ့ပုံတူပန်းချီကားတွေ ရေးဆွဲရတာကို သူ စိတ်အားထက်သန်မှု အရှိဆုံးပါပဲ။

Ref: Self-taught artist Emel Espiritu

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top